Pages

Wednesday, April 3, 2013

ရမည်းသင်း ကန်ကြီးဗလီ သတင်း

၂.၄.၂၀၁၃  နေ့လည်၂နာရီအချိန်ခန့်က ရမည်းသင်းကန်ကြီးဗလီကို ၂၀၀၇ခုနှစ် အထိ တာဝန်ယူခဲ့သော
ဂေါပကဟောင်း၂ဦးနှင့် ဗလီရှေ့ ဆောင် ဆရာဟောင်းတို့အား ရမည်းသင်းခရိုင်သာသနာရေးဦးစီးမှူးမှ ခေါ်
ယူ၍ ကန်ကြီးဗလီကို ဖျက်သိမ်းရမည်-ကိုယ့်ဖာသာကိုယ်ဖျက် မလား-အစိုးရမှဖျက်ရမလား-၅ရက်နေ.့ ည
နေ ၃နာရီ အကြောင်းပြန်ပါဟု ပြောကြားခဲ့သည်ဟု သိရသည်။ အဆိုပါ ကန်ကြီးဗလီမှာ ၂၀၀၈ခုနှစ်ကပင် မြို့ နယ်အာဏာပိုင်များမှချိတ်ပိတ်ထားခဲ့သောဗလီဖြစ် ပါသည်။

ပြီးခဲ့သည့်ဖေဖေါ်ဝါရီလ၂၄(သို့)၂၅ရက်ကဦးဝီရသူရမည်းသင်းသို့ကြွလာစဉ်ကဗလီကိုပိတ်ထားသောချိတ်ကို
ခွာသွားခဲ့ကြောင်းသိရှိရပါသည်။

ယနေ့ ညပိုင်းရမည်းသင်းတမြို့လုံး ၉၆၉တရားခွေဖွင့်သံများနှင့်သာလွှမ်းမိုးနေ ကြောင်းသတင်းရရှိပါသည်။
 
မောင်မောင်
Rangonnewsdaily
RND:3.4.2013

1 comments:

Unknown said...

ခရိုင်သာသနာရေးမှုးကယနေ့3/4ရက်နေ့မနက်ကနေပြည်တော်ပြောင်းသွားပြီ မပြောင်းခင်ဂေါ်ပကအဖွဲ့အားခေါ်ယူတွေ့ဆုံပြီးပြောတာအဖွဲ့မှ ဘာများပေးမလဲဆိုချိန်းခြောက်တာနေမှာပါ ဝန်ကြီးများအားလုံးသိစေချင်ပါတယ်

Post a Comment