Pages

Saturday, September 22, 2012

ဒုတိယနှစ်အောင်မြင်သူပြီးသူများ လျှောက်ထားနိုင်သည့် Pre MBA Course


Assumption University ၏ စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်း (MBA) တက်ရောက်လိုသူများအ
တွက် အကြိုသင်တန်းအား ဒုတိယနှစ်တက္ကသိုလ်အောင်မြင်သူ မည်သူဆို လျှောက်ထားနိုင်ကြောင်း Myanmar Professional Development Centre (MPDC) က သိရသည်။

''တချို့ဘွဲ့ရတွေတောငMBAကိုတိုက်ရိုက်တက်ဖို့အတွက်ကိုယ့်ကိုကိုယ်ယုံကြည်မှု မရှိကြဘူးလေ။သူတို့
အတွက် အဓိကရည်ရွယ်ပြီးလုပ်တာပါ။ အကြိုသင်တန်းအတွက်က ဒုတိယနှစ် အောင်မြင်ပြီး ရင် ရတယ်။ ဘယ်တက္ကသိုလ်ကပဲ ဖြစ်ဖြစ်၊ အကြိုသင်တန်း ပြီးတာနဲ့ MBA ကိုတဆက်တည်း တက်လို့ ရပါတယ်”” ဟု MPDC မှ တာဝန်ရှိသူ မစင်ထရာကပြောသည်။
 
အကြိုသင်တန်းတက်ရောက်ရန် လူတွေ့စစ်ဆေးခြင်းနှင့် အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲများ ပြုလုပ်
သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံတက္ကသိုလ်မှဆရာများနှင့်မြန်မာနိုင်ငံမှပညာရှင်များပူးပေါင်း သင်ကြားပေးသွား
မည်ဖြစ်ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။
 
အဆိုပါ Pre MBA Bridging Course ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး
အောက်တိုဘာလ ဒုတိယပတ်တွင် ရန်ကုန်နှင့်မန္တလေးမြို့တို့တွင် စတင်ဖွင့်လှစ် သွားမည်ဖြစ်သည်။


အကြိုသင်တန်းဝင်ခွင့်လျှောက်လွှာအတွက် မြန်မာကျပ်ငွေ (၁၅ဝဝဝ) နှင့် ဝင်ခွင့်စာမေးပွဲများအတွက်ကျပ်
ငွေ (၁၅ဝဝဝ)   ပေးသွင်းရမည်ဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် ဝ၁-၅ဝ၇ဝ၄၃ နှင့် ဝ၂-၃၉၄ဝ၆တို့
သို့ဆက်သွယ် စုံစမ်းနိုင်ကြောင်းသိရသည်။
 
အကြိုသင်တန်းကာလမှာအနည်းဆုံး(၄)လ ကြာမြှင့်မည်ဖြစ်ပြီးစီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ရရှိနိုင်ရန်သင်
တန်းကာလမှာ(၂)နှစ်ခန့် ကြာမြင့်မည်ဖြစ်ပြီး ဘွဲ့ရရှိပါက ထိုင်းနိုင်ငံ Assumption Universityဘွဲ့နှင်း
သဘင်ခန်းမတွင် ဘွဲ့လက်ခံယူရမည်ဖြစ်ကြောင်း သိရသည်။
 
Assumption University သည် ၁၉၆၉ခုနှစ်တွင် တည်ထောင်ခဲ့သော နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကတက္က
သိုလ် တစ်ခုဖြစ်ပြီး နိုင်ငံအများစုတွင် ကျောင်းခွဲများဖွင့်လှစ်ထားကာ မြန်မာနိုင်ငံတွင်း ကျောင်းခွဲသစ်ဖွင့်
လှစ်နိုင်ရန်ကြိုးပမ်းနေကြောင်းကိုလည်း သိရဖြစ်သည်။


မြစ်မခသတင်းမီဒီယာ
 

0 comments:

Post a Comment