Pages

Tuesday, July 9, 2013

သီလ၀ါဆိပ်ကမ်းရှိကုန်တင်သင်္ဘောတွင်သံလှေခါးပေါ်မှ ပြုတ်ကျသေဆုံးခြင်း

ရန်ကုန်၊ ဇူလိုင် ၉

၉.၇.၂၀၁၃ ရက်နေ့ ၁၁၁၀ အချိန် ကျောက်တန်းမြို့နယ်၊သီလ၀ါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော တရုတ်
နိုင်ငံပိုင် ကုန်တင်သင်္ဘောMV AN XIN JIANGတွင်မြန်မာနိုင်ငံသားကုန်တင် ကုန်ချကြီးကြပ်သူ ဦးမောင်
မြင့်၊(ဘ)ဦးမောင်မောင်၊(၅)ရပ်ကွက်၊မြောက်ဥက္ကလာပမြို့နယ်နေသူသည်ကုန်တင်ကုန်ချပြုလုပ်ရန်အတွက် ၁၅ ပေခန့်အမြင့်ရှိ နံရံကပ်သံလှေခါးဖြင့်သင်္ဘောဝမ်းဗိုက်ထဲသို့ဆင်းစဉ်
ခြေချော်၍ပြုတ်ကျသေဆုံးသွားကြောင်းသတင်းရရှိသည်။
 
ဆိပ်ကမ်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ သေဆုံးသူ
မှာသင်္ဘောဝမ်းဗိုက်အတွင်း လှေခါးအောက်ခြေရင်း၌ဦးခေါင်းဝဲဘက်ချိုစောင်းတွင်ပေါက်ပြဲဒဏ်ရာ(၁)ချက်
ဖြင့်သေဆုံး နေကြောင်းစစ်ဆေးတွေ့ရှိရသောကြောင့် ရုပ်အလောင်းအားရန်ကုန်ဆေးရုံကြီးသို့ပို့အပ်ထာ
ရှိပြီး ဆိပ်ကမ်းမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၂၈/၂၀၁၃)ဖြင့်ရေးဖွင့်ကာသေဆုံးရသည့် အကြောင်း
ရင်းအား စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police , RangonNewsDaily
kolatt(PBDN): 9.7.2013

0 comments:

Post a Comment