Pages

Thursday, November 14, 2013

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စားလှယ်များ နေပြည်တော်သို့ ရောက်ရှိ

RangonNewsDaily:: November . 14 .2013
အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) အထွေထွေ အတွင်းရေးမှူး Ekmeleddin Ihsanoglu ဦးဆောင်သည့် အဖွဲ့ဝင် ၁၁ ဦးပါ (OIC) ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက နေပြည်တော်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
 နိုင်ငံတကာ သတင်းမီဒီယာများတွင် ဖော်ပြခဲ့ရာ၌ OIC အဖွဲ့သည် နေပြည်တော်၌ အစိုးရ အရာရှိများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက် သောကြာနေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သွားရောက်ကာ ဘင်္ဂါလီများ၏ အခြေအနေနှင့် ပတ်သက်၍ သွားရောက် လေ့လာကြမည်ဟု ဖော်ပြခဲ့သည်။

ထို့ပြင် OIC ကိုယ်စားလှယ် အဖွဲ့သည် စနေနေ့တွင် မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်ပြီး တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည်ဟုလည်း ဖော်ပြခဲ့သည်။
::
OIC ခရီးစဉ်နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်သို့ ဆက်သွယ် မေးမြန်းခဲ့ရာတွင် OIC ယနေ့ ရောက်ရှိမည်ဖြစ်ကြောင်း ပြန်ကြားခဲ့ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေး ဗဟို ကော်မတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း၊

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လေ့လာမည် ဖြစ်သလို နှစ်ဖက် လူ့အဖွဲ့အစည်း ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း ပြန်ကြားခဲ့သည်။
::
OIC ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန် ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က နိုဝင်ဘာ ၁၂ ရက်တွင် The Daily Eleven သို့ ပြောကြားခဲ့သည်။ "နိုင်ငံတော် သမ္မတနဲ့ တွေ့ဆုံရန် အစီအစဉ်မရှိပါဘူး။

ဒီခရီးစဉ်ဟာ OIC ရုံးဖွင့်ရေးနဲ့လည်း မဆိုင်ပါဘူး။ အဓိကက ရခိုင်ပြည်နယ် ပဋိပက္ခဖြေရှင်းရေး၊ ပြန်လည် ထူထောင်ရေး အခြေအနေများကို လေ့လာနိုင်ဖို့သာ ဖြစ်ပါတယ်။ နောက်ပြီး အစ္စလာမ် ဘာသာဝင်များနဲ့သာ တွေ့ဆုံမှာ မဟုတ်ပါဘူး။
::
ရခိုင် တိုင်းရင်းသားများနဲ့လည်း တွေ့ဆုံပြီး အဓိကက ရခိုင်ပြည်နယ် ပဋိပက္ခ ဖြေရှင်းရေး၊ ပြန်လည် ထူထောင်ရေး အခြေအနေများကို လေ့လာနိုင်ဖို့သာ ဖြစ်ပါတယ်" ဟု ဦးရဲထွဋ်က ဆိုသည်။ ဦးရဲထွဋ်သည် ယခင်က OIC အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ပြီး ကြားဝင် ဖျန်ဖြေပေးရန် မလိုအပ်ဟု ပြောဆိုခဲ့ဖူးသူ ဖြစ်သည်။

OIC သည် အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်သည့် နိုင်ငံတကာ အစ္စလာမ်မစ် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂပြီးလျှင် ဒုတိယအကြီးဆုံး နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

၁၉၆၉ ခုနှစ် စက်တင်ဘာ ၂၅ ရက် တွင် Organization of Islamic Conference အဖြစ် စတင်တည်ထောင်ခဲ့ပြီး အဓိက ရည်ရွယ်ချက်မှာ အစ္စလာမ်မစ်များ၏ လူမှုရေးနှင့် အကျိုးစီးပွားများကို ကာကွယ် ထိန်းသိမ်းပေးရန် ဖြစ်သည်။
::
OIC သည် အစ္စလာမ်မစ် နိုင်ငံများအကြား စည်းလုံးညီညွတ်ရေးကို မြှင့်တင်၍ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ရည်ရွယ်သည့် အဖွဲ့အစည်း တစ်ခုလည်းဖြစ်သည်။

ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေညာ စာတမ်းကို လက်ခံခြင်းမရှိဘဲ ၁၉၉၀ ပြည့်နှစ် သြဂုတ် ၅ ရက်တွင် ရှရီယာဥပဒေနှင့်အညီ ကိုင်ရို လူ့အခွင့်အရေး ကြေညာစာတမ်းကို ထုတ်ပြန်၍ လိုက်နာ ကျင့်သုံးခဲ့သည်။

Eleven Media ::-- kolatt(PBDN)
RangonNewsDaily




0 comments:

Post a Comment