Pages

Tuesday, July 9, 2013

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား သတင်းအစီအစဉ်များ ANDROID မိုဘိုင်းဖုန်းတွင် ဇူလိုင် ၁၅ရက်မှစတင် စမ်းသပ်ထုတ်လွှင့်မည်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းအစီအစဉ်များနှင့် မြန်မာ့အသံရေဒီယိုလိုင်းများကိုANDROIDMOBILE 
ဖုန်းများပေါ်တွင် ဇူလိုင်လ ၁၅ရက်နေ့မှ စတင် စမ်းသပ်ထုတ်လွှင့်မည်ဟု MRTVမှ သိရသည်။MRTVMobile
Application တစ်ခုကို စတင် တည်ဆောက်လျက်ရှိပြီး ဇူလိုင်လ (၁၅)ရက်နေ့မှစတင်ကာ
Android Mobile ဖုန်းများပေါ်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်းအစီအစဉ် များကို ကြည့်ရှုခံစား နိုင်
တော့မှာဖြစ်ပြီး မြန်မာ့အသံ ရေဒီယိုလိုင်း ဖျော်ဖြေတင်ဆက်မှုများကိုနားထောင်ခံစား နိုင်ရန်အတွက်Mobile
Software များကို စမ်းသပ် ထုတ်လွှင့် ပေးတော့မည် ဖြစ်ကြောင်;သိရသည်။

မြန်မာနိုင်ငံရှိ ပြည်သူများ၏ Mobile ဖုန်း အသုံးပြုမှုတွင် အများဆုံး အသုံးပြုလျက် ရှိသည့် Android Mobile

ဖုန်းများပေါ်တွင်အသုံးပြုနိုင်မည့်MRTV APK Software (MRTV Icon ပါ APK Software) နှင့်MRTV Radio
Station APK Software (MRTV Radio Station Icon ပါ APK Software) တို့အား ဇူလိုင်လ (၁၅)ရက်နေ့မှ စ
တင်ပြီးGoogle Play တွင် အခမဲ့ Download ရယူ အသုံးပြု နိုင်မည် ဖြစ်သည်။ 

ဆက်လက်ပြီး iPhone အသုံးပြုသူ များအတွက်ပါ အဆင်ပြေစေမည့် MRTV Mobile Versionအားဆက်လက် 

ထုတ်ဝေ ပေးသွားမည် ဖြစ်သည်။မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့်ရုပ်မြင်သံကြားနှင့် ရေဒီယိုအစီအ
စဉ်များအားတိုက်ရိုက်ခံစား စေနိုင်ရန်အတွက် LIVE Streamingထုတ်လွှင့်မှုများကိုဆက်လက် လုပ်ဆောင်
သွားမည် ဖြစ်သည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် ပြည်သူတို့အတွက် မြန်မာ့အသံဟူသော ဆောင်ပုဒ်နှင့်အညီသတင်းနှင့်

ဖျော်ဖြေရေး အစီအစဉ်များကို၂၀၁၃ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့မှ စတင်ပြီး ယခင်နှင့်မတူ တမူ ထူးခြားစွာဖြင့်
ကြိုးပမ်း တင်ဆက်ခဲ့ရာ နာရီစဉ်အလိုက်သတင်းတင်ဆက်မှုများအပြင် ဖျော်ဖြေရေး ကဏ္ဍများကိုပါ နေ့စဉ် 
(၁၇) နာရီ ထုတ်လွှင့်ပေးလျက်ရှိသည်။

ထို့အပြင် ပြောင်းလဲ တိုးတက်လာသော ခေတ်စနစ်နှင့် အညီ ပုံမှန်ရုပ်သံ ထုတ်လွှင့်မှုများကို အင်တာနက်

Website များပေါ်တွင် ကြည့်ရှုခံစားနိုင်စေရန်အတွက် ပြန်ကြားရေး ၀န်ကြီးဌာန၏ Web Portal တစ်ခု တည်
ထောင်ပြီး ပြည်သူတို့ အတွက်အင်တာနက်ဝန်ဆောင်မှုကိုပါ တစ်ပါတည်း ဆောင်ရွက် ပေးခဲ့ပြီး ယနေ့ခေတ်
ပြည်သူများ စိတ်ဝင်စားလျက် ရှိသောSocial Media Network ပေါ်တွင် MRTV Web Media Portal Facebook Account တစ်ခုဖွင့်လှစ်ပြီး ၀န်ဆောင်မှုများ ပေးခဲ့သည်။

Popular Myanmar , RangonNewsDaily
kolatt(PBDN): 9.7.2013

0 comments:

Post a Comment