Pages

Friday, February 22, 2013

Myanmar Makro Industry Co.,Ltd လေလံကိစ္စ သတင်းစာရှင်းလင်း

Myanmar Makro Industry Co.,Ltd လေလံကိစ္စ သတင်းစာရှင်းလင်း

မြန်မာမက်ခရိုအင်ဒတ်(စ်)ထရီ ကုမ္ပဏီလီမီတက် (Myanmar Makro Industry Co.,Ltd) ဒါရိုက်တာအဖွဲ့မှ သာကေတစည်သွတ်စက်ရုံနှင့် မြေကွက်အား အနှစ်(၃၀) ငှားရမ်းလုပ်ကိုင်ခွင့်ရရှိခဲ့ရာမှ ငှားရမ်းခြင်းကာလ မကုန်ဆုံးမီ လေလံပစ်သည့်
ကိစ္စအပေါ် အဖြစ်မှန်ကို သတင်းနှင့် စာနယ်ဇင်းဆိုင်ရာပုဂ္ဂိုလ်များအား ရှင်းလင်းတင်ပြခြင်းကို ရန်ကုန်မြို့ Central Hotel တွင် ဖေဖော်ဝါရီလ ၂၁ရက်နေ့ နံနက် ၉း၀၀မှ ၁၂း၀၀နာရီခန့် အထိ ကျင်းပပြုလုပ်ခဲ့ရာ မီဒီယာ (၆၀)ကျော် တက်ရောက်ခဲ့သည်။
၁၉၉၇ ခုနှစ်၊ မေလ(၁၅)ရက်နေ့တွင် မြန်မာမက်ခရိုအင်ဒတ်(စ်)ထရီ ကုမ္ပဏီလီမီတက်နှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနတို့ သဘောတူချုပ်ဆိုထားသော အငှားစာချုပ်သက်တမ်းသည် ကနဦးငှားရမ်းခြင်း အနှစ်(၂၀)ကာလအတွက် (၁၄.၅.၂၀၁၇) နေ့အထိ အကျုံးဝင်ပြီး ထိုကာလမတိုင်ခင် မွေးမြူရေးနှင့် ရေလုပ်ငန်း
ဝန်ကြီးဌာန၊ မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးသက်ဆွေ မှ သာကေတဆီသွတ်စက်ရုံအား မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း သို့ ပြန်လည်လွှဲပြောင်းပေးရန် (၃.၂.၂၀၁၂)ရက်နေ့ နေ့စွဲပါစာကို မြန်မာမက်ခရိုအင်ဒတ်(စ်)ထရီ ကုမ္ပဏီလီမီတက်သို့ ပေးပို့ခဲ့ပြီး အစိုးရမြေတွင် ခွင့်ပြုချက်မရှိပဲ ဆက်လက်နေထိုင်သဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းသို့ မြေ(၄.၇၀)ဧကရှိ သာကေတ စည်သွတ်စက်ရုံအား (၂၅)ရက်အတွင်း ပြန်လည်အပ်နှံပါရန် (၂၁.၆.၂၀၁၂)ရက်နေ့
တွင် ထပ်မံပေးပို့ခဲ့သည်။ ထို့ကြောင့် အငှားစာချုပ်သက်တမ်းကာလ ပြည့်သည့် (၁၄.၅.၂၀၁၇)နေ့အထိ ဆက်လက်လုပ်ကိုင်ခွင့်ရလိုကြောင်း၊ မရရှိပါက အငှားစာချုပ်သက်တမ်းကာလအတွင်း အဆိုပါစက်ရုံနှင့်မြေကွက်ကို ဒေါ်မေအေးမွန်ဆိုသူအား ကျပ်သန်း(၃၂၉၀)ဖြင့် လေလံတင်ရောင်းချခဲ့သည့်အပေါ် အဆိုပါဝန်ကြီးဌာနသို့ တရားစွဲဆိုသွားရန် အစီအစဉ်ရှိကြောင်း ဦးမိုးမြင့်ကျော်(မန်နေးဂျင်းဒါရိုက်တာ) မြန်မာမက်ခရိုအင်ဒတ်(စ်)ထရီ ကုမ္ပဏီလီမီတက်မှ မီဒီယာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

News & Photo From: Burma VJ Media Network
News Link >>https://www.facebook.com/burmavjmedia
အေးချမ်းမွန်

မြန်မာမက်ခရိုအင်ဒတ်(စ်)ထရီ ကုမ္ပဏီလီမီတက် (Myanmar Makro Industry Co.,Ltd)ဒါရိုက်တာအဖွဲ့မှ သာ
ကေတစည်သွတ်စက်ရုံနှင့် မြေကွက်အား အနှစ်(၃၀)ငှားရမ်းလုပ်ကိုင်ခွင့်ရရှိခဲ့ရာမှငှားရမ်းခြင်းကာလ မကုန်
ဆုံးမီ လေလံပစ်သည့်ကိစ္စအပေါ် အဖြစ်မှန်ကို သတင်းနှင့် စာနယ်ဇင်းဆိုင်ရာပုဂ္ဂိုလ်များအား ရှင်းလင်းတင်
ပြခြင်းကို ရန်ကုန်မြို့ Central Hotel တွင် ဖေဖော်ဝါရီလ ၂၁ရက်နေ့ နံနက်၉း၀၀မှ၁၂း၀၀နာရီခန့်အထိ ကျင်း
ပပြုလုပ်ခဲ့ရာ မီဒီယာ (၆၀)ကျော် တက်ရောက်ခဲ့သည်။
၁၉၉၇ ခုနှစ်၊ မေလ(၁၅)ရက်နေ့တွင် မြန်မာမက်ခရိုအင်ဒတ်(စ်)ထရီ ကုမ္ပဏီလီမီတက်နှင့် မွေးမြူရေးနှင့်
 ရေလုပ်ငန်းဝန်ကြီးဌာနတို့ သဘောတူချုပ်ဆိုထားသော အငှားစာချုပ်သက်တမ်းသည် ကနဦးငှားရမ်းခြင်း အနှစ်(၂၀)ကာလအတွက် (၁၄.၅.၂၀၁၇) နေ့အထိ အကျုံးဝင်ပြီး 
 
ထိုကာလမတိုင်ခင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်
ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးသက်ဆွေ မှ သာကေတဆီသွတ်စက်ရုံအား မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းသို့ ပြန်လည်လွှဲပြောင်းပေးရန် (၃.၂.၂၀၁၂)ရက်နေ့ နေ့စွဲပါစာကို မြန်မာမက်ခရိုအင်
ဒတ်(စ်)ထရီ ကုမ္ပဏီလီမီတက်သို့ ပေးပို့ခဲ့ပြီး အစိုးရမြေတွင်ခွင့်ပြုချက်မရှိပဲ ဆက်လက်နေထိုင်သဖြင့် မွေးမြူ
ရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းသို့ မြေ(၄.၇၀)ဧကရှိ သာ
ကေတ စည်သွတ်စက်ရုံအား (၂၅)ရက်အတွင်း ပြန်လည်အပ်နှံပါရန် (၂၁.၆.၂၀၁၂)ရက်နေ့တွင် ထပ်မံ
ပေးပို့ခဲ့သည်။ 
 
ထို့ကြောင့် အငှားစာချုပ်သက်တမ်းကာလ ပြည့်သည့် (၁၄.၅.၂၀၁၇)နေ့အထိ ဆက်လက်လုပ်ကိုင်ခွင့်ရလို
ကြောင်း၊ မရရှိပါက အငှားစာချုပ်သက်တမ်းကာလအတွင်း အဆိုပါစက်ရုံနှင့်မြေကွက်ကို ဒေါ်မေအေးမွန်ဆို
သူအား ကျပ်သန်း(၃၂၉၀)ဖြင့် လေလံတင်ရောင်းချခဲ့သည့်အပေါ် အဆိုပါဝန်ကြီးဌာနသို့တရားစွဲဆိုသွား
ရန် အစီအစဉ်ရှိကြောင်း ဦးမိုးမြင့်ကျော်(မန်နေးဂျင်းဒါရိုက်တာ) မြန်မာမက်ခရိုအင်ဒတ်(စ်)ထရီ ကုမ္ပဏီလီမီ
တက်မှ မီဒီယာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
 
RND: 22.2.2013
Burma VJ Media

0 comments:

Post a Comment