Pages

Friday, February 22, 2013

ဝတ်သောက်ကားစီးလာသော လူကြီးသားတစ်ဦးနယ်မှ ရိုးမဘဏ် သို့ငွေလာထုတ်သော ကျေးလက်ဆိုင်ကယ်သမားတစ်ဦးကို လက်သီးဖြင့် ဆင်းထိုး

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူကြီးတစ်ယောက်၏သားသည် ယခုလ(၂၀)ရက်နေ့ မွန်းလွဲချိန်ခန့်က မုံရွာမြို့ ဆူးလေကုန်ရပ်ကွက် ဘူတာလမ်းအတိုင်း အရှေ့မှ အနောက်သို့ ၀တ်သောက်ကားတစ်စီးအားမောင်းနင်းလာရာတွင် ရိုးမဘဏ်အနီးနေရာ`၌ နယ်မှ ဘဏ်ငွေလာထုတ်သော ကျေးလက်ဆိုင်ကယ်သမားတစ်ဦးနှင့် ညိမိဟန်ပြုခဲ့ရာ ၀တ်သောက်ကားစီး လူကြီးသားမှ ကားပေါ်မှဆင်း၍ ဆိုင်ကယ်သမားအား လက်သီးဖြင့် နိုင်ထက်စီးနင်းထိုခဲ့ကြောင်းသိရသည်။ " ဘဏ်ရှေ့က လူတွေဝိုင်းပြီးတောင်းပန်တာတောင် အဲ့ဒီကိုယ်တော်လေးက ဂရုမစိုက်ဘူးဗျ..။ ဆိုင်ကယ်သမားက တောနယ်ဘက်ကလာပြီးငွေထုတ်တဲ့သူဆိုတော့ မျက်လုံးလေးပေကလပ်လပ်နဲ့ စိတ်အားငယ်စွာ ခေါင်းငုံ့ခံနေရပါတယ်..။ 
အားလုံးက သနားတာကြောင့် ၀ိုင်းပြီးတောင်းပန်တောင် လူကြီးသားက စိတ်မပြေဘူး။ ဒါနဲ့ ယာဉ်ထိန်းကို ဖုန်းဆက်အကြောင်းအကြားတဲ့အခါ ယာဉ်ထိန်းရဲရောက်လာတယ်..။ စီစစ်ကြည့်တဲ့အခါ လူကြီးသားစီးလာတဲ့ကား လိုင်စင်မဲ့ကားဖြစ်နေတာကိုတွေ့ရပါတယ်" ဟု ရိုးမဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦးမှ မုံရွာတိုင်မ်းပြောပါတယ်။
လူကြီးသားဖြစ်သူက ယာဉ်ထိန်းကိုဖုန်းဆက်ပြီးတိုင်ရမလားဆိုပြီး ..ရန်ငြိုးထားကာ မနေ့ ညပိုင်းက အား/ကာ တိုက်တန်းမှာ ရှိတဲ့ ကုဋေစု အရက်ဆိုင်ကို တုတ်၊ဓား လက်နက်ကိုယ်စီကိုင်ထားတဲ့ လူငယ် ၂၀ လောက်နဲ့ ဖုန်းဆက်တိုင်သူကို ၀င်လာပြီးရှာဖွေခဲ့ကြောင်းသိရပါတယ်..
မင်းမဲ့စရိုက်အဖြစ် အသွင်သဏ္ဍန်ဆန်ဆန်လုပ်လာတဲ့ လူကြီးသားကို မြို့ခံပြည်သူတွေက ကျေနပ်မှုမရှိကြောင်းသိရသည်။
(ဤ သတင်းပါ လူကြီးသားနှင့်ပတ်သက်၍ သတင်းကျင့်ဝတ်အရ လူပုဂ္ဂိုလ်နာမည်များ မသုံးခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်အား ဗီဒီယို မှတ်တမ်းရိုက်ကူးထားပါသည်..။)

RND: 22.2.2013
Monywa Times

0 comments:

Post a Comment