Pages

Thursday, November 14, 2013

အငြင်းပွားစရာ ပြဿနာများတွင် ဗီဒီယို အဆုံးအဖြတ် ရယူရန် ဝက်စ်ဘရွန်းဝစ်ခ်ျ တောင်းဆိုလာ

Photo: အငြင်းပွားစရာ ပြဿနာများတွင် ဗီဒီယို အဆုံးအဖြတ် ရယူရန် ဝက်စ်ဘရွန်းဝစ်ခ်ျ တောင်းဆိုလာ
Thursday, November 14, 2013	

ချယ်လ်ဆီးအသင်း ကွင်းလယ်လူ ရာမီရက်စ်၏ ဒိုင်ဗင်ထိုးမှု စွပ်စွဲခံရသည့် အခြေအနေများအပြီး ဝက်စ်ဘရန်းဝစ်ခ်ျ အသင်းက ဗီဒီယိုဖြင့် အဆုံးအဖြတ် ခံယူသည့် နည်းပညာကို အသုံးပြုရန် တောင်းဆိုလာခဲ့သည်။

ဝက်စ်ဘရွန်းဝစ်ခ်ျသည် ချယ်လ်ဆီး၏ အိမ်ကွင်းတွင် (၂-၁)ဖြင့် အနိုင်ရနေပြီးမှ အပိုဆောင်းချိန် နောက်ဆုံးမိနစ်ပိုင်းတွင် ရာမီရက်စ်၏ အငြင်းပွားဖွယ် လဲကျမှုကြောင့် ပင်နယ်တီ ပေးခဲ့ရပြီး သရေ(၁)မှတ်သာ ရရှိခဲ့သည်။ အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟိုနှင့် ဝက်စ်ဘရွန်းဝစ်ခ်ျ ခံစစ်မှူး ယိုနက်စ် အော်လ်ဆန်တို့ပင် ပြဿနာ ဖြစ်ခဲ့သေးသည်။ ယခုအခါ ပရီးမီးယားလိဂ် ကလပ်အသင်း ရှယ်ယာပိုင်ရှင်များ အစည်းအဝေးတွင် အလားတူ အငြင်းပွားစရာ အခြေအနေများ မပေါ်ပေါက်ရန်အတွက် ဗီဒီယိုဖြင့် ဆုံးဖြတ်မှု ခံယူရေး ဖိအားပေး တောင်းဆိုရန် ဝက်စ်ဘရွန်းဝစ်ခ်ျက တင်ပြတိုက်တွန်းသွားမည် ဖြစ်သည်။

အသင်းဥက္ကဋ္ဌ ဂျရမီ ပိစ်သည် ယခုဖြစ်ရပ်တွင် ဒိုင်အဆုံးအဖြတ် အမှားကြောင့် မိမိ၏အသင်း နစ်နာခဲ့သည်ဟု လုံးဝဥဿုံ ယုံကြည်ထားကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားထားသည်။ ဝက်စ်ဘရွန်းဝစ်ခ်ျ အနေဖြင့် ဆောက်သမ်တန်၊ အာဆင်နယ်၊ စတုတ်ခ်စီးတီးတို့နှင့် ပွဲစဉ်များတွင်လည်း ဒိုင်အဆုံးအဖြတ် အားနည်းချက်များကြောင့် အတန်ငယ် ထိခိုက်မှုများ ရှိခဲ့ဖူးသော်လည်း ချယ်လ်ဆီးနှင့်ပွဲက အသိသာဆုံး ဖြစ်လာသည်။ ဝက်စ်ဘရွန်းဝစ်ခ်ျက အကယ်၍ ဒိုင်များသာ မှန်ကန်စွာ ဆုံးဖြတ်ချက် ချနိုင်ခဲ့လျှက် လက်ရှိထက် (၇)မှတ် ပိုရနေမည်ဟု ယုံကြည်ထားသည်။

ပိစ်သည် ယခုဖြစ်ရပ်နှင့် စပ်လျဉ်းပြီး ပရော်ဖက်ရှင်နယ် ဘောလုံးပွဲစဉ်နှင့် ဒိုင်များဌာန အကြီးအကဲ မိုက်ခ်ရီလေးနှင့် တွေ့ဆုံဆွေးနွေးရန်လည်း တောင်းဆိုထားကြောင်း သိရှိရသည်။

Soccer Myanmar

RangonNewsDaily:: November . 14 .2013
ချယ်လ်ဆီးအသင်း ကွင်းလယ်လူ ရာမီရက်စ်၏ ဒိုင်ဗင်ထိုးမှု စွပ်စွဲခံရသည့် အခြေအနေများအပြီး ဝက်စ်ဘရန်းဝစ်ခ်ျ အသင်းက ဗီဒီယိုဖြင့် အဆုံးအဖြတ် ခံယူသည့် နည်းပညာကို အသုံးပြုရန် တောင်းဆိုလာခဲ့သည်။ ဝက်စ်ဘရွန်းဝစ်ခ်ျသည် ချယ်လ်ဆီး၏ အိမ်ကွင်းတွင် (၂-၁)ဖြင့် အနိုင်ရနေပြီးမှ အပိုဆောင်းချိန် နောက်ဆုံးမိနစ်ပိုင်းတွင် ရာမီရက်စ်၏ အငြင်းပွားဖွယ် လဲကျမှုကြောင့် ပင်နယ်တီ ပေးခဲ့ရပြီး သရေ(၁)မှတ်သာ ရရှိခဲ့သည်။ 
 
အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟိုနှင့် ဝက်စ်ဘရွန်းဝစ်ခ်ျ ခံစစ်မှူး ယိုနက်စ် အော်လ်ဆန်တို့ပင် ပြဿနာ ဖြစ်ခဲ့သေးသည်။ ယခုအခါ ပရီးမီးယားလိဂ် ကလပ်အသင်း ရှယ်ယာပိုင်ရှင်များ အစည်းအဝေးတွင် အလားတူ အငြင်းပွားစရာ အခြေအနေများ မပေါ်ပေါက်ရန်အတွက် ဗီဒီယိုဖြင့် ဆုံးဖြတ်မှု ခံယူရေး ဖိအားပေး တောင်းဆိုရန် ဝက်စ်ဘရွန်းဝစ်ခ်ျက တင်ပြတိုက်တွန်းသွားမည် ဖြစ်သည်။

အသင်းဥက္ကဋ္ဌ ဂျရမီ ပိစ်သည် ယခုဖြစ်ရပ်တွင် ဒိုင်အဆုံးအဖြတ် အမှားကြောင့် မိမိ၏အသင်း နစ်နာခဲ့သည်ဟု လုံးဝဥဿုံ ယုံကြည်ထားကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားထားသည်။ 
 
ဝက်စ်ဘရွန်းဝစ်ခ်ျ အနေဖြင့် ဆောက်သမ်တန်၊ အာဆင်နယ်၊ စတုတ်ခ်စီးတီးတို့နှင့် ပွဲစဉ်များတွင်လည်း ဒိုင်အဆုံးအဖြတ် အားနည်းချက်များကြောင့် အတန်ငယ် ထိခိုက်မှုများ ရှိခဲ့ဖူးသော်လည်း ချယ်လ်ဆီးနှင့်ပွဲက အသိသာဆုံး ဖြစ်လာသည်။ 
 
ဝက်စ်ဘရွန်းဝစ်ခ်ျက အကယ်၍ ဒိုင်များသာ မှန်ကန်စွာ ဆုံးဖြတ်ချက် ချနိုင်ခဲ့လျှက် လက်ရှိထက် (၇)မှတ် ပိုရနေမည်ဟု ယုံကြည်ထားသည်။

ပိစ်သည် ယခုဖြစ်ရပ်နှင့် စပ်လျဉ်းပြီး ပရော်ဖက်ရှင်နယ် ဘောလုံးပွဲစဉ်နှင့် ဒိုင်များဌာန အကြီးအကဲ မိုက်ခ်ရီလေးနှင့် တွေ့ဆုံဆွေးနွေးရန်လည်း တောင်းဆိုထားကြောင်း သိရှိရသည်။

Soccer Myanmar ,kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment