Pages

Friday, February 22, 2013

လာမည့် ဘဏ္ဍာနှစ်တွင် ပညာရေးအသုံးစရိတ် ယခင်နှစ်ထက် ကျပ်ဘီလျံ ၃ဝဝ ပိုမိုအသုံးပြုမည် နိုင်ငံ၏ စီးပွားရေး တိုးတက်ပါက ပညာရေးအသုံးစရိတ် ထပ်မံတိုးမြှင့်မည်ဟု ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြား

Friday, 22 February 2013
လာမည့် ၂ဝ၁၃-၂ဝ၁၄ ပညာရေးနှစ်အတွက် ပညာရေးအသုံးစရိတ် ကျပ်ဘီလျံ ၉ဝဝ အသုံးပြုမည်ဖြစ်ပြီး ယခင်နှစ်ကထက် ကျပ်ဘီလျံ ၃ဝဝ ပိုမို အသုံးပြုမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဖေဖော်ဝါရီ ၁၈ ရက်မှ စတင်ပြီး ကယားပြည်နယ်နှင့် ကရင်ပြည်နယ်သို့ သွားရောက်သည့် ခရီးစဉ်အတွင်း၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် နိုင်ငံ၏ စီးပွားရေး တိုးတက်ပါက ပညာရေးကဏ္ဍ အသုံးစရိတ်ကို ထပ်မံတိုးမြှင့်မည် ဖြစ်ကြောင်းလည်း သိရှိရသည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ဖေဖော်ဝါရီလ ၁၈ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့သို့ ရောက်ရှိစဉ် လွိုင်ကော်တက္ကသိုလ်များမှ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံရာ၌ နိုင်ငံတော် အနေဖြင့် နိုင်ငံ၏ ပညာရေးကို နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်အောင် ပြုပြင်မှု အမျိုးမျိုး ပြုလုပ်သည့်အထဲ၌ နိုင်ငံတကာ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ ရှိပြီး ပညာရေးအသုံးစရိတ်လည်း နှစ်ဆသုံးဆ တိုးမြှင့်ချထားပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ပညာရေးကဏ္ဍအတွက် ယခု ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၆ဝဝ ဘီလျံနှင့် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်တွင် ကျပ်ဘီလျံ ၃ဝဝ သုံးစွဲခဲ့ကြောင်း သိရသည်။

ပညာရေး ကဏ္ဍအတွက် တိုးမြှင့်ဆောင်ရွက်ပေးမှုများ ရှိနေသော်လည်း အခြေခံလိုအပ်ချက် များစွာလိုအပ်နေသေးသည်ဟု ထင်မြင်နိုင်ကြောင်း အဆိုပါကိစ္စသည် နိုင်ငံ၏ စီးပွားရေး အခြေအနေ တိုးတက်မှုပေါ် မူတည်ပြီး စီးပွားရေးတိုးတက်လာသည်နှင့်အမျှ ပညာရေးကဏ္ဍ အသုံးစရိတ်အတွက် ထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ဆရာ၊ ဆရာမများ၏ လိုအပ်ချက်များကို တတ်နိုင်သရွေ့ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့သည်။

''ကျောင်းတွင်း၊ ကျောင်းပြင် အရည်အသွေး ပြည့်စုံသည့် ဘွဲ့ရများက အလုပ်အကိုင် အခွင့်အလမ်း ပိုရှိမည်ဖြစ်ပြီး ဖွံ့ဖြိုးမှုအများဆုံး အကောင်းဆုံး စီးပွားရေးလုပ်ငန်းမှာ ဦးနှောက်အသုံးပြုသည့် စီးပွားရေးလုပ်ငန်းပင် ဖြစ်ကြောင်း၊ Electronic Industry အမှီပြုနိုင်သော နိုင်ငံသည် အနှေးနှင့်အမြန် စီးပွားရေးရှေ့တန်း ရောက်ရှိလာခြင်းကို တွေ့ရမည်ဖြစ်ပြီး သဘာဝသယံဇာတ ရှားသော်လည်း နိုင်ငံတိုးတက်မည်'' ဟု ဒုတိယသမ္မတက ပြောကြားခဲ့သည်။

RND: 22.2.2013

Eleven Media Group

0 comments:

Post a Comment