Pages

Friday, February 22, 2013

မြန်မာနိုင်ငံတွင် မြေ၀ယ်ခြင်း၊ ငှားရမ်းခြင်းကိစ္စများ ထိုင်းရင်းနှီးမြှုပ်နှံသူများအချင်းချင်း သတိပေးနေ

ဘန်ကောက်၊ဖေဖော်ဝါရီ-၂၂

မြန်မာနိုင်ငံတွင်မြေယာအငြင်းပွားမှုများပြင်းထန်နေသဖြင့်မြန်မာနိုင်ငံတွင်မြေယာဝယ်ယူခြင်း၊ ငှားရမ်းခြင်း
ကိစ္စရပ်များနှင့် ပတ်သက်၍ အလွန်သတိထား လုပ်ဆောင်ရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်အချင်းချင်း သတိပေးထားကြောင်း သတင်းရရှိသည်။ ရင်းနှီးမြှုပ်နှံမှုအသစ်များအတွက် မြေယာအသုံးချမှုတွင်ပြည်နယ်
အာဏာပိုင်များမှာဒေသခံများ၊လယ်သမားများ၊မြေပိုင်ရှင်များနှင့် ပဋိပက္ခများ ဖြစ်ပေါ်နေကြောင်း နေးရှင်း
သတင်းစာတွင်ဖော်ပြသည်။ မြန်မာနိုင်ငံတွင် မြေဈေးများ ဆက်တိုက်မြင့်တက်နေသောကြောင့်လည်း မြေယာပိုင်ဆိုင်မှုမှာ ကြီးမားသောပြဿနာဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် မြေယာပိုင်ဆိုင်သူ အစစ်အမှန်ကို အတည်ပြုရသည်မှာ ခက်ခဲသည်။
 
ထိုင်းနိုင်ငံကဲ့သို့ အိုင်တီစနစ်မရှိသောကြောင့် မြေယာပိုင်ဆိုင်မှုများ ထပ်နေတတ်ပြီး ယင်းအတွက် ဒေသခံများနှင့် ပြည်နယ်အာဏာပိုင်များအကြား ကြာရှည်သော ဥပဒေအရ ရင်ဆိုင်တရားစွဲမှုများရှိကြောင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။


စစ်ကိုင်းဒေသတွင် ဓာတုပစ္စည်းစက်ရုံအတွက် တရားဝင်ခွင့်ပြုထားသော ပမာဏထက် မြေယာများ ပိုမိုရယူထား၍ လယ်သမားများက သက်ဆိုင်ရာအရာရှိများအား တရားစွဲဆိုထားသည်ဟုလည်း သတင်းတွင် ဖော်ပြသည်။

မြေယာပိုင်ဆိုင်မှု မရေရာမှုများကြောင့် မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုကို ရပ်တန့်သွားစေနိုင်သည်ဟု ထိုင်း-မြန်မာ စီးပွားရေးကောင်စီ အတွင်းရေးမှူးချုပ်ဟောင်းဖြစ်သူ မစ္စတာသာနစ်ဆိုရက်ကလည်း ပြောကြားသည်။

ဟိုတယ် (သို့မဟုတ်) စက်ရုံတစ်ရုံ ဆောက်လုပ်လိုသော ထိုင်းရင်းနှီးမြှုပ်နှံသူများအနေဖြင့် ပထမဦးစွာ မြေယာငှားရမ်းခြင်း (သို့မဟုတ်) ၀ယ်ယူခြင်း လုပ်ဆောင်ရမည်ဖြစ်ရာ မြေယာကို မည်သူကပိုင်ဆိုင်ကြောင်း သေချာစွာ မလုပ်ဆောင်နိုင်ပါက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ချီတုံချတုံဖြစ်နေကြမည်ဖြစ်သည်။

ထိုင်းရင်းနှီးမြှုပ်နှံသူများအနေဖြင့် မည်သည့်အစိုးရအေဂျင်စီက မြေယာအငှားချထားပေးသည်ကို သိရှိအောင် လုပ်ဆောင်ရမည်ဖြစ်သလို ရန်ကုန်မြို့နှင့် ပဲခူးမြို့တစ်ဝိုက်တွင် မြေယာဝယ်ယူလိုပါက ယင်းတို့ကို ပြည်ထောင်စုအစိုးရက ခွင့်ပြု/မပြု သေချာအောင် လုပ်ဆောင်ရမည်ဟု အကြံပြုထားသည်။

မြေယာဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းကို ထိန်းချုပ်ရန် အစိုးရက ဇုန်များ ခွဲခြားသတ်မှတ်ရန် လုပ်ဆောင်နေသော်လည်း အချို့ပုဂ္ဂလိကကုမ္ပဏီများက စာရွက်စာတမ်းများ တရားမ၀င် ရယူထားသည်ကို တွေ့ရှိခဲ့သည်။ ထို့အတွက် ထိုင်းစီးပွားရေးလုပ်ငန်းများအနေဖြင့် မြို့ကြီးမြို့ငယ်များအနီး မြေကွက်များ ၀ယ်ယူပါက ပိုင်ရှင်နှစ်ဦး၊ သုံးဦး ရှိနေသော ပြဿနာနှင့် ကြုံတွေ့ရနိုင်သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။

ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတောင်ပိုင်းနှင့် အနောက်ပိုင်း စက်မှုဇုန်များတွင် မြေကွက်များ ငှားရမ်း/၀ယ်ယူသင့်ပြီး ယင်းဇုန်များတွင် မြေကွက်ပိုင်ဆိုင်မှု ရယူနိုင်ပြီး အထူးသဖြင့် လက်ရှိ စက်မှုလုပ်ငန်း ကုမ္ပဏီများထံမှ တိုက်ရိုက်ဝယ်ယူလျှင် မြေပိုင်ဆိုင်မှု ပြဿနာတက်နိုင်ခြေ နည်းသည်ဟုလည်း အကြံပြုထားသည်။

Wispact ကုမ္ပဏီက ထားဝယ်စက်မှုဇုန်တွင် ၇၅ နှစ် မြေယာငှားရမ်းရန် စီစဉ်ထားကြောင်း ကုမ္ပဏီဥက္ကဋ္ဌ ဂျာရယ်ဒက်ပရာသွန်က ပြောကြားသည်။ ထို့အတွက် စက်မှုဇုန်ပြင်ပတွင် ငှားရမ်းခြင်းနှင့်ပတ်သက်သော နောက်ဆက်တွဲအန္တရာယ်များ မရှိနိုင်ပေ။

မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းတွင် ဂျပန်နိုင်ငံမှ ရှီမိုကာဝါအုပ်စုနှင့်အတူ ရင်းနှီးမြှုပ်နှံထားသော အီချီတန်အုပ်စု၏ အမှုဆောင်အရာရှိချုပ် တန်ပက်ဆာတွန်နာတီကလည်း မြေယာအငြင်းပွားမှုကိစ္စ အများအပြားမှာ ယခင်အစိုးရလက်ထက်ကာလနှင့် ပတ်သက်နေပြီး စစ်ဘက်မှ အရပ်ဘက်သို့ အာဏာလွှဲပြောင်းပြီးချိန်တွင် ယင်းပြဿနာများ ပေါ်ထွက်လာခြင်းဖြစ်သည်ဟု ပြောကြားပါသည်။

—Ref: The Nation
RND: 22.2.2013
7Day News Journal

0 comments:

Post a Comment