Pages

Friday, February 22, 2013

ရပ်ကွက်အသုံးပြု အားကစားကွင်းပြန်လည်ရရှိရေး ပြည်သူ ၆၀၀ ကျော်လက်မှတ်ရေးထိုးတောင်းဆို

Friday, February 22, 2013

သာကေတမြို့နယ်၊ ၄ရပ်ကွက်တောင်ပိုင်း၊ ရပ်ကွက်အသုံးပြုကစားကွင်းကို စည်ပင်သာယာမှ ခြံစည်းရိုးခတ် အဆောက်အအုံ ဆောက်နေမှုကြေင့် ပြန်လည်ရရှိရေးအတွက် ရပ်ကွက်နေပြည်သူ ၆၀၀ ကျော်ခန့် သက်
ဆိုင်ရာဌာန အသီးသီးသို့ လက်မှတ်ရေးထိုး တောင်းဆိုပြီးဖြစ်ကြောင်း အားက စားကွင်း ပြန်လည်ရရှိရေး
ဦးဆောင်သူ ကိုစောဦးက ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။
အဆိုပါ အားကစားကွင်းသည် ၁၉၆၂ခုနှစ်၊ သာကေတမြို့ စတင် တည်ထောင်စဉ်ကာလအချိန်မှစ၍ ၂၀၁၁
ခုနှစ်ထိ အားကစားကွင်းအဖြစ် တည်ရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် စည်
ပင်ဝန်ထမ်းများ ပူးပေါင်း၍ ရပ်ကွက်နေပြည်သူများကို အားကစားကွင်း မွမ်းမံ ပေးမည်ဟု ပြောဆို၍ မြေကြီး
များ စုပုံခြင်းကိုပြုလုပ်ခဲ့ကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများက အားကစားကွင်းကို မြေလွတ်မြေရိုင်းဟု ရပ်ကွက်နေပြည်သူများကို ပြောဆို၍ လမ်းတံတား ဌာနစည်ပင် အိမ်ရာဆောက်လုပ်ရန် အကြောင်းပြပြော
ဆို၍ ခြံဝင်းခတ်ခြင်းများ ကို ပြုလုပ်လျက် ရှိကြောင်း ၎င်းကပြောသည်။

““ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဒီအားကစားကွင်းက မြေလွတ်မြေရိုင်း ဟုတ်မဟုတ်ဆိုတာ သူကိုယ်တိုင်သိ
တယ်။ နေ့ထူးရက်မြတ်တွေမှာ ရပ်ကွက်ပေါင်းစုံ မြို့နယ်ပေါင်စုံ လူငယ်ဘောလုံးအဖွဲ့ တွေကိုခေါ်ပြီး ဖလား
လုခိုင်းတယ်။ သူကိုယ်တိုင်ပဲ ဆုချခဲ့တာ။ ၁၄- ၂-၂၀၁၂ ရက်က ရပ်ကွက်နေ ပြည်သူ၇၀ခန့်ကိုခေါ်ပြီး ဘာ
ကြောင့် အထက်လူကြီးတွေရှေ့မှာ မြေလွတ်မြေရိုင်းပါလို့ ပြောခိုင်း တာလဲ။ အားကစားကွင်းနဲ့ ပတ်သက်ပြီး
ဖြစ်စဉ်တွေက တော်တော်စဉ်းစားဖို့ကောင်းတယ်။ အားကစားကွင်းကို ခြံစည်းရိုးခတ်ပြီး အဆောက်အအုံ
တွေဆောက်ရင်တော့ ရပ်ကွက် နေပြည်သူ တွေက လုပ်သင့်လုပ်ထိုက်တာလုပ်ရမှာပေါ့။ ခေါင်းဆောင်ဆို
တာ ပြည်သူတွေရဲ့ကောင်းကျိုးကို ကိုယ်စားပြုတဲ့ ခေါင်းဆောင် ပဲဖြစ်သင့်တယ်””ဟု ၎င်းက ဆက်လက်
 ပြောသည်။

““ကျွန်မတို့က ဒီအားကစားကွင်းဆက်လက်ထားရှိပေးဖို့တော့ သက်ဆိုင်ရာအဆင့်ဆင့်ကိုတော့ ရပ်ကွက်
နေပြည်သူတွေ စုပေါင်းပြီး စာတင်ထားတယ်။ ဘောကွင်းပြင်မယ်ပြောပြီး မြေကြီတွေတောင် ပုံယာပုံဟိုပုံဒီ
ပုံလုပ်တယ်။ ကစားကွင်း ပျက်စီးတယ်။ ယခုတစ်ခါ မြေလွတ်မြေရိုင်းဆိုပြီး သက်ဆိုင် ရာအဖွဲ့တွေနဲ့ပေါင်းပြီး စည်ပင် သာယာအိမ်ရာတွေဆောက်ဖို့၊ အားကစားကွင်းပတ်လည်မှာ အလံတွေ စိုက်တယ်၊ မြောင်းတွေတူး
တယ်။ ၂၀၁၁နောက်ပိုင်း ယနေ့ထိ အားကစားကွင်းက ပျက်စီးပြီး နေ့ထူး ရက်မြတ်တွေမှာ ဘာပွဲမှ ကျင်းပ
လို့မရဘူးဖြစ်နေပြီ”” ဟု ရပ်ကွက်နေပြည်သူဒေါ်မြင့်မြင့်မာက ပြောသည်။

““ကျွန်တော်တို့က ရပ်ကွက်အတွင်း အားကိုးရမယ်ထင်လို့ ပြည်သူတွေက မဲပေးပြီးလွှတ်တော် ကိုယ်စား
လှယ်တွေ၊ အုပ်ချုပ်ရေးမှူးတွေ ရွေးခဲ့တာ၊ ရပ်ကွက်အတွက်တကယ် လိုအပ်တဲ့အချိန်မှာ ဦးဆောင်ဖြေရှင်း
ပေးမယ့် လူရှာလို့မတွေ့ဘူး””ဟု အဆိုပါ ရပ်ကွက်နေပြည်သူ တစ်ဦးက ပြောကြားခဲ့သည်။

ရပ်ကွက်နေပြည်သူများ၏ ပြောကြားချက်အပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းက ““ အားကစား
ကွင်းကို တစ်ခါကမှ ရပ်ကွက်ပြည်သူ တွေရှေ့မှာ မြေလွတ်မြေရိုင်းပါလို့ မပြောခဲ့ပါဘူး။ ဒီအားကစားကွင်းက ဟိုအရင်ကတည်းက ကစားကွင်းပါ။ ဘယ်အဖွဲ့ကပိုင်တယ်၊ ဘယ်သူ ပိုင်တယ် ဆိုတာတော့မသိဘူးဟု မြန်
မာသံတော်ဆင့်၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ သည်။


RND: 22.2.2013
Myanmartandawsint

0 comments:

Post a Comment