Pages

Tuesday, July 9, 2013

"၂ဝ၁၂ ခုနှစ် အကယ်ဒမီ အတွက် ဇာတ်ကား ၁၇ ကား ကို ပထမ အဆင့် စီစစ် ရွေးချယ်"

July 9th, 2013

၂ဝ၁၂ ခုနှစ် ရုပ်ရှင် ထူးချွန်ဆု ရွေးချယ်ဖို့ အတွက် ဘုတ်အဖွဲ့ကို အဖွဲ့ဝင် ၁၇ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။
၂ဝ၁၂ခုနှစ် အတွက် ရုပ်ရှင် ဇာတ်ကားများကို ပထမ အဆင့် အနေနဲ့ ရုပ်ရှင် ထူးချွန်ဆု ဘုတ်အဖွဲ့ဝင်များ ဖြစ်ကြတဲ့ ဦးကြည်စိုးထွန်း (ဥက္ကဋ္ဌ)၊ ဦးဝင်းသူ (အတွင်းရေးမှူး)၊ တက္ကသိုလ် ယဉ်ယဉ်လဲ့၊ ခင်ပန်နှင်း၊ ဦးသက်မောင်မောင် ၊ ဒေါ်သင်းသင်းယု၊ ဦးစောနု၊ ဦးကြည်မင်းသိန်း၊ ဦးထွန်းလှိုင်၊ ဦးသန်းဝင်း၊ ဒေါ်ခင်သီတာထွန်း၊ ဦးအေးကြူလေး၊ ဦးတင်ငြိမ်း၊ ဦးတင်ဝင်းလှိုင် နှင့် ဦးဖိုးထောင် တို့က စိစစ် အကဲဖြတ် ရွေးချယ်နေ ပြီ ဖြစ်ပါတယ်။

ရုပ်ရှင် ထူးချွန်ဆု စိစစ်ရေး ဘုတ်အဖွဲ့က ၂ဝ၁၂ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန် ဆု ချီးမြှင့်ဖို့ အတွက် ရုံတင်ပြသခဲ့ပြီး ဖြစ်တဲ့ ရုပ်ရှင် ဇာတ်ကား ၁၇ကား ကို ဇွန်လ ၂၇ ရက်နေ့ ကစပြီး ကြည့်ရှု စိစစ် ရွေးချယ်ခဲ့ရာ ဇူလိုင်လ ၄ ရက်နေ့ အထိ ရုပ်ရှင် ဇာတ်ကား ၁၃ကားကို ကြည့်ရှုစိစစ် ခဲ့ပြီး ဖြစ်ပါတယ်။
ပထမ အဆင့် ရုပ်ရှင် ထူးချွန်ဆု ကြည့်ရှု စိစစ်မှုကိုတော့ ဇူလိုင်လကုန်မှာ အပြီး စိစစ်ရွေးချယ် သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Popular Academy , RangonNewsDaily
kolatt(PBDN): 9.7.2013

0 comments:

Post a Comment