Pages

Wednesday, April 3, 2013

တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် နေပြည်တော်ရုံး ချုပ်တွင် ထုတ်ယူ နိုင်ပြီ

တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် နေပြည်တော်ရုံး ချုပ်တွင် ထုတ်ယူ နိုင်ပြီ
Wednesday, April 3, 2013 

မြန်မာတစ်နိုင်ငံလုံး၏ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်များကို ယခုနှစ်မှ စတင်၍ နေပြည်တော် စာစစ်ဌာနတွင် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်များကို ယခင်က ရန်ကုန်စာစစ်ဌာန တစ်ခုတည်းတွင်သာ ထုတ်ပေးရာမှ ယခုနှစ်မှ စတင်ကာ ရန်ကုန်မြို့ရှိ စာစစ်ဦးစီးဌာန လသာမြို့နယ် ပညာရေးမှူးရုံးနှင့် နေပြည်တော် စာစစ်ဦးစီးဌာန ရုံးချုပ်တို့တွင် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း နေပြည်တော် စာစစ်ဌာနရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အခု ဒီနှစ်မှာ အောင်လက်မှတ် ထုတ်ယူနိုင်ဖို့ နေရာသုံးခု ရှိလာပြီ ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဘယ်စာဖြေဌာနကပဲ အောင်အောင် ကိုယ်နဲ့နီးစပ်တဲ့နေရာမှာ အောင်လက်မှတ် ထုတ်ယူနိုင်ပါပြီ။

နယ်ဝေးကလူတွေလဲ နေပြည်တော်မှာ ထုတ်လို့ရပါတယ်” ဟု အဆိုပါတာဝန်ရှိ သူက ပြော သည်။ မြန် မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က “ဒီနှစ် တက္ကသိုလ် ဝင် တန်း ဖြေ ဆိုအောင်မြင်သူတွေကနေစပြီး တက္ကသိုလ် ဝင် တန်း အောင် လက်မှတ်တွေ ကို ဇွဲကပင်၊ လသာ နဲ့ နေပြည်တော် သုံးနေရာမှာ ကိုယ်နဲ့နီးစပ်တဲ့ ဌာနတွေမှာ ထုတ်လို့ရတော့မှာပါ။ 

အရင်က နေပြည်တော်မှာ ထုတ်မပေးပါဘူး။ အခု ဒီနှစ်မှစမှာပါ။ အဲဒီလို ထုတ်ပေးခြင်းအားဖြင့် ရန်ကုန်ကိုလာရမှာ အခက်အခဲဖြစ်တဲ့ နယ်ကကျောင်းသားတွေအတွက် အဆင်ပြေအောင်လို့ပါ။ သွားရေးလာရေးအတွက် ငွေကုန်သက်သာပြီး အဆင်ပြေအောင်လို့ပါ” ဟု ဆိုသည်။ 

ယင်းနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မှ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် ထုတ်ယူခဲ့သူတစ်ဦး “နယ်ကနေ ရန်ကုန်အထိ လာရတာ တော်တော်လေး ခက်ခဲပါတယ်။ အချက်အလက် မပြည့်စုံရင် တစ်ရက်တည်းနဲ့ မပြီးပါဘူး။ 

သွားရလာရတဲ့ ဒုက္ခနဲ့ ကုန်ကျစရိတ် များပါတယ်။ အခုလိုမျိုး ကိုယ့်ဒေသနဲ့ နီးတဲ့နေရာမှာ ထုတ်လို့ရမယ်ဆိုရင် ကုန်ကျစရိတ် ပိုနည်းသွားမှာပါ” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

ခေတ်သတင်း

Wednesday, April 3, 2013

မြန်မာတစ်နိုင်ငံလုံး၏ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်များကို ယခုနှစ်မှ စတင်၍ နေပြည်တော် စာစစ်ဌာနတွင် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်များကို ယခင်က ရန်ကုန်စာစစ်ဌာန တစ်ခုတည်းတွင်သာ ထုတ်ပေးရာမှ ယခုနှစ်မှ စတင်ကာ ရန်ကုန်မြို့ရှိ
စာစစ်ဦးစီးဌာန လသာမြို့နယ် ပညာရေးမှူးရုံးနှင့် နေပြည်တော် စာစစ်ဦးစီးဌာန ရုံးချုပ်တို့တွင် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း နေပြည်တော် စာစစ်ဌာနရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အခု ဒီနှစ်မှာ အောင်လက်မှတ် ထုတ်ယူနိုင်ဖို့ နေရာသုံးခု ရှိလာပြီ ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဘယ်စာဖြေဌာနကပဲ အောင်အောင် ကိုယ်နဲ့နီးစပ်တဲ့နေရာမှာ အောင်လက်မှတ် ထုတ်ယူနိုင်ပါပြီ။
 

နယ်ဝေးကလူတွေလဲ နေပြည်တော်မှာ ထုတ်လို့ရပါတယ်” ဟု အဆိုပါတာဝန်ရှိ သူက ပြော သည်။ မြန် မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က “ဒီနှစ် တက္ကသိုလ် ဝင် တန်း ဖြေ ဆိုအောင်မြင်သူတွေကနေစပြီး တက္ကသိုလ် ဝင် တန်း အောင် လက်မှတ်တွေ ကို ဇွဲကပင်၊ လသာ နဲ့ နေပြည်တော် သုံးနေရာမှာ ကိုယ်နဲ့နီးစပ်တဲ့ ဌာနတွေမှာ ထုတ်လို့ရတော့မှာပါ။ 


အရင်က နေပြည်တော်မှာ ထုတ်မပေးပါဘူး။ အခု ဒီနှစ်မှစမှာပါ။ အဲဒီလို ထုတ်ပေးခြင်းအားဖြင့် ရန်ကုန်ကိုလာရမှာ အခက်အခဲဖြစ်တဲ့ နယ်ကကျောင်းသားတွေအတွက် အဆင်ပြေအောင်လို့ပါ။ သွားရေးလာရေးအတွက် ငွေကုန်သက်သာပြီး အဆင်ပြေအောင်လို့ပါ” ဟု ဆိုသည်။ 


ယင်းနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မှ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် ထုတ်ယူခဲ့သူတစ်ဦး “နယ်ကနေ ရန်ကုန်အထိ လာရတာ တော်တော်လေး ခက်ခဲပါတယ်။ အချက်အလက် မပြည့်စုံရင် တစ်ရက်တည်းနဲ့ မပြီးပါဘူး။ 


သွားရလာရတဲ့ ဒုက္ခနဲ့ ကုန်ကျစရိတ် များပါတယ်။ အခုလိုမျိုး ကိုယ့်ဒေသနဲ့ နီးတဲ့နေရာမှာ ထုတ်လို့ရမယ်ဆိုရင် ကုန်ကျစရိတ် ပိုနည်းသွားမှာပါ” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်သတင်း, Rangonnewsdaily
RND:3.4.2013

0 comments:

Post a Comment