Pages

Thursday, November 14, 2013

မေသန်းနု နဲ့ တစ်ခဏတာ

Photo: မေသန်းနု နဲ့ တစ်ခဏတာ
Thursday, November 14, 2013

ခုလို တိုးတက်လာတဲ့ ခေတ်ကြီး မှာ Wedding Planner တွေ များပြားလာတာ နဲ့ပတ်သက်ပြီး မဆင့်ရဲ့အမြင် နဲ့ အကြံပေးမှုလေး တွေ သိပါရစေ။

လူ တစ်ယောက် နဲ့ တစ်ယောက် က idea မတူကြတော့ စီစဉ်တဲ့သူ များလေ သမားရိုးကျ မဟုတ်တော့ဘဲ ခေတ် နဲ့ အညီ ဆန်းသစ်မှုတွေ တိုးပွား လာလေ ဖြစ် တာပေါ့နော်။ ဒီလို idea ဆန်းသစ်လာတဲ့ တိုးတက်မှုလေးတွေ ကို မဆင့်က တော့ ကြိုဆို ပါတယ်။

Make Up ဆရာတွေ ပေါများ လာတာနဲ့အမျှ ကမ္ဘာပေါ်မှာ အလှအပတွေ တိုးတက် လာတယ်လို့ သတ်မှတ်လို့ရလား။

ဟို အရင်ခေတ်က ဆိုရင် အနုပညာလောက မှာရော၊ မင်္ဂလာ ဆောင်မှာပါ မိတ်ကပ်ဆရာ သိသိ သာသာကြီးကို နည်းတယ်။ မဆင့်တို့ မင်းသမီး ဖြစ်တုန်းက ဆိုရင် လည်း မိတ်ကပ် ဆရာ တော်တော်နည်းတယ်။ လက်ချိုး တွက်လို့ တောင်ရတယ်။ အခု တိုးတက်လာတဲ့ ခေတ်ကြီးမှာ ရွေးချယ်စရာတွေ များလာတယ်။ နယ်ထွက်ရ တဲ့ shooting တွေ မှာ မိတ်ကပ် ဆရာကြီးတွေ မလိုက်နိုင်တဲ့ အခါ သူတို့ရဲ့ တပည့်တွေကို ထည့်ပေး၊ အလုပ်ပေးရတဲ့ အထိ တိုးတက်လာ တဲ့ ဒီခေတ်ကြီးမှာ အနုပညာ ကို စိတ်ဝင်စားတဲ့ အမျိုးသား၊ အမျိုးသမီး တွေကလည်း များလာကြတယ်လေ။ မိတ်ကပ် ပညာတွေ တိုးတက်လာတဲ့ အတွက် မဆင့်ကတော့ ဝမ်းသာပါ တယ်။

အလှအပ အတွက် ခွဲစိတ်ပြုပြင် တာကို ဘယ်လိုမြင်ပါသလဲ။

ပြောရရင် ဒီလို ခွဲစိတ်ပြုပြင်လို့ ရတဲ့ အတွက် အလှအပနဲ့ ပတ်သက်ပြီး စိတ်ချမ်းသာမှုတွေ များပြား လာတာကို တွေ့ရမှာပါ။ အရင်က ဆိုရင် အလှ အပ အတွက် ခွဲစိတ်ဖို့ ကို စင်ကာပူ၊ ကိုရီးယား၊ အမေရိကား၊ ဂျပန်ကို သွားပြီး ပြုလုပ်ကြရတယ်။ ခုဆိုရင် အဲဒီကို သွားစရာ မလိုဘဲ စက်ပစ္စည်း ကိရိယာတွေ၊ နည်းပညာတွေနဲ့ ကိုယ့် မြန်မာနိုင်ငံ မှာတင် ခွဲစိတ် ကုသလို့ရတဲ့ ဆေးရုံကြီးတွေ၊ ဆရာဝန်ကြီးတွေ ရှိလာတာဟာ အင်မတန် ကောင်း ပါတယ်။

Photo Studio တွေ ပေါများ လာတာလေးနဲ့ ပတ်သက် ပြီး မဆင့်ရဲ့ အမြင်လေးနဲ့ အကြံပေးမှုလေး သိချင် ပါတယ်။

အရင်တုန်းက ဆိုရင် Design တစ်ခုရဖို့ မလွယ်ဘူး။ ဓာတ်ပုံ ရိုက်ရင် Background အမည်းနဲ့ အလင်း တစ်ခုပေးပြီး လူရုပ်လှအောင်ပဲ ရိုက်ကြရတယ်။ ရှုခင်း Background တွေ ဘာတွေ မရှိဘူး။ ရှုခင်းနောက်ခံ လိုချင်ရင် နယ်ထွက်ရိုက် ရတာမျိုးပဲ ရှိတယ်။ ဒီခေတ်ကြီးမှာ ဓာတ်ပုံ ဆရာတွေ ကိုယ်တိုင်က ကိုယ့် Studio နဲ့ ကိုယ် ရိုက်လာကြတယ်။ စက်ပစ္စည်း ကိရိယာတွေရော၊ နည်းပညာနဲ့ပါ ပေါင်းပြီး Idea ကလည်း ဆန်းသစ် တီထွင်နိုင်လာကြတယ်။ Indoor ရိုက် ပြီး Outdoor ဖြစ် ချင်တယ်ဆို Background လေး ကပ်လိုက်ရုံပဲ ဆိုတော့ ဓာတ်ပုံလည်း ပိုလှတာပေါ့။

ကိုယ်တိုင်လည်း ဒီလို အလှအပနဲ့ ပတ်သက်ပြီး ဆိုင်ဖွင့်ထားတာ ဆိုတော့ အလှအပ နဲ့ ပတ်သက်ပြီး တိုးတက် လာတာ နဲ့ စီးပွားရေးက ဘယ်လို ပတ်သက်ပြီး ဘယ်လို အကျိုးသက် ရောက်မှု ရှိနေတယ်လို့ မဆင့်ရဲ့ ထင်မြင်ချက်လေးကို ပြောပြပေးပါ ဦး။

မဆင့်က ဒီအလုပ်ကို ဝါသနာ အခံလည်း ရှိ အလုပ်အခံကလည်း ရှိတော့ ရှိရင်းစွဲ ပညာလေးနဲ့ ဆိုင်လေး ဖွင့်မယ် ဆိုပြီး မိန်းကလေးတွေ နဲ့ လိုက်ဖက်တဲ့ အလုပ်မျိုး မို့ ရွေးချယ် လုပ်ဖြစ် သွားတာပါ။ ပြီးတော့ အနုပညာနဲ့ ကလည်း ပတ်သက်၊ အိုးမကွာ အိမ်မကွာ လည်း လုပ်ရတယ်။ စီးပွားရေး အတွက် လည်း တစ်ဖက် တစ်လမ်း ဖြစ် တယ်။ ပုံမှန် ဝင်ငွေလေးလည်း ရတယ်။ လောဘလည်း နည်းတယ်။ တည်တည်ငြိမ်ငြိမ်လေး နဲ့ လူမြင်လို့လည်း တင့်တယ်တယ်လေ။ အနီးနား ပတ်ဝန်းကျင် က အပေါင်း အသင်းတွေ၊ ကိုယ့်ရဲ့မိတ်ဆွေ အပေါင်းအသင်း တွေကလည်း အားပေးနေတော့ ကိုယ့် အတွက်လည်း စိတ်ချမ်းသာ ရတာပေါ့နော်။ ဒီလို အလှအပ နဲ့ ပတ် သက်တဲ့ ဆိုင်လေးတွေ များလာတာ ဟာ ကမ္ဘာပေါ်မှာ အလှတရားတွေ များလာတာဟာ အများကြီး ဝမ်းသာ စရာကောင်းပါတယ် လို့ မဆင့်ပြောချင် ပါတယ်။

မိုးသောက်ကြယ်
ရတီ

RangonNewsDaily:: November . 14 .2013
ခုလို တိုးတက်လာတဲ့ ခေတ်ကြီး မှာ Wedding Planner တွေ များပြားလာတာ နဲ့ပတ်သက်ပြီး မဆင့်ရဲ့အမြင် နဲ့ အကြံပေးမှုလေး တွေ သိပါရစေ။ လူ တစ်ယောက် နဲ့ တစ်ယောက် က idea မတူကြတော့ စီစဉ်တဲ့သူ များလေ သမားရိုးကျ မဟုတ်တော့ဘဲ ခေတ် နဲ့ အညီ ဆန်းသစ်မှုတွေ တိုးပွား လာလေ ဖြစ် တာပေါ့နော်။ ဒီလို idea ဆန်းသစ်လာတဲ့ တိုးတက်မှုလေးတွေ ကို မဆင့်က တော့ ကြိုဆို ပါတယ်။

Make Up ဆရာတွေ ပေါများ လာတာနဲ့အမျှ ကမ္ဘာပေါ်မှာ အလှအပတွေ တိုးတက် လာတယ်လို့ သတ်မှတ်လို့ရလား။

ဟို အရင်ခေတ်က ဆိုရင် အနုပညာလောက မှာရော၊ မင်္ဂလာ ဆောင်မှာပါ မိတ်ကပ်ဆရာ သိသိ သာသာကြီးကို နည်းတယ်။ မဆင့်တို့ မင်းသမီး ဖြစ်တုန်းက ဆိုရင် လည်း မိတ်ကပ် ဆရာ တော်တော်နည်းတယ်။ လက်ချိုး တွက်လို့ တောင်ရတယ်။ အခု တိုးတက်လာတဲ့ ခေတ်ကြီးမှာ ရွေးချယ်စရာတွေ များလာတယ်။ နယ်ထွက်ရ တဲ့ shooting တွေ မှာ မိတ်ကပ် ဆရာကြီးတွေ မလိုက်နိုင်တဲ့ အခါ သူတို့ရဲ့ တပည့်တွေကို ထည့်ပေး၊ အလုပ်ပေးရတဲ့ အထိ တိုးတက်လာ တဲ့ ဒီခေတ်ကြီးမှာ အနုပညာ ကို စိတ်ဝင်စားတဲ့ အမျိုးသား၊ အမျိုးသမီး တွေကလည်း များလာကြတယ်လေ။ မိတ်ကပ် ပညာတွေ တိုးတက်လာတဲ့ အတွက် မဆင့်ကတော့ ဝမ်းသာပါ တယ်။

အလှအပ အတွက် ခွဲစိတ်ပြုပြင် တာကို ဘယ်လိုမြင်ပါသလဲ။

ပြောရရင် ဒီလို ခွဲစိတ်ပြုပြင်လို့ ရတဲ့ အတွက် အလှအပနဲ့ ပတ်သက်ပြီး စိတ်ချမ်းသာမှုတွေ များပြား လာတာကို တွေ့ရမှာပါ။ အရင်က ဆိုရင် အလှ အပ အတွက် ခွဲစိတ်ဖို့ ကို စင်ကာပူ၊ ကိုရီးယား၊ အမေရိကား၊ ဂျပန်ကို သွားပြီး ပြုလုပ်ကြရတယ်။ ခုဆိုရင် အဲဒီကို သွားစရာ မလိုဘဲ စက်ပစ္စည်း ကိရိယာတွေ၊ နည်းပညာတွေနဲ့ ကိုယ့် မြန်မာနိုင်ငံ မှာတင် ခွဲစိတ် ကုသလို့ရတဲ့ ဆေးရုံကြီးတွေ၊ ဆရာဝန်ကြီးတွေ ရှိလာတာဟာ အင်မတန် ကောင်း ပါတယ်။

Photo Studio တွေ ပေါများ လာတာလေးနဲ့ ပတ်သက် ပြီး မဆင့်ရဲ့ အမြင်လေးနဲ့ အကြံပေးမှုလေး သိချင် ပါတယ်။

အရင်တုန်းက ဆိုရင် Design တစ်ခုရဖို့ မလွယ်ဘူး။ ဓာတ်ပုံ ရိုက်ရင် Background အမည်းနဲ့ အလင်း တစ်ခုပေးပြီး လူရုပ်လှအောင်ပဲ ရိုက်ကြရတယ်။ ရှုခင်း Background တွေ ဘာတွေ မရှိဘူး။ ရှုခင်းနောက်ခံ လိုချင်ရင် နယ်ထွက်ရိုက် ရတာမျိုးပဲ ရှိတယ်။ ဒီခေတ်ကြီးမှာ ဓာတ်ပုံ ဆရာတွေ ကိုယ်တိုင်က ကိုယ့် Studio နဲ့ ကိုယ် ရိုက်လာကြတယ်။ စက်ပစ္စည်း ကိရိယာတွေရော၊ နည်းပညာနဲ့ပါ ပေါင်းပြီး Idea ကလည်း ဆန်းသစ် တီထွင်နိုင်လာကြတယ်။ Indoor ရိုက် ပြီး Outdoor ဖြစ် ချင်တယ်ဆို Background လေး ကပ်လိုက်ရုံပဲ ဆိုတော့ ဓာတ်ပုံလည်း ပိုလှတာပေါ့။

ကိုယ်တိုင်လည်း ဒီလို အလှအပနဲ့ ပတ်သက်ပြီး ဆိုင်ဖွင့်ထားတာ ဆိုတော့ အလှအပ နဲ့ ပတ်သက်ပြီး တိုးတက် လာတာ နဲ့ စီးပွားရေးက ဘယ်လို ပတ်သက်ပြီး ဘယ်လို အကျိုးသက် ရောက်မှု ရှိနေတယ်လို့ မဆင့်ရဲ့ ထင်မြင်ချက်လေးကို ပြောပြပေးပါ ဦး။

မဆင့်က ဒီအလုပ်ကို ဝါသနာ အခံလည်း ရှိ အလုပ်အခံကလည်း ရှိတော့ ရှိရင်းစွဲ ပညာလေးနဲ့ ဆိုင်လေး ဖွင့်မယ် ဆိုပြီး မိန်းကလေးတွေ နဲ့ လိုက်ဖက်တဲ့ အလုပ်မျိုး မို့ ရွေးချယ် လုပ်ဖြစ် သွားတာပါ။ ပြီးတော့ အနုပညာနဲ့ ကလည်း ပတ်သက်၊ အိုးမကွာ အိမ်မကွာ လည်း လုပ်ရတယ်။ 
 
စီးပွားရေး အတွက် လည်း တစ်ဖက် တစ်လမ်း ဖြစ် တယ်။ ပုံမှန် ဝင်ငွေလေးလည်း ရတယ်။ လောဘလည်း နည်းတယ်။ တည်တည်ငြိမ်ငြိမ်လေး နဲ့ လူမြင်လို့လည်း တင့်တယ်တယ်လေ။ အနီးနား ပတ်ဝန်းကျင် က အပေါင်း အသင်းတွေ၊ ကိုယ့်ရဲ့မိတ်ဆွေ အပေါင်းအသင်း တွေကလည်း အားပေးနေတော့ ကိုယ့် အတွက်လည်း စိတ်ချမ်းသာ ရတာပေါ့နော်။ ဒီလို အလှအပ နဲ့ ပတ် သက်တဲ့ ဆိုင်လေးတွေ များလာတာ ဟာ ကမ္ဘာပေါ်မှာ အလှတရားတွေ များလာတာဟာ အများကြီး ဝမ်းသာ စရာကောင်းပါတယ် လို့ မဆင့်ပြောချင် ပါတယ်။

မိုးသောက်ကြယ်
ရတီ , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment