Pages

Thursday, November 14, 2013

ရန်ကုန် မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှု လျော့ပါး စေရန် ပုဂ္ဂလိက ပိုင် မီးစက် များ မကြာမီ ဖယ်ရှားမည်

RangonNewsDaily:: November . 14 .2013
ပုဂ္ဂလိကပိုင် မီးစက်များ အား လူသွား စင်္ကြံနှင့် လမ်းနယ်နိမိတ် တို့တွင် ချထား သုံးစွဲခွင့် ပြု ခဲ့ရာမှ မကြာမီ ဖယ်ရှား ရှင်းလင်း တော့မည် ဖြစ်၍ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန ( လမ်း နှင့် တံတား ) မှ သက်ဆိုင် သူများ အား နိုဝင်ဘာ ၁၁ ရက်က အသိပေး နှိုးဆော် ထားကြောင်း သိရ သည်။ ရန်ကုန် မြို့တော် စည်ပင် သာယာ ရေး ကော်မတီ သည် မြို့တော် နေပြည်သူ များ လျှပ်စစ် မီး သုံးစွဲမှု အဆင်ပြေစေ ရေး အတွက် လူ သွား စင်္ကြံများ၊ လမ်း ဧရိယာများ အတွင်း တွင် မီးစက် များ ချထားမှု အပေါ် နှစ်စဉ် ကြေး ကောက်ခံ ၍ ယာယီ ခွင့်ပြု ထားကြောင်း သိရ သည်။

လက်ရှိ အခြေ အနေ တွင် ရန်ကုန် မြို့တော် အတွင်း ယာဉ် စီးရေ တိုးတက် များပြား လာခြင်း၊ ယာဉ်ကြော ပိတ်ဆို့ မှုများ ဖြစ်ပေါ် လာခြင်း တို့ကြောင့် လူသွား စင်္ကြံ နှင့် လမ်းနယ်နိမိတ် အတွင်း မီးစက်များ အား ချထား ခွင့် မပြုသည့် အပြင် နှစ်စဉ်ကြေး ကောက်ခံမှု ကို ယာယီ ရပ်ဆိုင်း ထားခြင်း ဖြစ်သည်။

အများ ပြည်သူ အသုံးပြု ရန် အတွက် လမ်း တိုးချဲ့ခြင်း၊ ယာဉ် ရပ်နား ရန် နေရာ များ ဆက်လက် ဆောင်ရွက် ရ မည် ဖြစ်၍ လူသွား စင်္ကြံနှင့် လမ်း ဧရိယာ အတွင်းရှိ မီးစက် အား ဖယ်ရှား ရှင်းလင်း ပေးရန် လိုအပ် လာမည်ဖြစ် ၍ ကြိုတင် ပြင်ဆင် နိုင်ရေး အတွက် ဆောင်ရွက် နိုင်ပါရန် ရန်ကုန် မြို့တော် စည်ပင် သာယာ ရေး ကော်မတီ အင်ဂျင်နီယာ ဌာန ( လမ်းနှင့် တံတား ) က ပုဂ္ဂလိက လုပ်ငန်း ရှင် မီးစက် ပိုင်ရှင်များ အား အသိပေး နှိုးဆော် ထားကြောင်း သိရသည်။

ကြေးမုံ ::--kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment