Pages

Tuesday, July 9, 2013

ကရင်ပြည်နယ် ဘားအံမြို့ တွင် မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၉
၈-၇-၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များသည် သတင်းအရ ဘားအံမြို့နယ်၊ ဘားအံ-ဇာသပြင်လမ်း၊ ရွှေတောကျေးရွာအနီး ကားလမ်းဘေးရှိ ဈေးဆိုင်တန်းတွင်နေထိုင်သူ ၀င်းမောင်(၅၂)နှစ်အား သက်သေများနှင့်အတူရှာဖွေရာ ၄င်းလွယ်ထားသည့် စစ်စိမ်းရောင်ဘေးလွယ်အိတ်အတွင်းမှ WY စာတန်းပါပန်းရောင်စိတ်ကြွဆေးပြား ၅၈ ပြား၊ အလေးချိန်(၅.၈)ဂရမ်၊ တန်ဘိုးငွေကျပ်(၁၉၁၄၀၀ိ/-)အား ရှာဖွေသိမ်းဆည်းရမိခဲ့သည်။ ဆက်လက်၍ လမ်းတစ်ဖက်ပေ ၂၀ ခန့်အကွာရှိ တဲအိမ် ၁ လုံးအား ၀င်ရောက်ရှာဖွေစဉ် လူဒိတ်(၄၁)နှစ်က ၎င်းင်းတဲပေါ်မှနေ၍ M-22 သေနတ်ဖြင့်(၃)ချက်ပစ်ဖောက်ခုခံသဖြင့် ဖမ်းဆီးရေး အဖွဲ့မှ M-22 သေနတ်ဖြင့်(၂)ချက်ပြန်လည်ပစ်ခတ်ကာ လုံးထွေးဖမ်းဆီးခဲ့ရသည်။ 
ထို့နောက် လူဒိတ်လွယ်ထားသည့် ဘေးလွယ်အိတ်အားရှာဖွေရာ လွယ်အိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၄၈ ပြား၊ အလေးချိန်(၄.၈)ဂရမ်၊ တန်ဘိုးငွေကျပ်(၁၅၈၄၀၀ိ/-)၊ M-16 မောင်းပြန် ရိုင်ဖယ် ၁ လက်၊ ၃၅ တောင့်ဝင်ကျည်အိမ် ၁ ခု၊ ၅.၅၆ကျည် ၂၀ တောင့်၊ M-22 ခေါက်ဒင် ၁ လက်၊ ၂၅ တောင့်ဝင်ကျည်အိမ် ၁ ခု၊ ၇.၆၂x၃၉ ကျည် ၁၁ တောင့်၊ ဒဿမ ၃၀ ကာဘိုင်ကျည် ၂၉ တောင့်၊ အမေရိကန်နိုင်ငံလုပ် ဖျူးစ်ပါ M-57 လက်ပစ်ဗုံး ၁ လုံး နှင့် CDMA ဖုန်း(၁)လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။ 
ထို့ပြင် တဲအတွင်း၌ဆက်လက်ရှာဖွေရာ မူးယစ်ဆေးဝါးလာရောက်ဝယ်ယူသူ ရွှေတောကျေးရွာနေ စနေတင်(ခ)စိုးစိုး(၃၀)နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် အသုံးပြုသည့် ၄ဂ/xxxxနံပါတ်ပါ Mighty-X မော်တော်ယာဉ် ၁ စီး၊ နံပါတ်မပါ Tenar အမျိုးအစားဆိုင်ကယ် ၂ စီးနှင့် ၂ယ/xxxxနံပါတ်ပါဆိုင်ကယ် ၁ စီး တို့အားသိမ်းဆည်းရမိ ခဲ့သောကြောင့် ၀င်းမောင်၊ လူဒိတ်နှင့် စနေတင်တို့(၃)ဦးအား ထုံးအိုင်နယ်မြေရဲစခန်းမယ(ပ)၁/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၀(က)/၂၁ ဖြင့် လည်းကောင်း၊ (ပ)၁၃/၂၀၁၃၊ လက်နက်ယာယီပြင်ဆင်ချက်ဥပဒေပုဒ်မ ၁၉-က ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည် ,  ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၉.၇.၂၀၁၃

0 comments:

Post a Comment