Pages

Friday, February 22, 2013

ဒီမိုကရေစီကို ဖင်ခုထိုင်ပြီး သရုပ်ပျက် ရေကူးဝတ်စုံများနှင့် မြန်မာ မော်ဒယ်များ


          အမြင်မတော်တော့လည်း ရေးကြည့်ချင်သည်။ သို့ပေမယ့် ဤလောကသားအားလုံးကို တိုက်ခိုက်ခြင်းလည်း မဟုတ်သလို အပြစ်ဆို၍ တမင်ရေးသားခြင်းလည်းမဟုတ်ပါဘူး။ မျိုးဆက်သစ် လူငယ်လေးတွေ လမ်းမှားတွေနောက်မလိုက်မိစေလိုသောကြောင့်ရေးသားခြင်းသာဖြစ်ပါတယ်။ ဒီနေ့Facebook စာမျက်နှာနှင့် ဘလော့ဂါတစ်ချို့မှာ အကျယ်တ၀င့်ဖေါ်ပြပြီး ဝေဖန်မှုပေါင်းများစွာနဲ့ကြုံရတဲ့ Myanmar Model Show တစ်ခုကြောင့် မြန်မာပြည်ကြီး ဤသို့ဖြစ်ကုန်ပြီလား.
 
မန်မာ့ယဉ်ကျေးမှု ဆိုတာကကော စာအုပ်ထဲ မှာ ပုံပြင်အဖြစ်နဲ့သာ ရှိနေခဲ့ပြီလော..ဒီလိုသရုပ်ပျက်ဝတ်စားဆင်ယင်မှုကိုကော ထိန်းချုပ်မယ့် ဥပဒေ မရှိတော့ပြီလား ဆိုပြီး တွေးမိလာပါတယ်။ ဒီလိုသရုပ်ပျက်မှုတွေအတွက်


ပညာပေး ဆောင်းပါး ပေါင်းများစွာလည်း ဖက်ရှုဖူးခဲ့ရသလို ကိုယ်တိုင်လည်း ရေးသားဖူးပါပြီ..ဒါပေမယ့် လက်ရှိ အခြေအနေက ပိုမိုဆိုးရွာလာသောအခြေအနေတရပ်အဖြစ် မြင်ယောင် သုံးသပ်မိပါတယ်။

       မော်ဒယ်လောက ကို လူငယ်တွေ ဘာလို့လျှောက်ချင်ကြသလဲဆိုရင် အနုပညာ(သရုပ်ဆောင်) ပိုင်းတစ်ခုမှာ နေရာရချင်သောကြောင့် ဤနေရာမှ အစပျိုး၍ စတင်ကြသည်ဆိုလည်းမမှားပါဘူး...
 
တစ်ချို့ ငွေကြေးတက်နိုင်ပြီး အရှိန်အ၀ါ(ပေါ်ပြူလာ)ဖြစ်ချင်လို့ လုပ်တာရှိသလို တစ်ချို့လည်း ၀ါသနာအရလုပ်တာရှိကြပါတယ်..တစ်ချို့ကျ ငွေကြေးမတက်နိုင်ပဲ ဒီလမ်းကြောင်းထဲမှာ ကျင်လည်ရင်း ဘ၀ပျက်သွားသူတဲ့ မော်ဒယ် များလည်း များစွာပင်ရှိပါသည်။


ဂျာနယ်တစ်စောင်မှာ မော်ဒယ် တစ်ယောက်ပြောထားတာဖက်ဖူးပါတယ်" ဘ၀ပျက်တယ်ဆိုတာ ငွေကြေးမလုံလောက်လို့ ဆပွန်ဆာရှာရင်း ပျက်စီးသွားကြတာပါ။
 
 မော်ဒယ် ရှိုးလ် တစ်ခု တက်ဖို့ဆိုက အ၀တ်အစား အတွက် ကုန်ကျစရိတ်..ပြီးတော့ သွားလာဖို့အတွက် ကားလည်း အဆင်သင့်ရှိနေဖို့လိုပါတယ်၊ 
 
အဲဒီအချက်တွေမရှိရင် အောင်မြင်မှု ရှာဖို့မလွယ်ကူတာကြောင့် ဆပွန်ဆာရှာရင်းကနေ တစ်ချို့ ဘ၀တစ်ခုလုံးပုံပေးလိုက်ရတာမျိုးလည်းရှိပါတယ်" လို့ တက်သစ်စမော်ဒယ် တစ်ယောက်က ပြောထားပါသေးပါတယ်။

 ဒါပေမယ့် လက်ရှိ မော်ဒယ်ရှိုးတွေအတွက်က အ၀တ်အစားဖိုး သိပ်ပြီး မလိုအပ်တော့ဘူးလို့ထင်ပါတယ်။ အတွင်းခံ ဘောင်းဘီ နဲ့ ဘော်လီ တစ်ထည်ရှိရုံဖြင့် မြန်မာ့မော်ဒယ်လောကကို ၀င်ရောက်နိုင်ပြီဖြစ်ပါတယ်။ အခုလို ၀တ်စားဆင်ယင်လာတာကို ခွင့်ပြုတဲ့ မိခင် များကိုပါ အံ့သြမိတာ အမှန်ပါ။ 
 
အဖေရှေ့ အမေ ရှေ့ တွင် အတွင်းခံ ဘောင်းဘီနဲ့ သွားလာရတာ မရှက်မကြောက်ဖြစ်လာတဲ့ မြန်မာမော်ဒယ်များ၏ ခံယူချက်သည်ကား ခေတ်လွန်ဝတ်စားဆင်ယင်မှုကို ဖော်ကျူးနေတာပဲဖြစ်ပါတယ်။
 
 နိုင်ငံတကာမှာလည်း ဒီလိုပဲ ၀တ်စားပြီး ပြိုင်နေကြတာပဲလို့ မပြောပါနဲ့လား ...အရင်ဆုံးသိထားရမှာက ငါနေထိုင်နေတာ မြန်မာနိုင်ငံဆိုတာပါပဲ....ပြီးတော့ လက်ရှိ လူငယ်တွေက ပြောလိုက်ရင် "ဒီမိုကရေစီခေတ် ရောက်နေတာတောင် အတွေးခေါင်နေသေးတယ်" တဲ့..အတွေးခေါင်တာမဟုတ်ပါဘူး...တကယ်ဒီမိုကရေစီဆိုတာကို နားမလည်ကြတာက ဒီလို သရုပ်ပျက် မော်ဒယ်လောကသားတွေပါပဲ...ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကို ခုတုံးလုပ်ပြီး သရုပ်ပျက်နေထိုင် သရုပ်ပျက် ၀တ်စားလာကြတာဟာ တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ အရေးကိစ္စဖြစ်လာကြတယ်ဆိုတာလည်း သိထားသင့်ပါတယ်။
 
 ဖေါ်မှ လှတာမဟုတ်ပါဘူး...မဖေါ်နဲ့လို့လည်းမတားပါဘူး...သင့်တင့်ယောက်ပက်အောင်တော့ ဖေါ်ပါ။ မလွန်စေနဲ့ပေါ့။ အဲဒီကိစ္စနဲ့ပက်သက်ပြီး မင်းသမီးတစ်ယောက်က လည်း တုံ့ပြန်ပြောဆိုထားပါသေးတယ်(နာမည်ကိုတော့ ထည့်မပြောတော့ပါဘူး)" ဖေါ်တိုင်း အကျင့်ပျက်တာမဟုတ်ပါဘူး 
 
..ခေတ်နဲ့ညီအောင်တော့ လိုက်ပြီး ၀တ်စားတာပဲလေ...ဒါကို ရိုင်းတယ်လို့လည်း မဆိုနိုင်ပါဘူး..အားလုံးက နိုင်ငံတကာနဲ့ယှဉ်နေတာဆိုတော့လေ..ဘာပဲပြောပြော sexy ကျကျနေထိုင်တာလေး သဘောကျမိတယ်"ကဲဗျာ  ခေတ်ကို အပြစ် ပုံချပြီး အဲလိုပြောသွားတော့ သူ့ပရိတ်သက်တွေလည်း အတုယူပြီး ချွတ်ပြကြတာ ဆန်းကြယ်မယ်မထင်ပါဘူး...လမ်းပြတွေကမှ အကျင့်မကောင်းတာ..လမ်းပြမကောင်းတော့ နောက်လိုက်တွေလည်း မဖြောင့်နိုင်တော့ဘူးလေ...

ကျွန်တော် ထင်ပါတယ် နောက် ၁၀ နှစ်အတွင်းမှာ မြန်မာနိုင်ငံတော်ကြီးဟာ သရုပ်ပျက်ဝတ်စားမှု ထိပ်ဆုံးနိုင်ငံထဲမှာပါလာလိမ့်မယ်လို့...
 
ဒီအတွက်လည်း တာဝန်ရှိသူတွေအနေနဲ့ ဥပဒေတရပ်ပြဌာန်းသင့်တယ်လို့ထင်တယ်။ ဥပမာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းမှာဆို ကျောင်းသူတွေကို ဆံပင်အရှည်မထားရဘူး..လည်ပင်းကုတ်လောက်သာထားခွင့်ရှိတယ်(၂၀၁၃ မှာ ဒီဥပဒေကို ပြင်ဆင်လိုက်ပြီလို့ သိရပါတယ်)အဲလို ဥပဒေမျိုး ကာလရှည်စွာ ချမှတ်ခဲ့တယ်။ 
 
ထိုနည်းတူပဲ မလေးရှားနိုင်ငံမှာဆိုရင်လည်း မလေးမိန်းခလေးတွေဟာ အပြင်သွားရင် ခေါင်းမြီးခြုံထားတဲ့ဟာမပါရင် ရဲကဖမ်းဆီးစစ်ဆေးခွင့်ရှိသလို ထောင်ဒဏ်လည်းကျခွင့်ရှိတဲ့ ဥပဒေ တစ်ရပ်ကို ခုထိ ကျင့်သုံးနေဆဲလို့ စာရေးသူ အသိတစ်ယောက် ပြောပြလို့ သိရပါတယ်။ 
 
ဒီတော့ မျိုးရိုးစဉ်ဆက် ယဉ်ကျေးပြီး ခြေမျက်စိ မပေါ်အောင် ၀တ်စားလာတဲ့ ကျွန်တော်တို့ မြန်မာမိန်းခလေးတွေဟာ အခု လူမြင်ကွင်း ပြိုင်ပွဲကြီးတွေမှာ သားနှင့် အမေ..အဖေ နဲ့ သမီး မကြည့်ရဲအောင်ပဲ ၀တ်စားဆင်ယင်ပြီး ဓါတ်ပုံတွေရိုက်ခံ ..ရုပ်သံတွေမှာပါအောင် ဖေါ်ပြ ချွတ်ပြပြီး သရုပ်ပျက် အလှအပတွေကို ထုတ်ဖေါ်ပြသနေခြင်းဟာ နိုင်ငံကို စော်ကားတာနဲ့တူသလို အဘိုး အဘေး တွေကိုလည်း စော်ကားနေတာနဲ့တူတယ်လို့ စာရေးသူ မြင်မိပါတယ်။

ရှိပါသေးတယ်..တစ်ချို့ မော်ဒယ်ရူးလေးတွေလည်း...ပြိုင်ပွဲထိ မရောက်သေးပဲ နာမည်ရချင်နေတာကြောင့် အဖေါ်အချွတ် ပုံတွေရိုက်ပြီး မြန်မာမော်ဒယ်များ ဆိုတဲ့ ဆိုဒ်နဲ့ ဘလော့ဂါ တွေဆီကို ပုံတွေ ပေးပို့ ကြော်ငြာခိုင်း ..မိမိ facebook စာမျက် တွေမှာ မရှုမလှ ကြည့်ရန်မသင့်တောင်လောက်အောင် ပုံတွေကို ဂုဏ်ယူဝင့်ကြွားစာ တင်ပြပြီး ဂုဏ်ယူနေတဲ့ ဘေးလွယ်အိတ်မော်ဒယ်ရူး မြောက်မြားစွာလည်း တွေ့နေရပါတယ်။ 
 
ဒီတော့ မြန်မာ မိန်းခလေးတွေအနေနဲ့ အနုပညာ ဆိုတဲ့ စကားကို ဗန်းပြ ..ဒီမိုကရေစီ ဆိုတဲ့ စကားကို ဖင်ခုထိုင်ပြီး သရုပ်ပျက် ၀တ်စားဆင်ယင်မှုမျိုးကို အတက်နိုင်ဆုံး ရှောင်ကြည်သင့်တယ်လို့လည်း မြင်မိတွေးမိပါတော့တယ်။

  မော်ဒယ် ရူးလေး ရူးပြီး ဘ၀ မပျက်မိစေဖို့နဲ့ နိုင်ငံဂုဏ်ရည်ညှိုးနွမ်းအောင် မလုပ်မိစေဖို့ မြန်မာမော်ဒယ်ပေါက်စလေးများသို့ ပန်ကြားအပါတယ်ခင်ဗျာ................
 
Myanmar News Daily
RND: 22.2.2013

0 comments:

Post a Comment