Pages

Thursday, November 14, 2013

ဗြိတိန်သူလျှိုတစ်ဦးအား သေဆုံးလျက်တွေ့ရှိ

RangonNewsDaily:: November . 14 .2013
ဗြိတိန်သူလျှို့အဖွဲ့ MI6 မှ ၀န်ထမ်းတစ်ဦး၏ ပုပ်သိုးဆွေးမြေ့နေသော ရုပ်အလောင်းအား ရေချိုးဇလုံအနီး
သော့ခတ်ထားသည့် အိတ်အတွင်းတွင် တွေ့ရှိခဲ့ရပြီး ၎င်းမှာ မတော်တဆ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဗြိတိန် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အ၀တ်ဗလာဖြင့်သေဆုံးနေသည့် အဆိုပါဝန်ထမ်းမှာ MI6 ထောက်လှမ်းရေး အဖွဲ့တွင် စကားဝှက် သင်္ကေ
တများကို ဖော်ထုတ်ရသူအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဂါရက်ဝီလီယံဖြစ်မည်ဖြစ်ဟု ယူဆရပြီး စုံစမ်း
စစ်ဆေးမှုးများအရ လုပ်ငန်းနှင့်ပက်သက်၍ အသတ်ခံရခြင်းမဟုတ်ဘဲ မတော်တဆ သေဆုံးခဲ့ခြင်းသာ ဖြစ်
သည်ဟု ရဲတပ်ဖွဲ့၏ လက်ထောက် မဟာမင်းကြီး မာတင်ဟေးဝစ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

အသက် ၃၁-နှစ်အရွယ်ရှိပြီဖြစ်သည့်ဝီလီယံမှာMI6အဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည်မှာ ၃-နှစ်ကြာမြင့်

ခဲ့ပြီး နိုင်ငံရပ်ခြား သူလျှိုကိစ္စရပ်များအား လုပ်ဆောင် ရသူဖြစ်သည်။ ၀ီလီယံမှာ ယမန်နှစ်က သေဆုံးခဲ့ခြင်း
ဖြစ်ပြီး ယမန်နှစ်မေလက သေမှုသေခင်းအရာရှိမှ ၀ီလီယံမှာ အသတ်ခံရခြင်းဖြစ်နိုင်သည်ဟု ပြောကြားခဲ့
 သေးသည်။

သူ၏ ရုပ်အလောင်းအား MI6 အဖွဲ့ချုပ်အနီးတွင်ရှိသည့် သူ၏ နေအိမ်တွင် တွေ့ရှိခဲ့ရပြီး ခန္ဓာကိုယ်အား စစ်

ဆေးကြည့်ရာ အရက်၊ မူယစ်ဆေးနှင့် အဆိပ်တို့ကြောင့် သေဆုံးခြင်းမဟုတ်ကြောင်းတွေ့ရှိခဲ့ရပြီး၊ သေဆုံး
ခဲ့သည့် ရေချိုးခန်းအတွင်း သဲလွန်စများနှင့် အခြားသူများ၏ DNA ကိုလည်း တွေ့ရခြင်းမရှိဟုရဲတပ်ဖွဲ့က ပြန်
လည်၍ သတင်းထုန်ပြန်ခဲ့သည်။

Ref : Aljazeera , M-Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment