Pages

Thursday, November 14, 2013

ဖိလစ်ပိုင်တွင် ကယ်ဆယ်ထောက်ပံ့ရေး ဆောင်ရွက်မည့် USS George Washington

Photo: ဖိလစ်ပိုင်တွင် ကယ်ဆယ်ထောက်ပံ့ရေး ဆောင်ရွက်မည့် USS George Washington
Thursday, November 14, 2013

အိမ်ဖြူတော်က Haiyan တိုင်ဖွန်းကြီးကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ခံစားခဲ့ရသည့် အရှေ့တောင်အာရှ နိုင်ငံသို့ ဦးတည်နေသည့် သင်္ဘောကြီးသည် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး ကဏ္ဍကို ဦးစားပေး လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းထောက်များအား အသိပေး ပြောကြား

အမေရိကန် ရေတပ်မှ လေယာဉ်တင် သင်္ဘောကြီး USS George Washingtonသည် တိုင်ဖွန်းဒဏ်ခံ ဖိလစ်ပိုင် နိုင်ငံတွင် ကယ်ဆယ်ရေး လုပ်ငန်းများ၌ အားဖြည့် ဆောင်ရွက်သွားမည်ဟု သိရှိရသည်။ အိမ်ဖြူတော်က Haiyan တိုင်ဖွန်းကြီးကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ခံစားခဲ့ရသည့် အရှေ့တောင်အာရှ နိုင်ငံသို့ ဦးတည်နေသည့် သင်္ဘောကြီးသည် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး ကဏ္ဍကို ဦးစားပေး လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းထောက်များအား အသိပေး ပြောကြားခဲ့သည်။ ကမ္ဘာပေါ်တွင် အင်အားအပြင်းဆုံး မုန်တိုင်းကြီး တစ်ခုအဖြစ် သတ်မှတ်ခဲ့သော Haiyanကြောင့် အသေအပျောက် ပမာဏသည် တရားဝင် (၂၅၀၀) ကျော်လာပြီဖြစ်ပြီး ယင်းထက် သိသိသာသာ မြင့်တက်လာဦးမည်ဟု ဖိလစ်ပိုင် အာဏာပိုင်များက ယူဆထားသည်။

မုန်တိုင်းဒဏ်ကို လူပေါင်း(၁၁)သန်းကျော် သက်ရောက် ခံစားခဲ့ရသည်။ USS George Washingtonသည် ကြာသပတေးနေ့ ညနေပိုင်းတွင် ဖိလစ်ပိုင်သို့ ဆိုက်ရောက်နိုင်မည်ဟု မျှော်လင့်ထားပြီး ၎င်းနှင့်အတူ အခြံအရံ ဖျက်သင်္ဘော နှစ်စင်းပါ လိုက်ပါလာကြောင်း သိရသည်။ သင်္ဘောပေါ်တွင် ရဟတ်ယာဉ် အများအပြား အဆင်းအတက် ပြုလုပ်ကာ မုန်တိုင်းသင့် ဒေသများသို့ ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့သွားရန် စီစဉ်ထားကြောင်း အမေရိကန်ရေတပ်မှ ဗိုလ်ကြီးတစ်ဦးက ပြောဆိုခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် အမေရိကန်က USNS Mercy ဆေးရုံသင်္ဘောကို ဖိလစ်ပိုင်သို့ စေလွှတ်နိုင်ရန် စီစဉ်ထားကြောင်း ကြေညာခဲ့သော်လည်း ဒီဇင်ဘာလထိ ဖိလစ်ပိုင်သို့ ရောက်လာနိုင်ဖွယ် မရှိသေးဟု ဆိုသည်။

အမေရိကန် ရေတပ်နှင့် မရိန်းတပ်ဖွဲ့များသည်လည်း ဖိလစ်ပိုင်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်သည်။ အမေရိကန်၏ မဟာမိတ် ဗြိတိန်နိုင်ငံကလည်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့်အတူ တော်ဝင်ရေတပ် တိုက်သင်္ဘော တစ်စင်းနှင့် တော်ဝင်လေတပ်၏ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းကို စေလွှတ်ပေးခဲ့သည်။ ဂျပန်အနေဖြင့်လည်း ၎င်းတို့၏ စစ်သည်(၁၀၀၀)နှင့် ရေတပ်သင်္ဘောများ၊ လေယာဉ်တစ်စင်းတို့ကို ဖိလစ်ပိုင်ထံ လွှတ်ပေးရန် အသင့်ပြင်ထားကြောင်း ကာကွယ်ရေးဝန်ကြီး အစ်ဆူနိုရီ အိုနိုဒီရာက ပြောကြားသွားခဲ့သည်။

Planet Myanmar Network

RangonNewsDaily:: November . 14 .2013
အမေရိကန် ရေတပ်မှ လေယာဉ်တင် သင်္ဘောကြီး USS George Washingtonသည် တိုင်ဖွန်းဒဏ်ခံ ဖိလစ်ပိုင် နိုင်ငံတွင် ကယ်ဆယ်ရေး လုပ်ငန်းများ၌ အားဖြည့် ဆောင်ရွက်သွားမည်ဟု သိရှိရသည်။ အိမ်ဖြူတော်က Haiyan တိုင်ဖွန်းကြီးကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ခံစားခဲ့ရသည့် အရှေ့တောင်အာရှ နိုင်ငံသို့ ဦးတည်နေသည့် သင်္ဘောကြီးသည် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး ကဏ္ဍကို ဦးစားပေး လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းထောက်များအား အသိပေး ပြောကြားခဲ့သည်။ 
 
ကမ္ဘာပေါ်တွင် အင်အားအပြင်းဆုံး မုန်တိုင်းကြီး တစ်ခုအဖြစ် သတ်မှတ်ခဲ့သော Haiyanကြောင့် အသေအပျောက် ပမာဏသည် တရားဝင် (၂၅၀၀) ကျော်လာပြီဖြစ်ပြီး ယင်းထက် သိသိသာသာ မြင့်တက်လာဦးမည်ဟု ဖိလစ်ပိုင် အာဏာပိုင်များက ယူဆထားသည်။

မုန်တိုင်းဒဏ်ကို လူပေါင်း(၁၁)သန်းကျော် သက်ရောက် ခံစားခဲ့ရသည်။ USS George Washingtonသည် ကြာသပတေးနေ့ ညနေပိုင်းတွင် ဖိလစ်ပိုင်သို့ ဆိုက်ရောက်နိုင်မည်ဟု မျှော်လင့်ထားပြီး ၎င်းနှင့်အတူ အခြံအရံ ဖျက်သင်္ဘော နှစ်စင်းပါ လိုက်ပါလာကြောင်း သိရသည်။ 
 
သင်္ဘောပေါ်တွင် ရဟတ်ယာဉ် အများအပြား အဆင်းအတက် ပြုလုပ်ကာ မုန်တိုင်းသင့် ဒေသများသို့ ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့သွားရန် စီစဉ်ထားကြောင်း အမေရိကန်ရေတပ်မှ ဗိုလ်ကြီးတစ်ဦးက ပြောဆိုခဲ့သည်။
 
ဗုဒ္ဓဟူးနေ့တွင် အမေရိကန်က USNS Mercy ဆေးရုံသင်္ဘောကို ဖိလစ်ပိုင်သို့ စေလွှတ်နိုင်ရန် စီစဉ်ထားကြောင်း ကြေညာခဲ့သော်လည်း ဒီဇင်ဘာလထိ ဖိလစ်ပိုင်သို့ ရောက်လာနိုင်ဖွယ် မရှိသေးဟု ဆိုသည်။

အမေရိကန် ရေတပ်နှင့် မရိန်းတပ်ဖွဲ့များသည်လည်း ဖိလစ်ပိုင်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်သည်။ အမေရိကန်၏ မဟာမိတ် ဗြိတိန်နိုင်ငံကလည်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့်အတူ တော်ဝင်ရေတပ် တိုက်သင်္ဘော တစ်စင်းနှင့် တော်ဝင်လေတပ်၏ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းကို စေလွှတ်ပေးခဲ့သည်။ 
 
ဂျပန်အနေဖြင့်လည်း ၎င်းတို့၏ စစ်သည်(၁၀၀၀)နှင့် ရေတပ်သင်္ဘောများ၊ လေယာဉ်တစ်စင်းတို့ကို ဖိလစ်ပိုင်ထံ လွှတ်ပေးရန် အသင့်ပြင်ထားကြောင်း ကာကွယ်ရေးဝန်ကြီး အစ်ဆူနိုရီ အိုနိုဒီရာက ပြောကြားသွားခဲ့သည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment