Pages

Wednesday, April 3, 2013

ကရင်ပြည်နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

၃၁-၃-၂၀၁၃ ရက်နေ့ ၂၁၄၅ အချိန် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်း အရသက်သေများနှင့်အတူဘားအံမြို့နယ်၊လျှာကာကျေးရွာအုပ်စု၊ကူးဆိပ်ရပ် စက်လှေဆိပ်၊သံလွင်မြစ်ကမ်း
ဘေးနေမ၀င်းဝင်းခိုင်၏နေအိမ်အားဝင်ရောက်ရှာဖွေရာ မ၀င်းဝင်းခိုင်အား နေအိမ်ရှေ့ခန်းတွင် တွေ့ရှိရပြီး
၎င်းခန္ဓာကိုယ်မှWYစာတမ်းပါစိတ်ကြွဆေးပြား၉ပြား၊အလေးချိန် (၀.၉)ဂရမ်၊ တန်ဘိုးငွေကျပ်(၃၆၀၀၀ိ/-)နှင့် မူးယစ်ဆေးဝါး ရောင်းချရငွေကျပ်(၂၁၀၀၀ိ/-)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးချက်အရဆေးပြားများအားလွန်ခဲ့သော ၅ ရက်ခန့်က ဘားအံ မြို့နယ်၊ အိမ်နုစံပြကျေးရွာ၊ (၅)ရပ်ကွက်နေ စိုးဝင်း(ခ)ခွန်စိုးဝင်း(၃၀)နှစ်ထံမှ ၀ယ်ယူခဲ့ခြင်းဖြစ် ကြောင်း သိရှိရသဖြင့် စိုးဝင်း၏နေအိမ်အား ဆက်လက်ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးများမတွေ့ရှိရသော်လည်း စိုးဝင်းအား စစ်ဆေးချက်အရ ဘားအံမြို့နယ်၊ နောင်လိုအရှေ့ကျေးရွာအုပ်စု၊ မြပြည်ရွာသရက်တော ရွာနေ လှစန်း(ခ)အဒူး(၂၇)နှစ်ထံမှဝယ်ယူခဲ့ကြောင်းသိရှိရသဖြင့် လှစန်း၏နေအိမ်အား ဆက်လက်ရှာဖွေ ခဲ့သည်။ 
 
ထိုသို့ရှာဖွေခဲ့ရာ လှစန်း၏နေအိမ်အိပ်ခန်းအတွင်းမှWY စာတမ်းပါ စိတ်ကြွဆေးပြား ၈၅၇ ပြား၊ အလေးချိန် (၈၅.၇)ဂရမ်၊တန်ဘိုးငွေကျပ်(၃၄၂၈၀၀၀ိ/-)နှင့်ငွေစက်္ကူရောရာကျပ် (၁၆)သိန်းအား တွေ့ရှိသိမ်းဆည်းရမိ
ခဲ့သည်။
 
ဖြစ်စဉ်နှင့်ပတ်သက်၍ စိုးဝင်း(ခ)ခွန်စိုးဝင်းနှင့် လှစန်း(ခ)အဒူးတို့ ၂ ဦးအား အိန္ဒုရဲစခန်းမယ(ပ)၂/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၁၉(က)/၂၀(က)/၂၁ ဖြင့်လည်းကောင်း၊ ၀င်းဝင်းခိုင်နှင့် စိုးဝင်း(ခ) ခွန်စိုးဝင်းတို့အား ဘားအံရဲစခန်းမယ(ပ)၆/၂၀၁၃၊ အဆိုပါဥပဒေပုဒ်မ ၁၅/၁၆ (ဂ)/၂၀(က)/၂၁ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
 
ရဲဇာနည်
Rangonnewsdaily
RND:3.4.2013

0 comments:

Post a Comment