Pages

Friday, February 22, 2013

အလုပ်သမားရုံးခွဲ တာဝန်ခံများ ကွန်ပြူတာဖြင့် ငွေစာရင်းမပို့တတ်လျှင် အရေးယူမည်ဟုဆို

ရုံး(၇၇)ရုံးရှိ လစဉ်အလုပ်သ မား စာရင်းထည့်ဝင်ကြေး ငွေစာ ရင်းများအားOn LIne (သို့) Off Line  ဖြင့် အချက်အလက်များအား ကွန်ပြူတာ အသုံးပြုကာမပို့ တတ်သည့် ရုံးတာဝန်ခံ များအား အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းမှ ဆိုသည်။
အဆိုပါရုံးခွဲတာဝန်ခံများအနေဖြင့် လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ထိန်ချန်မှုများ ပြုလုပ်ခြင်းများ ပေါ်ပေါက်ခဲ့ပါက ပြဿနာ ကြီးထွားနိုင်ကြောင်း ထိုကြောင့် ရုံးခွဲတာဝန်ခံများအနေဖြင့် ပြောင်းလဲလာသည့် ခေတ်ကာလ နှင့်အညီ ပြုပြင်ပြောင်းလဲရမည် ဖြစ်ကြောင်း ယင်းမှ ထပ်မံပြော သည်။

လူမှုဖူလုံရေးဥပဒေအသစ် အား ၃၁.၈.၂၀၁၂ ရက်နေ့ တွင် အတည်ပြုခဲ့ကာ အဆိုပါ ဥပဒေအသစ်အား ၂၀၀၈ခုနှစ်မှ စတင်ရေးဆွဲခဲ့ကြောင်း သိရ သည်။ ယင်းဥပဒေအား အကောင်အထည်ဖော်နိုင်ရန် နည်းဥပဒေများအားလည်း အရှိန်အဟုန်နှင့် ရေးဆွဲပြီးဖြစ် ကြောင်း သိရသည်။

 နည်းဥပဒေ များ ရေးဆွဲရာတွင် ထိုသို့ ကွန်ပြူတာပရိုဂရမ်များ ရေးဆွဲ ကာ ကွန်ပြူတာနှင့် ဖတ်ရှုနိုင် သည့် လူမှုဖူလုံရေးအာမခံ စီစစ်ရေးကဒ်များ ထုတ်လုပ် ကြိုးစားလျက်ရှိကြောင်း သိရ သည်။
RND: 22.2.2013
တူးတူး
HotNewsJournal

0 comments:

Post a Comment