Pages

Wednesday, April 3, 2013

ဆမ်ဆောင်း Galaxy Note II နှင့် i phone 5 စနစ်အတိုင်း ဟွာဝေးဟန်းဆက်အသစ်နှစ်မျိုးကို သင်္ကြန်အပြီးတွင် ဖြန့်ချိမည်

ဆမ်ဆောင်း Galaxy Note II နှင့် i phone 5 စနစ်အတိုင်း ဟွာဝေးဟန်းဆက်အသစ်နှစ်မျိုးကို သင်္ကြန်အပြီးတွင် ဖြန့်ချိတော့မည်ဟု သိရသည်။ အဆိုပါ ဟန်းဆက်အသစ်နှစ် မျိုးကို Mate နှင့် D2 အမည်များဖြင့် ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ပြီး မြန်မာပြည်ဈေးကွက်ဖြန့်ချိရောင်းချ မှုကို သင်္ကြန်အပြီးတွင် ပြုလုပ်မည် ဖြစ်ကြောင်း ဟွာဝေးကုမ္ပဏီမှ သိရသည်။
”ဈေးနှုန်းကတော့ Galaxy Note II နှင့် iphone 5 တို့ထက် ဈေးလျော့မှာပါ။ သုံးရတဲ့အပိုင်းမှာတော့ သူတို့ထက်ပိုပြီးသာမှာပါ”ဟု ရန်ကုန် အခြေစိုက် Huawei ကုမ္ပဏီကုန် ပစ္စည်းထုတ်လုပ်ရေး ဌာနမှ ဒါရိုက်တာ Roson Luo က ပြောသည်။

ယင်းဟန်းဆက်နှစ်မျိုးတွင် အြေန အမည်ရှိ ဟန်းဆက်မှာ မျက် နှာပြင်အကျယ် 6.1 inches, weight 198 g, Camera 8.0 megapixel ရှိမည်ဖြစ်ပြီး Galaxy Note II အသုံးပြုသည့် ပုံစံအတိုင်း ရှိမည် ဖြစ်ကြောင်း၊ D2 ဟန်း ဆက်မှာ ရေစိုခံ၍ မျက်နှာပြင် အ ကျယ် 5 inches, weight 170 g, Camera 13.0 megapixel ဖြစ် ကြောင်း ၄င်းကဆက်ပြောသည်။

”အဆင့်မြင့် ဟန်းဆက်ထုတ် လုပ်တဲ့အတွက် လက်ရှိရောင်းပေး နေတဲ့ စီးရီးအမည်တွေနဲ့ မထုတ် ဖြစ်တာပါ။ ဟန်းဆက်နှစ်မျိုးစလုံး ကတော့ ဂျီဖုန်းအမျိုးအစားဖြစ်ပါ တယ်”ဟု ၄င်းက ဆက်ပြောသည်။

လက်ရှိတွင် Huawei ဟန်း ဆက်များသည် မြန်မာနိုင်ငံတွင် သုံးစွဲမှု ပိုများလျက်ရှိပြီး ဈေးကွက်တွင် ၆ဝ ရာခိုင်နှုန်းအထိ သုံးစွဲမှု ရှိနေပြီဖြစ်ကြောင်း၊ ထုတ်လုပ်ထား သည့် Huawei ဟန်းဆက်အမျိုး အစားပေါင်း ၈ဝ ကျော်ရှိကြောင်း၊ ကမ္ဘာပေါ်တွင် Huawei ဟန်းဆက်များကို မြန်မာ၊ တရုတ်နှင့် အမေရိကန်နိုင်ငံများမှာ အခြား နိုင်ငံများထက် သုံးစွဲမှုပိုများကြောင်း၊ ဂျီဟန်းဆက်များအပြင် CDMA ဟန်းဆက်များကိုလည်း ဆက်လက် ထုတ်လုပ်ရန်ရှိကြောင်း ၄င်းက ထပ်လောင်းပြောသည်။

Popular Myanmar News, Rangonnewsdaily
RND:3.4.2013 

0 comments:

Post a Comment