Pages

Friday, February 22, 2013

ကျောင်းကွန်ပျူတာကို Hack လုပ်ပြီး အမှတ်ပြင်ရန်ကြိုးစားသူမိခင် အဖမ်းခံရ

သမီးဖြစ်သူ၏ ရမှတ်အပေါ် စိတ်မကျေနပ်သဖြင့် ကျောင်းရှိကွန်ပျူတာအတွင်းသို့ ခိုးဖောက်ဝင်ရောက်ကာ အမှတ်များကို ပြင်ဆင်သည့်အမှုတစ်ခု အမေရိကန်အထက်တန်းကျောင်းတစ်ကျောင်းတွင် ဖြစ်ပွားခဲ့သည်။
အသက် ၄၅ နှစ်အရွယ်ရှိ ကက်သရင်း ဗီနက်စ်တိုဆိုသူ ကလေးနှစ်ယောက်မိခင်သည် သမီးဖြစ် သူ၏ ရမှတ် အပေါ်တွင် မကျေနပ်သဖြင့် ထိုသို့ပြုလုပ်ခြင်းဖြစ်သည်ဟုဆိုသည်။ ထို့ပြင် ကက်သရင်းသည် သားဖြစ်သူ ရရှိသည့် စာမေးပွဲရမှတ် ၉၈ ရာခိုင်နှုန်းကိုလည်း ၉၉ ရာခိုင်နှုန်းသို့ ပြင်ဆင်ပြောင်းလဲလိုက်ကြောင်း၊ 

သူမသည် ထိုသို့ အမှတ်များကို ကျောင်းကွန်ပျူတာအတွင်း ခိုးဖောက်ဝင်ရောက်ကာ ပြင်ဆင်မှုမျိုး အကြိမ် ၁၀၀ ခန့် ပြုလုပ်ခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။ 

ကက်သရင်းသည် ယခင်က ကျောင်းတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးသဖြင့် ကျောင်းအုပ်ချုပ်ရေးပိုင်းက ကိုင်တွယ်ရသည့် Password များကို သိနေကြောင်း၊ 

ထို့ကြောင့် ကျောင်းမှကွန်ပျူတာကို အိမ်မှတစ်ဆင့် ကွန်ရက်အတွင်းဝင်ရောက်ပြီး ထိုသို့ အဆင့်များ အမှတ်များကို ပြင်ဆင်မှုများ လုပ်ဆောင်နိုင်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

 ရွှေမောင်



RND: 22.2.2013
မောက္ခ

0 comments:

Post a Comment