Pages

Wednesday, April 3, 2013

ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်သူအား ဖမ်းဆီးအရေးယူ

၃၁-၃-၂၀၁၃ ရက်နေ့ ၁၂၃၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့၊ အမှတ်(၂) ရပ်ကွက်၊ မျက်သွယ်ခေါင်ရည်ဆိုင်တွင်ရဲတပ်ကြပ်အဆင့်ယူနီဖောင်းဝတ်ထားသည့်မသင်္ကာဖွယ် လူတစ်ဦးရောက်ရှိ
နေကြောင်းသတင်း အရ မတ္တရာရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စုံစမ်းရာ------------------------------
အဆိုပါလူသည် အမှတ်(၂)ရပ်ကွက်လမ်းမပေါ်ရှိဆိုင်ကယ် ကယ်ရီ မောင်းသူများအား““မင်းတို့ဆိုင်ကယ်တွေ လိုင်စင်မရှိရင် ဖမ်းပစ်မယ်””ဟု ခြိမ်းခြောက်ပြောဆို၍ အနီးရှိဆိုင် တွင် ခေါင်ရည်သောက်ပြီးပြန်ထွက်သွားကြောင်းသိရှိရသဖြင့်လိုက်လံရှာဖွေခဲ့သည်။
 
ထိုသို့ရှာဖွေခဲ့ရာအဆိုပါမသင်္ကာ ဖွယ်လူအား မြို့သစ် (၂)ရပ်ကွက်လမ်းပေါ်တွင် တွေ့ရှိရသဖြင့်စစ်မေးရာ မတ္တရာမြို့၊မြို့သစ်(၁)ရပ်ကွက်နေအောင်ကျော်မိုး(ခ)မိုးမိုး(၃၂)နှစ်ဖြစ်ပြီး၎င်းဝတ်ဆင်လာသောယူနီဖောင်း
မှာဦးလေးဖြစ်သူ၏ယူနီဖောင်းအားခိုးယူဝတ်ဆင်လာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် အောင်ကျော်မိုး
(ခ)မိုးမိုးအား မတ္တရာရဲစခန်း (ပ)၁၁၃/ ၂၀၁၃၊ ပြစ်မှု ပုဒ်မ ၁၇၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
 
ရဲဇာနည်
Rangonnewsdaily
RND:3.4.2013

0 comments:

Post a Comment