Pages

Wednesday, April 3, 2013

မီးလောင်မှုများ နှင့် ၀ါယာရှော့(ခေါ်)ပေါ့ဆမီး

မြန်မာနိုင်ငံမှာဒီလောက်လောင်ခဲ့တဲ့မီးတွေ ၊ ရောင်းဝယ် ဖောက်ကားနေတဲ့ဈေးကြီးတွေကနေ နေ့ချင်းည
ချင်း ပြာပုံဘဝ ပြောင်းသွားခဲ့တဲ့ အဖြစ်တွေမှာ လက်သည်မပေါ်တော့ တရုတ်ကလာတဲ့ဝါယာကြိုးနဲ့EPC အပေါ် အပြစ်ပုံချခဲ့သမျှ တသက်လုံး ယုံကြည်မှူ မရှိ(ယုံကြည်စရာလဲ တကွက်မှမရှိ) ပဲ ရဲတပ်ဖွဲ့နဲ့ မီဒီယာတွေကို ကော်ဆဲလာခဲ့သမျှ ပြည်သူတွေဟာ ဒီတခေါက် ဗလီနဲ့ စာသင်ကျောင်းမီးလောင်မှူကို ဝါယာရှော့လို့ ခေါင်းစဉ်တပ်ပြန်တော့ မျက်စိမှိတ် ယုံလိုက်ကြရတော့တာပါပဲ။
ပထမပိုင်း မှာတော့ မီးအားမြှင့်စက်က စလောင်တယ်လို့ ပြော၊ ဝါယာရှော့ကစဖြစ်တာ လို့ မီဒီယာတွေက ရေးသားပြီး တော့မှ နာရီဝက်သာသာ လောက်ပဲ လောင်ချိန်ရှိတဲ့ မီးမှာ ပြတင်းပေါက်ကနေ လျှံထွက်လာအောင် အားကောင်းတဲ့ မီးအားဖြစ်ပေါ်လာရခြင်းမှာ လောင်စာ တွေ မပါပဲ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ငြင်းမရတဲ့ အဆုံး စဖြစ်တဲ့ မီးအားမြှင့်စက်ကို တာဝန်ကျ ဗလီ ဆရာက သွားရောက် ငြိမ်းသက်ဖို့ ကြိုးစားရင်း ဒီဇယ်ပုံးကို ခလုတ်တိုက်ရာက မီးလောင်မှူ ဖြစ်သွားရပါတယ် ဆိုပြီး တဆင့် လျှော့ကာ ဖြေရှင်းချက်ထုတ်ပြန် လိုက်ပါတော့တယ်။

အဲ မီးအားမြင့်စက်နဲ့ ဝါယာရှော့က စလောင်တာလို့ ပြောပြန်တော့လည်း အကောင်းအတိုင်းနီးပါးရှိသေးတဲ့ မီးအားမြှင့်စက်ကြီး က ဓာတ်ပုံတွေထဲမှာ ထီးထီးကြီး သက်သေခံနေပါတယ်။

ဝါယာကို ရှော့ဖြစ်ပြီး မီးအားကို လွန်ကဲစွာ သုံးရအောင်ကလည်း မီးစလောင်တဲ့ အချိန် ညသန်းခေါင် ၂ နာရီမှာ ဘယ်လို လျှပ်စစ်ပစ္စည်းတွေကို ထသုံးရမလဲ ဆိုတာတော့ ဘုရားမှလွဲ၍ ဘယ်သူမှ မသိနိုင်ပါ။ဖြစ်နိုင်ချေကိုသာ စဉ်းစားကြည့်ကြပါ။

စဉ်းစားစရာCriticalpointတွေကတော့အများကြီးပါ။ကိုယ်ပိုင်အမြင်နဲ့သာ သုံးသပ်ကြပါ၊ဘယ်သူဘယ်ဝါရယ်
လို့တော့အထောက်အထားမရှိပဲလက်လွတ်စပယ်စွပ်စွဲလို့မရပါ။။ကျွန်တော်အမြင်ကိုပြောရရင်တော့ဝါယာ
ရှော့ကစဖြစ်တယ်ဆိုတာ အခုထက်ထိတော့ ဘယ်လိုမှကို လက်မခံနိုင်သေးပါခင်မျာ။ဟုတ်တယ် ဆိုတဲ့ အထောက်အထားများခိုင်ခိုင်မာမာရှိပြီး အမှန်တရားပေါ်ထွက်လာပါကလည်း လက်ခံပေးပါ့မယ်။ ဘာမှ ရှက်စရာ မရှိပါ။

စဖြစ်ဖြစ်ခြင်း ဓာတ်ပုံများတွင် မီးသတ်သမားများနှင့် ဒေသခံ အနည်းငယ်သာ ပါရှိပြီး ကြိုပြီး သိနေသလားတောင်အောက်မေ့ရလောက်အောင်ကို အဦးဆုံး ရောက်ပြီး သတင်းဓာတ်ပုံများကို အချိန်နဲ့ တပြေးညီ တင်၍ ကိုယ်တိုင်ကြည့်ကာ စစ်ဆေးသွားသလားလို့တောင် ထင်ရပြီး ဝါယာရှော့လို့သုံးသပ်ကာ သတင်းတင်ဆက်သွားတဲ့Eleven မီဒီယာနဲ့သတင်းထောက်ကိုလည်း အထူးကျေးဇူးတင်ကြောင်းပြောပါရစေ။လျှပ်စစ် အင်ဂျင်နီယာကနေ သတင်းထောက် ဘဝကို ပြောင်းလာသူဆိုရင်တော့ မပြောတတ်ပါ။

မည်သို့ပင် ဆိုစေကာမူ အပြစ်မဲ့ သေဆုံးသွားရတဲ့ ကလေးငယ် ၁၃ယောက် (တချို့မှာ မိဘမဲ့ ကလေးများဖြစ်သည်) ရဲ့ မိသားစုများနဲ့ အတူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါသည်။ အပြစ်တင်တာတော့ မဟုတ်ပါ။ ဒီလောက် ပြဿနာများရှုပ်ထွေးနေချိန်မှာ တောင် ကလေး အယောက် ၇၀ ကျော်ကို ဆရာ နှစ်ယောက်ထဲက ဘာလုံခြုံရေးမှ မရှိပဲ ပုံမှန်အတိုင်း ညအိပ်စောင့်နေတာဟာ မဖြစ်သင့်ဘူးလို့ သာ ပြောချင်ပါတယ်။ အမှန်တရား အမြန်ဆုံးပေါ်ပေါက်နိုင်ပါစေခင်ဗျာ။

Credit by:အတီးဝါလုံးရှည်
Rangonnewsdaily
RND:3.4.2013

0 comments:

Post a Comment