Pages

Friday, February 22, 2013

ဝက်ဝံရုပ်များပစ်ချသောလေယာဉ်ကြောင့် ဘီလာရုစ်နယ်စပ် အစောင့်ထောင်ကျ

Friday, February 22, 2013

ဘီလာရုစ်နိုင်ငံသို့ဝင်ရောက်၍ ဒီမိုကရေစီရေးလှုံ့ဆော်သောစာတမ်းများ ချိတ်ထားသည့် ၀က်ဝံရုပ်ရာပေါင်းများစွာကို ကြဲချခဲ့သည့် လေယာဉ်
တစ်စီးကို တားမြစ်ရန်ပျက်ကွက်ခဲ့သည့်အတွက် နယ်စပ်အစောင့်တာဝန်ရှိ သူတစ်ဦးကို ဘီလာရုစ်တရားရုံးတစ်ခုက ထောင်ဒဏ်နှစ်နှစ် ပြစ်ဒဏ်ချ မှတ်လိုက်သည်။ အဆိုပါအစောင့်တပ်ဖွဲ့မှတာဝန်ရှိသူကို အဆင့်မြင့်

လုံခြုံရေးဆိုင်ရာ မွမ်းမံစခန်းတစ်ခု၌ ၎င်း၏ထောင်ဒဏ်ပြစ်ဒဏ်ကို ကျခံစေမည်ဖြစ်ကြောင်း တရားရုံးချုပ်ကဆိုသည်။ ပြစ်ဒဏ်ချမှတ်
ခံရသောတာဝန်ရှိသူ၏ အမည်နှင့် ရာထူးအဆင့်ကို ထုတ်ပြန်ကြေညာခြင်း
မရှိပေ။

ပြီးခဲ့သည့်ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သော ဆွီဒင်ကြော်ငြာကုမ္ပဏီ
တစ်ခုက ပြုလုပ်သည့်လေယာဉ်ပေါ်မှဝက်ဝံရုပ်များကြဲချမှုနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်ကြီးနှစ်ဦးကို ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှင်ကိုက ရာထူးမှထုတ်ပယ်ခဲ့သည်။

ဆွီဒင်နိုင်ငံသားနှစ်ဦးကို တင်ဆောင် လာသော အပေါ့စား လေယာဉ်သည် အိမ်နီးချင်း လစ်သူယေးနီးယားနိုင်ငံမှ ဘီလာရုစ် လေပိုင်နက်အတွင်း ၀င်ရောက်၍ အိုင်ဗ်ယန်နက်စ်မြို့အလယ်ပိုင်းတွင် ခပ်နိမ့်နိမ့် ပျံသန်းကာ
ရာနှင့်ချီသော ၀က်ဝံရုပ်များကို ကြဲချခဲ့သည်။ ထို့နောက် ဘီလာရုစ် စစ်တပ်၏နှောင့်ယှက်ဟန့်တားမှု တစ်စုံတစ်ရာမခံရဘဲ လစ်သူယေးနီးယား
နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

များမကြာမီမှာပင် ဆိုဗီယက် ပြည်ထောင်စု၏ ပြည်နယ်ဟောင်း
တစ်ခုဖြစ်ခဲ့သော ဘီလာရုစ်နိုင်ငံ၏ မြေပြင်ပေါ်သို့ လေယာဉ်ပေါ်မှ ကြဲချသောဝက်ဝံရုပ်များနှင့် ပတ်သက်သည့်ဗီဒီယိုဖိုင်များအင် တာနက်မှထွက်ပေါ်လာသည်။ သို့သော် ဘီလာရုစ်အစိုးရက ယင်းအဖြစ်အပျက်ကိုသီတင်း ပတ်သုံးပတ်ကြာမှသာ သတိပြုမိခဲ့သည်။

အဆိုပါဖြစ်ရပ်က ဘီလာရုစ်နိုင်ငံနှင့် ဆွီဒင်နိုင်ငံအကြားသံတမန် ဆက်ဆံမှုကိုထိခိုက်ရန် အစပျိုးခဲ့သည်။ ဘီလာရုစ်အစိုးရက ဆွီဒင်သံတမန်များကို နိုင်ငံမှနှင်ထုတ်ခဲ့ပြီး ဆွီဒင် နိုင်ငံမှ၎င်းသံရုံး ၀န်ထမ်းများကိုလည်း ပြန်လည်ရုပ်သိမ်းခေါ်ယူခဲ့သည်။

ကြော်ငြာကုမ္ပဏီစတူဒီယိုတိုတယ်လ်က ယင်းဖြစ်ရပ်မှာဆန္ဒဖော်ထုတ်မှု
ကြွေးကြော်သံများချိတ်ဆွဲ ထားသောဝက်ဝံရုပ်များ သယ်ဆောင်သွားသော ဒီမိုကရေစီရေးလှုပ်ရှားသည့် ဘီလာရုစ်တက်ကြွလှုပ်ရှားသူများက လှုံ့ဆော်လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

RND: 22.2.2013
Ref: CNN

0 comments:

Post a Comment