Pages

Friday, February 22, 2013

ဂျိုးဖြူပိုက်လုံး၏ လုံခြုံရေး ဧရိယာအတွင်း ကျရောက်နေသော ထောက်ကြန့် ပိုက်လုံးတန်း ပျံကျဈေးကို ဖေဖော်ဝါရီ ၂၄ ရက် နောက်ဆုံးထား ပြောင်းရွှေ့ရမည်ဟု သက်ဆိုင်ရာမှ ထပ်မံထုတ်ပြန်

ဂျိုးဖြူပိုက်လုံး၏ လုံခြုံရေး ဧရိယာအတွင်း ကျရောက်နေသော ထောက်ကြန့် ပိုက်လုံးတန်း ပျံကျဈေးကို ဖေဖော်ဝါရီ ၂၄ ရက် နောက်ဆုံးထား ပြောင်းရွှေ့ရမည်ဟု သက်ဆိုင်ရာမှ ထပ်မံထုတ်ပြန်

    Created on Friday, 22 February 2013 14:28 

ဂျိုးဖြူပိုက်လုံး၏ လုံခြုံရေး ဧရိယာအတွင်း ကျရောက်နေသော ထောက်ကြန့်ပိုက်လုံးတန်း ပျံကျဈေးကို ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီ နောက်ဆုံးထား၍ သိရီရတနာဈေးသစ်သို့ ပြောင်းရွှေ့ရမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာန လက်ထောက် ဌာနမှူး ဦးအောင်ဒင်ဦးက ဖေဖော်ဝါရီ ၂၂ ရက်က ပြောကြားသည်။

ထောက်ကြန့်မြို့ ရတနာဈေး အနီး (အရပ်အခေါ်) ပိုက်လုံးတန်း ပျံကျဈေးသည် ရန်ကုန်မြို့တော်သို့ ရေပေးဝေနေသော ဂျိုးဖြူပိုက်လုံး၏ လုံခြုံရေး ဧရိယာ ပေ ၄၀ အတွင်းကျ ရောက်နေပြီး ပိုက်လုံးပေါက်ကွဲမည် ကိုစိုးရိမ်ရ၍ ယခုလို ပြောင်းရွှေ့ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ထောက်ဌာနမှူး ဦးအောင်ဒင်ဦးကပင် “ပထမတော့ ဖေဖော်ဝါရီ ၂၁ ရက်ညနေ ၆ နာရီ နောက်ဆုံးထား ပြောင်းခိုင်းခဲ့တယ်၊ ဒါပေမယ့် သူတို့က အဲဒီနေ့ညတွင်းချင်း သက်ဆိုင်ရာကို ၂၈ ရက် နောက်ဆုံးထားပေးဖို့ စာတင်တယ်။ အခု ကျွန်တော်တို့က ၂၄ ရက် မွန်းလွဲ ၂ နာရီ သတ်မှတ်ပေးခဲ့တယ်။ တကယ်လို့ ဂျိုးဖြူပိုက်လုံး ပေါက်ကွဲခဲ့မယ် ဆိုရင် ပေ ၆၀ လောက် လွင့်စင်ပေါက်ကွဲပြီး လူတွေ အထိအခိုက် ရှိလာမယ်” ဟု ပြောသည်။

ဖေဖော်ဝါရီ ၂၂ ရက်နံနက် ၇ နာရီခန့်က ပိုက်လုံးတန်း ပျံကျဈေး အခြေအနေကို ဈေးသည်တစ်ဦးက “မနက်မိုးလင်းကတည်းက စည်ပင်သာယာ ကားသုံးစီးနဲ့ အင်အား ၅၀ ကျော်လောက် ဈေးရှေ့ ရောက်နေတယ်။ အခုထိတော့ ဘာမှမဖြစ် သေးပါဘူး။ အေးအေးဆေးဆေး ရောင်းရပါတယ်။ အခု ဒီဈေးလေးမှာ အပေါက်နှစ်ပေါက် ရှိပေမယ့် စည်ပင်က နောက်ပေါက်ကို ပိတ်ထားတယ်။ ၀ယ်သူတွေက ကွေ့ဝိုက်ပြီး အရှေ့ပေါက်က လာရတော့ သိပ်ပြီး အရောင်းအ၀ယ် မတွင်ကျယ်ဘူး” ဟု ရှင်းပြသည်။

ဖေဖော်ဝါရီ ၂၂ ရက်နံနက် ၇ နာရီခန့်က စည်ပင်သာယာ တာဝန်ရှိသူများ ယခုလို ရောက်ရှိနေခြင်းသည် ပျံကျဈေးကို ယခုလ ၂၁ ရက် တွင် ပြောင်းရွှေ့ခိုင်းထား၍ သန့်ရှင်းရေး ပြုလုပ်ရန် လာရောက်ခြင်းသာ ဖြစ်ကြောင်း လက်ထောက် ဌာနမှူး အောင်ဒင်ဦးက ဆက်လက် ရှင်းပြသည်။

ပျံကျဈေးသူ ဈေးသားများကိုယ်စား ဦးထင်ကျော်ကမူ “တကယ်လို့ ပိုက်လုံးဘေးကနေ ဖယ်ပေးရမယ်ဆိုလည်း လုံခြုံရေး ဧရိယာ ပေ ၄၀ ကို နောက်ဆုတ်ပြီး ဈေးနေရာက ဖယ်ပေးမယ်။ ပြီးရင် ကျောက်တိုင်စိုက်ပြီး အဲဒီနေရာကနေ ကိုယ်ထူကိုယ်ထ ခြံစည်းရိုးခတ်ပြီး ဆက်လက် ရောင်းချခွင့် ရမယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။

လက်ရှိတွင် ထောက်ကြန့် ပိုက်လုံးတန်း ပျံကျဈေးမှ ဈေးသည်အချို့ အဆိုပါ ဈေးသစ်တွင် နေရာယူ ရောင်းချနေပြီလည်း ဖြစ်သည်။

ဈေးနေရာသစ်ဖြစ်သော သီရိရတနာဈေး (ခေါ်) ကျောက်တိုင်ဈေးမှာ ဧရိယာ ၃ ဒသမ ၅ ဧက ကျယ် ၀န်းပြီး သားငါး၊ ဟင်းသီးဟင်းရွက်နှင့် ပန်းတို့ အဓိကရောင်းချပြီး အဆိုပါဈေးသစ်သည် ထောက်ကြန့် မြို့ရှောင်လမ်းနှင့် ရန်ကုန်-ပဲခူး လမ်းမကြီး၏ထောင့်တွင် တည်ရှိသည်။


ထောက်ကြန့်မြို့ပိုက်လုံးတန်းပျံကျဈေးနားရှိ ဂျိုးဖြူပိုက်လုံးကိုဖေဖော်ဝါရီ ၂၂ ရက်ကတွေ့ရစဉ်

Eleven Media Group
ထောက်ကြန့်မြို့ပိုက်လုံးတန်းပျံကျဈေးနားရှိ ဂျိုးဖြူပိုက်လုံးကိုဖေဖော်ဝါရီ ၂၂ ရက်ကတွေ့ရစဉ်
Friday, 22 February 2013 
  ဂျိုးဖြူပိုက်လုံး၏ လုံခြုံရေး ဧရိယာအတွင်း ကျရောက်နေသော ထောက်ကြန့်ပိုက်လုံးတန်း ပျံကျဈေးကို ဖေ
ဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီ နောက်ဆုံးထား၍ သိရီရတနာဈေးသစ်သို့ ပြောင်းရွှေ့ရမည်ဟု ရန်ကုန်
မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာန လက်ထောက် ဌာနမှူး ဦးအောင်ဒင်ဦးက ဖေဖော်ဝါရီ ၂၂ ရက်က ပြောကြားသည်။
ထောက်ကြန့်မြို့ ရတနာဈေး အနီး (အရပ်အခေါ်) ပိုက်လုံးတန်း ပျံကျဈေးသည် ရန်ကုန်မြို့တော်သို့ ရေ
ပေးဝေနေသော ဂျိုးဖြူပိုက်လုံး၏ လုံခြုံရေး ဧရိယာ ပေ ၄၀ အတွင်းကျ ရောက်နေပြီး ပိုက်လုံးပေါက်ကွဲမည် ကိုစိုးရိမ်ရ၍ ယခုလို ပြောင်းရွှေ့ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ထောက်ဌာနမှူး ဦးအောင်ဒင်ဦးကပင် “ပထမတော့ ဖေဖော်ဝါရီ ၂၁ ရက်ညနေ ၆ နာရီ နောက်ဆုံး

ထား  ပြောင်းခိုင်းခဲ့တယ်၊ ဒါပေမယ့် သူတို့က အဲဒီနေ့ညတွင်းချင်း သက်ဆိုင်ရာကို ၂၈ ရက် နောက်ဆုံးထား
ပေးဖို့ စာတင်တယ်။ အခု ကျွန်တော်တို့က ၂၄ ရက် မွန်းလွဲ ၂ နာရီ သတ်မှတ်ပေးခဲ့တယ်။ တကယ်လို့ ဂျိုး
ဖြူပိုက်လုံး ပေါက်ကွဲခဲ့မယ် ဆိုရင် ပေ ၆၀ လောက် လွင့်စင်ပေါက်ကွဲပြီး လူတွေ အထိအခိုက် ရှိလာမယ်” ဟု ပြောသည်။

ဖေဖော်ဝါရီ ၂၂ ရက်နံနက် ၇ နာရီခန့်က ပိုက်လုံးတန်း ပျံကျဈေး အခြေအနေကို ဈေးသည်တစ်ဦးက “မနက်

မိုးလင်းကတည်းက စည်ပင်သာယာ ကားသုံးစီးနဲ့ အင်အား ၅၀ ကျော်လောက် ဈေးရှေ့ ရောက်နေတယ်။ အခုထိတော့ ဘာမှမဖြစ် သေးပါဘူး။ အေးအေးဆေးဆေး ရောင်းရပါတယ်။အခုဒီဈေးလေးမှာအပေါက်နှစ်
ပေါက် ရှိပေမယ့် စည်ပင်က နောက်ပေါက်ကို ပိတ်ထားတယ်။ ၀ယ်သူတွေက ကွေ့ဝိုက်ပြီး အရှေ့ပေါက်က လာရတော့ သိပ်ပြီး အရောင်းအ၀ယ် မတွင်ကျယ်ဘူး” ဟု ရှင်းပြသည်။

ဖေဖော်ဝါရီ ၂၂ ရက်နံနက် ၇ နာရီခန့်က စည်ပင်သာယာ တာဝန်ရှိသူများ ယခုလို ရောက်ရှိနေခြင်းသည် ပျံကျဈေးကို ယခုလ ၂၁ ရက် တွင် ပြောင်းရွှေ့ခိုင်းထား၍ သန့်ရှင်းရေး ပြုလုပ်ရန် လာရောက်ခြင်းသာ ဖြစ်

ကြောင်း လက်ထောက် ဌာနမှူး အောင်ဒင်ဦးက ဆက်လက် ရှင်းပြသည်။

ပျံကျဈေးသူ ဈေးသားများကိုယ်စား ဦးထင်ကျော်ကမူ “တကယ်လို့ ပိုက်လုံးဘေးကနေ ဖယ်ပေးရမယ်ဆို

လည်း လုံခြုံရေး ဧရိယာ ပေ ၄၀ ကို နောက်ဆုတ်ပြီး ဈေးနေရာက ဖယ်ပေးမယ်။ ပြီးရင် ကျောက်တိုင်စိုက်
ပီး အဲဒီနေရာကနေ ကိုယ်ထူကိုယ်ထ ခြံစည်းရိုးခတ်ပြီး ဆက်လက် ရောင်းချခွင့် ရမယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။

လက်ရှိတွင် ထောက်ကြန့် ပိုက်လုံးတန်း ပျံကျဈေးမှ ဈေးသည်အချို့ အဆိုပါ ဈေးသစ်တွင် နေရာယူ ရောင်း

ချနေပြီလည်း ဖြစ်သည်။

ဈေးနေရာသစ်ဖြစ်သော သီရိရတနာဈေး (ခေါ်) ကျောက်တိုင်ဈေးမှာ ဧရိယာ ၃ ဒသမ ၅ ဧက ကျယ် ၀န်းပြီး သားငါး၊ ဟင်းသီးဟင်းရွက်နှင့် ပန်းတို့ အဓိကရောင်းချပြီး အဆိုပါဈေးသစ်သည် ထောက်ကြန့် မြို့ရှောင်

လမ်းနှင့် ရန်ကုန်-ပဲခူး လမ်းမကြီး၏ထောင့်တွင် တည်ရှိသည်။



RND: 22.2.2013
Eleven Media Group

0 comments:

Post a Comment