Pages

Thursday, November 14, 2013

ကြံ့ခိုင်ရေးအမတ် အောက်လွှတ်တော်၌ ရုတ်တရက်ကွယ်လွန်

RangonNewsDaily:: November . 14 .2013
(နေပြည်တော်) ရန်ကုန်မြို့ ပန်းပဲတန်းမဲဆန္ဒနယ်မှ ကြံ့ခိုင်ရေးပါတီဝင် အောက်လွှတ်တော်အမတ် ဦးအောင်ဆန်းသည် အောက်လွှတ်တော်တွင် အားကစားနှင့် ပတ်သက်သည့် မေးခွန်းတစ်ခု မေးမြန်းအပြီး လွှတ်တော်ခေတ္တနားချိန်၌ ရုတ်တရက်မူးလဲသဖြင့် နေပြည်တော် ကုတင် ၁၀၀၀ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
"ဝိုင်းဝန်းပြုစုသည့်ကြးက အသက်မကယ်နိုင်ဘဲ သေဆုံး "ဟု သီပေါမြို့နယ် အောက်လွှတ်တော်အမတ် ဦးရဲထွန်းက သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
::
ဦးအောင်ဆန်းသည် ဝဏ္ဏသိဒ္ဓိအားကစားရုံတွင် သြဂုတ်လက ဖြစ်ပွားခဲ့သော အပြုအမူများ ဆီးဂိမ်းကာလတွင် မဖြစ်ပွားစေရန် လုံခြုံရေးဆောင်ရွက်မှုအခြေအနေကို မေးမြန်းအပြီး လွှတ်တော်ခေတ္တနားရန် ကြေငြာချိန် မွန်းလွဲ ၁နာရီခွဲခန့်က သတိလစ်မေ့မျောသွားခဲ့ပြီး ဆေးရုံ$ သေဆုံးခဲ့ခြင်းဖြစ်သည်။

အသေးစိတ်ကိုမူ မဇ္ဈိမက စုံစမ်းမေးမြန်းဆဲဖြစ်သည်။

မဇ္ဈိမသတင်း ::--kolatt(PBDN)
RangonNewsDaily



See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment