Pages

Wednesday, April 3, 2013

ရန်ကုန်မြို့တွင် တစ်ရက်အတွင်း လူသတ်မှု သုံးခု ဖြစ်ပွား

တစ်ရက်အတွင်း လူသတ်မှု သုံးခု ဖြစ်ပွား
Wednesday, April 3, 2013


ရန်ကုန်၊ မတ် ၃၀ - ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ တစ်ရက်အတွင်း လူသတ်မှု သုံးခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဈေးဆိုင်ခင်းရင်း လူသတ်မှုဖြစ်
လှိုင်သာယာမြို့နယ် (၄) ရပ်ကွက် ကန်ပတ်လမ်းမှာ မတ်လ ၂၇ ရက်နေ့က လူ သတ်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါ တယ်။

အဆိုပါနေ့ နံနက် ၇းဝ၀ နာရီအချိန် ခန့်က သေဆုံးသူစက်ဘီးပြင်
ဆိုင်ပိုင်ရှင် အသက် ၅၀ အရွယ် အမျိုးသားဟာ ဆိုင် ခန်းရှေ့မှာ ဈေးခင်းနေစဉ် ဆိုင်ချင်းကပ် လျက်ရှိ ညီ အစ်ကိုနှစ်ဦးနဲ့ စကားများခဲ့ပါ တယ်။ စကား များခဲ့တာကို မကျေနပ်တဲ့ ညီအစ်ကိုနှစ်ဦး က သေဆုံးသူ အမျိုးသား ဆိုင် ခန်းနောက်မှာ ရေချိုးနေစဉ် တစ်ဦးက အရိုးအသ∑ား ၁၂ လက်မခန့်ရှိ စတီးဓားနဲ့ ထိုးပြီး ကျန်တစ်ဦးက 
အရှည် ၁၂ လက်မ ခန့်ရှိ သံပိုက်လုံးနဲ့ ရိုက်ခဲ့ကြတာပါ။
အဆိုပါ ညီ အစ်ကို နှစ်ဦးကို အရေး ယူနိုင်ဖို့အတွက် လှိုင်သာယာ
ရဲစခန်းမှာ (ပ) ၃၄၆/၁၃ ၊ ပုဒ်မ - ၃၀၂ ၊ ၁၁၄ နဲ့ အမှု ဖွင့် စစ်ဆေး နေတယ်လို့ သိရပါတယ်။

၂၀၄ ဘတ်စ်ကားဘေးမှာ သေဆုံးနေ
လှိုင်မြို့နယ် (၁၆) ရပ်ကွက်၊ ဗဟိုလမ်း နဲ့ မာလာမြိုင် - ၆ လမ်းထိပ် မီးရထားသံ လမ်း အုတ်တံတိုင်းဘေးရှိ ၂၀၄ ဘတ်စ် ကားဘေးမှာ 
အသက် ၂၅ နှစ်ခန့်အရွယ်ရှိ အမျိုးသားဟာ ဓားဒဏ် ရာတွေနဲ့ ပက် လက်အနေအထားအတိုင်း လဲကျသေဆုံး နေတာ ဖြစ်ပါတယ်။
ဒါကြောင့် အဆိုပါအမျိုးသား သေဆုံး မှုနဲ့ ပတ်သက်ပြီး စုံစမ်းအရေးယူဖို့လှိုင်မြို့ နယ်ရဲစခန်းမှာ (ပ) ၁၀၇/၁၃၊ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ပြီး တရားခံ ဖမ်းဆီးရမိဖို့ စုံစမ်း နေတယ်လို့ သိရပါတယ်။
စကားများရာက လူသတ်မှုဖြစ်
သုံးခွမြို့နယ် ရေကျိုစုကျေးရွာမှာ မတ်လ ၂၇ ရက်နေ့က လူသတ်မှုဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။

ဖြစ်ပွားပုံမှာ အဆိုပါနေ့ ည ၈းဝ၀ နာရီ အချိန်ခန့်က အသက် ၅၅ နှစ်အရွယ် အမျိုး သမီးနဲ့ ၄င်းရဲ့သားဖြစ်သူ အသက် ၂၂ နှစ် အရွယ် အမျိုးသားတို့ စကားများ ရန် ဖြစ်ကြပြီး သားဖြစ်သူက ၄င်းရဲ့နေအိမ်ကို ပြန်သွားရာ မိခင် ဖြစ်သူက နေအိမ်ကို ပြန် သွားတဲ့သားဖြစ် သူ နောက်ကို လိုက်သွား ပြီး သားရဲ့အိမ် ရှေ့မှာ အော်ဟစ်ပြောဆို ပါတယ်။
ပြောဆိုနေချိန်မှာပဲ သားဖြစ်သူရဲ့ ယောက္ခမ အသက် ၅၀ အရွယ် အမျိုးသား ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး မိခင်ဖြစ်သူ ကို တွန်းလှဲကာ အသင့်ပါလာတဲ့ ဓားဦးချွန် နဲ့ ထိုးခဲ့ပါတယ်။

မိခင်ဖြစ်သူ ဓားဒဏ်ရာ နဲ့ လဲကျသွား တာကြောင့် ၄င်းရဲ့သမီး နှစ်ဦးက သွား ရောက်ပွေ့ထူရာ ယောက္ခမဖြစ်သူက သမီးနှစ်ဦးကိုလည်း ဓားနဲ့ထိုးခဲ့တယ်လို့ သိရပါတယ်။

မိခင်ဖြစ်သူမှာ အခင်းဖြစ်ပွားတဲ့နေရာ မှာပဲ သေဆုံးသွားခဲ့ပြီး သမီးနှစ်ဦးကတော့ သုံးခွဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေး ကုသမှု ခံယူနေရပါတယ်။

အခင်းဖြစ်ပွားပြီးချိန်မှာပဲ ဓားနဲ့ထိုးသူ အမျိုးသား ထွက်ပြေးတိမ်း ရှောင်သွားတာ ကြောင့် ၄င်းကို ဖမ်းဆီးနိုင် ဖို့ သုံးခွမြို့နယ် ရဲစခန်းမှာ (ပ) ၁၁၅/ ၁၃ ၊ ပုဒ်မ ၃၀၂ ၊ ၃၂၆ နဲ့ အမှုဖွင့်ပြီး တရားခံကို ဖမ်းဆီးရမိဖို့ စုံစမ်းစစ် ဆေးနေတယ်လို့ သိရပါတယ်။

Kumudar

Wednesday, April 3, 2013

ရန်ကုန်၊ မတ် ၃၀ - ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ တစ်ရက်အတွင်း လူသတ်မှု သုံးခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါနေ့ နံနက် ၇းဝ၀ နာရီအချိန် ခန့်က သေဆုံးသူစက်ဘီးပြင်ဆိုင်ပိုင်ရှင် အသက် ၅၀ အရွယ် အမျိုးသားဟာ ဆိုင် ခန်းရှေ့မှာ ဈေးခင်းနေစဉ် ဆိုင်ချင်းကပ် လျက်ရှိ ညီ အစ်ကိုနှစ်ဦးနဲ့ စကားများခဲ့ပါ တယ်။ စကား များခဲ့တာကို မကျေနပ်တဲ့ ညီအစ်ကိုနှစ်ဦး က သေဆုံးသူ အမျိုးသား ဆိုင် ခန်းနောက်မှာ ရေချိုးနေစဉ် တစ်ဦးက အရိုးအသ∑ား ၁၂ လက်မခန့်ရှိ စတီးဓားနဲ့ ထိုးပြီး ကျန်တစ်ဦးက
အရှည် ၁၂ လက်မ ခန့်ရှိ သံပိုက်လုံးနဲ့ ရိုက်ခဲ့ကြတာပါ။အဆိုပါ ညီ အစ်ကို နှစ်ဦးကို အရေး ယူနိုင်ဖို့အတွက် လှိုင်သာယာရဲစခန်းမှာ (ပ) ၃၄၆/၁၃ ၊ ပုဒ်မ - ၃၀၂ ၊ ၁၁၄ နဲ့ အမှု ဖွင့် စစ်ဆေး နေတယ်လို့ သိရပါတယ်။
..................................................................................................................................................................
လှိုင်မြို့နယ် (၁၆) ရပ်ကွက်၊ ဗဟိုလမ်း နဲ့ မာလာမြိုင် - ၆ လမ်းထိပ် မီးရထားသံ လမ်း အုတ်တံတိုင်းဘေးရှိ ၂၀၄ ဘတ်စ် ကားဘေးမှာအသက် ၂၅ နှစ်ခန့်အရွယ်ရှိ အမျိုးသားဟာ ဓားဒဏ် ရာတွေနဲ့ ပက် လက်အနေ
အထားအတိုင်း လဲကျသေဆုံး နေတာ ဖြစ်ပါတယ်။

ဒါကြောင့် အဆိုပါအမျိုးသား သေဆုံး မှုနဲ့ ပတ်သက်ပြီး စုံစမ်းအရေးယူဖို့လှိုင်မြို့ နယ်ရဲစခန်းမှာ (ပ) ၁၀၇/၁၃
၊ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ပြီး တရားခံ ဖမ်းဆီးရမိဖို့ စုံစမ်း နေတယ်လို့ သိရပါတယ်။

..................................................................................................................................................................

သုံးခွမြို့နယ် ရေကျိုစုကျေးရွာမှာ မတ်လ ၂၇ ရက်နေ့က လူသတ်မှုဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။

ဖြစ်ပွားပုံမှာ အဆိုပါနေ့ ည ၈းဝ၀ နာရီ အချိန်ခန့်က အသက် ၅၅ နှစ်အရွယ် အမျိုး သမီးနဲ့ ၄င်းရဲ့သားဖြစ်သူ အသက် ၂၂ နှစ် အရွယ် အမျိုးသားတို့ စကားများ ရန် ဖြစ်ကြပြီး သားဖြစ်သူက ၄င်းရဲ့နေအိမ်ကို ပြန်သွားရာ မိခင် ဖြစ်သူက နေအိမ်ကို ပြန် သွားတဲ့သားဖြစ် သူ နောက်ကို လိုက်သွား ပြီး သားရဲ့အိမ် ရှေ့မှာ အော်ဟစ်
ပြောဆို ပါတယ်။

ပြောဆိုနေချိန်မှာပဲ သားဖြစ်သူရဲ့ ယောက္ခမ အသက် ၅၀ အရွယ် အမျိုးသား ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး မိခင်ဖြစ်သူ ကို တွန်းလှဲကာ အသင့်ပါလာတဲ့ ဓားဦးချွန် နဲ့ ထိုးခဲ့ပါတယ်။

မိခင်ဖြစ်သူ ဓားဒဏ်ရာ နဲ့ လဲကျသွား တာကြောင့် ၄င်းရဲ့သမီး နှစ်ဦးက သွား ရောက်ပွေ့ထူရာ ယောက္ခမ
ဖြစ်သူက သမီးနှစ်ဦးကိုလည်း ဓားနဲ့ထိုးခဲ့တယ်လို့ သိရပါတယ်။

မိခင်ဖြစ်သူမှာ အခင်းဖြစ်ပွားတဲ့နေရာ မှာပဲ သေဆုံးသွားခဲ့ပြီး သမီးနှစ်ဦးကတော့ သုံးခွဆေးရုံမှာ အတွင်းလူ
နာအဖြစ် ဆေး ကုသမှု ခံယူနေရပါတယ်။

အခင်းဖြစ်ပွားပြီးချိန်မှာပဲ ဓားနဲ့ထိုးသူ အမျိုးသား ထွက်ပြေးတိမ်း ရှောင်သွားတာ ကြောင့် ၄င်းကို ဖမ်းဆီးနိုင် ဖို့ သုံးခွမြို့နယ် ရဲစခန်းမှာ (ပ) ၁၁၅/ ၁၃ ၊ ပုဒ်မ ၃၀၂ ၊ ၃၂၆ နဲ့ အမှုဖွင့်ပြီး တရားခံကို ဖမ်းဆီးရမိဖို့ စုံစမ်းစစ်
ဆးနေတယ်လို့ သိရပါတယ်။


Kumudar, Rangonnewsdaily
RND:3.4.2013

0 comments:

Post a Comment