Pages

Tuesday, July 9, 2013

Yootec စက်ရုံအလုပ်သမားများ လစာတိုးမြှင့်ပေးရေး ဆန္ဒပြ

Tuesday, July 09, 2013

ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် ၄ မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် Yootec အထည်ချုပ်စက်ရုံမှာ အလုပ်

သမား ၇ဝ ကျော်ဟာ အခြေခံလစာတွေ တိုးမြှင့်ပေးဖို့ ဒီကနေ့မှာ ဆန္ဒပြနေကြပါတယ်။ အလုပ်သမားတွေ
ဖက်က အလုပ်ရှင်နဲ့ ညှိနိုင်းရာမှာ အဆင်မပြေတဲ့အတွက် အခုလို ဆန္ဒပြတာလို့ အလုပ်သမား မခိုင်လင်းမိုး
က RFAကို ပြောပါတယ်။
"ကျမတို့ကသူတို့ပေးတဲ့လစာနှုန်းကိုလက်မခံနိုင်ဘူးဖြစ်နေတယ်၊ ကျမတို့တောင်းဆိုမှု ၁၅ ချက်လုံးပေါ့နော်
၊ အဆင်ပြေသွားရင်တော့ကျမတို့ရဲ့တောင်းဆိုမှုကိုရပ်တန့်မှာပါ၊ မရရင်တော့ ဆက်လက်ပြီး တောင်း ဆိုနေ
မှာပါ"

စက်ရုံရှေ့မှာ ဆန္ဒပြနေတဲ့ အလုပ်သမားတွေရဲ့ အခြေခံလစာဟာ တစ်နေ့ကို ၉၆ဝ ကျပ်

သာရရှိတာကြောင့် နောက်ထပ် ၄ဝဝ ကျပ် ထပ်မံတိုးပေး ဖို့ တောင်းဆိုနေကြတာ ဒီကနေ့ဆိုရင် ၄ ရက်ရှိပြီလို့ သိရပါတယ်။

သူတို့တောင်းဆိုချက်တွေထဲမှာ တစ်နေ့တာလုပ်အားခကို တိုးမြှင့်ပေးဖို့၊ တစ်နှစ်တစ်ခါ လစာတိုးမြှင့်ပေးဖို့၊ ဝန်ထမ်းအမျိုးသမီးတွေကိုကွန်တိန်နာအတင်အချမခိုင်းဖို့၊ ပျက်ကွက်ရက်နဲ့ အလုပ်ပိတ်ရက်တွေမှာ အချိန်ပို

မဆင်း ရင် လစာထဲက ကျပ် ၅ဝဝဝ မဖြတ်တောက်ဖို့၊ အလုပ်ချိန်ကို တိတိကျကျ သတ်မှတ်ပေးဖို့နဲ့ အစိုးရ
ရုံးပိတ်ရက်တွေကို အလုပ်ပိတ်ပေးဖို့စတာတွေ အပါအဝင် အချက် ၁၅ ချက်ကို တောင်းဆိုနေကြတာဖြစ်ပါ
တယ်။

RFA , RangonNewsDaily
kolatt(PBDN): 9.7.2013

0 comments:

Post a Comment