Pages

Wednesday, April 3, 2013

၄၈လမ်း ဆွဒီကီယာ အစ္စလာမ်ဘာသာရေးစာသင်ကျောင်းမှ ပထမပျောက်ဆုံးစာရင်းရှိ ကျောင်းသား၎ ယောက်မှ တစ်ယောက်ရဲ့ ထွက်ဆိုချက်ပါ

မီးလောင် ချိန်တွင် ရှိနေသော ကျောင်းသားတစ်ယောက် ရဲ့ မျက်မျင်ထွက်ဆိုချက်ကိုတင်ပြချင်ပါတယ်။ ဖြစ်ရပ်မှန်မှာ ည အချိန် (၂) နာရီ ခွဲ ခန့် လောက် က ကျောင်း ရှေ့ ဖိမပ်ချွတ် ကြမ်းခင်း မှ စလောင်ခြင်းဖြစ်ပါတယ်။ကျွန်တော် တို့ ကျောင်းသား ၃ယောက်က မီးသတ်နေတာပါ။အဲ့ဒီ့အချိန်မှာ ဆရာက ရေပြေးခတ်ပြီး လောင်းတယ်။ ရေကတော့ တော်တော် များပါတယ်။ပထမ တစ်ခေါက် ရေလောင်းတဲ့ အချိန်မှာ မီး ကို ရေ ထိတာနဲ့ တော်တော် ကို ထလောင် တယ်။ဒုတိယ တစ်ခေါက် လောင်းတဲ့ အချိန်မှာ လည်း ရေ ထိတာ နဲ့  ပိုပိုပြီး မီးလောင်လာပါတယ်။အခုဖြစ်ရပ်ကို ကြည့်ခြင်းဖြင့် CHEMICAL (ခေါ်) ဓာတုဗေဒ ပစ္စည်း များပါနေသည်ကို သိရှိနိုင်ပါတယ်။ ကျောင်းထဲမှာလည်း ဘုရားကျန်းစာ များ မ အပ မည်သည့် မီးလောင်စေနိုင်သော အရာ များမရှိပါ။
မီးလောင်ပြီး (၁၀)မိနစ် လောက် အထိ မီးမပျက်သေးပါဘူး။ပန်ကာတွေ လည်း မရပ်သေးပါ။ မီးအားမြှင့် စက် က AUTO ပါ။ဘယ်လိုမှ မီူအားမြှင့်စက် လျော့ခ် ဖြစ်တာ မဟုတ်ပါဘူး။ အဲ့ဒါနဲ့ ဆရာ ကပြောတယ်။မီးတွေ ပိတ်လိုက်လိုအ်ာမှဒါးမိန်းချလိုက်ပါတယ်။ကျောင်းမှ မီးလောင်ဖို့ မပြောနဲ့ ၊မီးလောင်စေနိုင်တဲ့ လောင်စာဆီ ပုံးတောင် မရှိပါဘူး။ဘာဖြစ်လို့ လဲဆိုတော့ အခု မီးလုံးဝ မပျက်တဲ့ အတွက် ဆီလည်း မ၀ယ်ဖြစ်ဘူး။ (မီးက ရှို့ ခံခဲ့ ရတာပါ။)ဖိနပ် ခန်းကနေ လောင်စာဆီ တစ်မျိုး ကိုလောင်းချပြီး မီး ရှို့ သွားတာပါ။
အခု ကျွန်တော်က ကျောင်းသားတစ်ယောက်ပါ။ကျွန်တော် မိတ်ဆွေ တစ်ဦး ကို အကူအညီတောင်းပြီးပုန်းနေရပါတယ်။ဘာဖြစ်လို့ လည်း ဆိုတော့ ကျွန်တော်တို့ ကျောင်းက ကျောင်းသား (၃)ယောက်ကို သာကေတ မှာ ဖမ်းသွားပါတယ်။ မေးမြန်းစရာရှိတယ်ဆိုပြီးတော့ (၂)ယောက် က အနော်မာ ၁၁လမ်း က ညနေ ၄း၀၀ လောက်က ခေါ်သွားတာပါ စစ်ဆေးစရာရှိတယ်ဆိုပြီးတော့။
နာက်တစ်ယောက် က အနော်မာ ၇လမ်းက ပါ သူ့ ကိုတော့ ညနေ ၆နာရီလောက်က ဖမ်းသွားတာပါ။အဲ့ဒါနဲ့  ည ၁၁ နာရီ လောက်မှာ အနော်မာ (၇)လမ်းက တစ်ယောက်နဲ့ အနော်မာ (၁၁)လမ်းက တစ်ယောက် လွတ်လာပါတယ်။ နောက်တစ်ယောက် ဖြစ်သူ အနော်မာ (၁၁)လမ်း ကတစ်ယောက် ဘယ် နေရာ မှာ၊ဘယ်လိုအခြေအနေ နဲ့ ရှိနေတယ်ဆိုတာ မသိရသေးပါဘူး။
ကျွန်တော် ည(၉)နာရီ သတင်းကို TV မှာကြည့်တော့ သတင်းမှာ ကလိမ်ကကျစ် စကားတွေ ပြောနေတဲ့ အတွက် ကျွန်တော် မခံမရပ် နိုင်လို့ ကျွန်တော့် မိတ်ဆွေ တစ်ယောက်ကို အကုအညီတောင်းပြီး အင်တာနက် ကို တင်ပေး၊ထည့်ပေးပါလို့  အကူအညီတောင်းရခြင်းဖြစ်ပါတယ်။
ကျွန်တော့် ဆရာတွေ မှာ အပြစ်မရှိပါဘူး။ကျွန်တော် တို့ ကို ပြည်သူလူထုတစ်ရပ်လုံး အနေနဲ့ ဝိုင်းဝန်းကူညီပေးကြပါဗျာ။ အောက်မှာ အသံဖိုလ်ပါ ပူးတွဲတင်လိုက်ပါတယ်။

အသံဖိုင်လ် --- http://soundcloud.com/narrsin/qhtp9ukktz1b
Rangonnewsdaily, RND:3.4.2013

0 comments:

Post a Comment