Pages

Tuesday, July 9, 2013

လမြတ်ရမ်ဇန် ဆန်းဦးစလ မမြင်ကြောင်း အစ္စလာမ်သာသနာ့ပညာ၇ှင်များအဖွဲ့မှ ဆုံးဖြတ်ချက်ချ

၉.၇.၂၀၁၃
ယနေ့ ဇူလှိုင်လ ၉ ရက်နေ့ ညတွင် လမြတ်ရမ်ဇန် ဆန်းဦးစလ မမြင်ကြောင်း အစ္စလာမ်သာသနာ့ပညာ၇ှင်များအဖွဲ့မှ ဆုံးဖြတ်ချက်ချလိုက်ကြောင်းသတင်းရရှိပါသည်။အိုလမာ ရုံးခန်းတွင် သာသနာ့ပညာရှင် ဆရာတော်ကြီးများစွာအနက် ဆရာတော်ကြီး မောင်ဝ်လာနာ ဟေဒါယာသွလ္လာဟ်၊ ဆရာတော်ကြီး မောင်ဝ်လာနာ ရှမ်စွတ်ဒိုဟာ၊ အိုလမာအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် မောင်ဝ်လာနာ ဆွာလေး၊ ဒုဥက္ကဋ္ဌ ဆရာတော် မောင်ဝ်လာနာ ယူစွတ်ဖ်၊ အတွင်းရေးမှူး ဆရာတော် မောင်ဝ်လာနာ ကာစင်မ်၊ ဓမ္မကထိက ဆရာတော် မွတ်ဖ်သီ အစ္စမာအီလ်၊ ဓမ္မကထိက ဆရာတော် မောင်ဝ်လာနာ အရှ်ရဖ်အလီ၊ ဆရာတော် မောင်ဝ်လာနာ ဟာရွန် တို့ အသင့်ရောက်ရှိပြီးနောက် ယင်းဆုံးဖြတ်ချက်အား ချမှတ် ယနေ့ လ မမြင်ကြောင်း ဆုံးဖြတ်အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါတယ်။ 
ဇူလှိုင် ၁၀ရက်နေ့ညတွင် သရာဝီဟ်စတင်မည်ဖြစ်ပြီး ဇူလိုင် ၁၁ရက်နေ့မှစတင်ပြီး ရိုဇာဥပုသ် စတင်မည်
ဖြစ်သည်။
ကိုကား  ။ အလင်းမျက်ဝန်း
ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၉.၇.၂၀၁၃

0 comments:

Post a Comment