Pages

Tuesday, July 9, 2013

မြန်မာပါမောက္ခများ ကမ္ဘာကျော် တက္ကသိုလ်များတွင် စာသင်ပြနိုင်ရန် Ooredoo ကူညီမည်ဟုဆို

Tuesday, July 09, 2013

ပြည်တွင်း တက္ကသိုလ်များမှ ပါမောက္ခများ ကမ္ဘာကျော် တက္ကသိုလ် များဖြစ်သည့် Oxford နှင့် University of South Calofonia တို့တွင် အပြန်အလှန် စာသင်ပြနိုင်ရန် ကူညီမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ တင်ဒါ အောင်မြင်ထားသော ဆက်သွယ်ရေး ကုမ္ပဏီ Ooredoo ကုမ္ပဏီမှ Business Development & Strategy တာဝန် ခံဖြစ်သူ Nick Swierzy က The Voice သို့ ပြောကြားသည်။

“အောက်စဖို့ဒ် တက္ကသိုလ်၊ Southern Carlifonia တက္ကသိုလ်တို့နှင့် Letter of Intern (သင်ရိုးဖလှယ်သည့် အစီ
အစဉ်) အပြန်အလှန် စာသင်ကြားရေး အစီအစဉ်အရ ထိုသို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၎င်းအစီအစဉ်အရ ဆက်သွယ်ရေးနှင့် ပတ်သက်သော ပညာရပ်များ သာမကဘဲ အခြား ဘာသာရပ် ပါမော

က္ခများပါ သွားရောက် ပညာသင်ကြားပေးခွင့်ရှိအောင် ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါ တက္ကသိုလ်များမှ ဘာ
သာရပ် ပါမောက္ခများကိုလည်း လာရောက် ပညာသင်ကြားပေးရန် စီစဉ် ထားသည်ဟု ၎င်းက ပြောဆိုသည်။

“အဲဒီတက္ကသိုလ်တွေမှာလည်း မြန်မာ ပါမောက္ခတွေSemesterတစ်ခုလောက်သွားပြီး Lecture ပေးနိုင်အောင်

စီစဉ်ထားတယ်။ ဒီကလူတွေလည်း အတွေ့အကြုံ ရတယ်။ အပြန်အလှန်အနေနဲ့ သူတို့ဆီက ပါမောက္ခတွေ
လည်း ဒီမှာလာသင်ပေါ့” ဟု ၎င်းက ဆိုသည်။

အဆိုပါကာလတို အတွေ့အကြုံဖလှယ် ပညာသင်ကြားရေး အစီအစဉ်ကို မည်သည့်အချိန်တွင် စတင်အ

ကောင်အထည် ဖော်မည် သေချာ မသိရှိရသေးဘဲ စီစဉ်ဆဲသာဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ ထံမှ သိရသည်။

ဝန်ထမ်းများ ခန့်ထားရာတွင် သက်ဆိုင်ရာ ဘာသာရပ်များ တတ်ကျွမ်းမှသာ အဆင်ပြေမည် ဖြစ်သည့် အ

တွက်ပညာရေးကိုအဓိကအကူအညီပေးခြင်းဖြစ်ကြောင်း Ooredoo အာရှပစိဖိတ်ဒေသဆိုင်ရာ အမှုဆောင်
 အရာရှိချုပ် Ross Carmack က ပြောကြားသည်။

“အဲဒီလို ပရိုဂရမ်မျိုးတွေက ရေရှည်မှာ များလာမယ်။ ဒီက တက္ကသိုလ်တွေကလည်း အခုပြင်ဆင် နေကြပြီ။ ဒီက ပါမောက္ခတွေက အကုန်လုံး မဟုတ်ရင်တောင်မှ တချို့က လုပ်နိုင်တဲ့ အရည်အချင်း ရှိတယ်” ဟု မိတ္ထီ

လာ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက မှတ်ချက်ပြုသည်။

ကာတာအခြေစိုက် Ooredoo ကုမ္ပဏီသည် မြန်မာ့ ဆက်သွယ်ရေးထံမှ ဆက်သွယ်ရေး လုပ်ငန်း လိုင်စင် တင်ဒါ အောင်မြင်ထားပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံရှိ သုံးစွဲသူ ၉၃ သန်းကို ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးေ

သည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 9.7.2013

0 comments:

Post a Comment