Pages

Saturday, September 22, 2012

အမေရိကန်ပြည်ဝင်ခွင့်ဗီဇာအတွက် DV ဟောပြောပွဲများပြုလုပ်မည်

အမေရိကန်နိုင်ငံတွင် နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်ရရှိနိုင်သော DV ( Divesity Visa) ကံစမ်းမဲလျှောက်ထား
မှုနှင့်ပတ် သက်၍   မြန်မာနိုင်ငံမှ ပြည်သူများ သိရှိနားလည်သိရှိစေရန် အမေရိကန် ကောင်စစ်ဌာနမှ ဟော
ပြောပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

'' DV  အွန်လိုင်းတစ်ခုတည်းမှာပဲ လျှောက်ထားလို့ရတော့တယ်။ ကံစမ်းမဲ လျှောက်ထားတာတို့၊ ကံစမ်းမဲက ဘယ်လိုမျိုး ကန့်သတ်ထားတာတို့ကို အများသိအောင်ပွဲလေးတွေ လုပ်မှာပါ။''ဟု အမေရိကန်ကောင်စစ် ဌာ
နမှတာဝန်ရှိသူ တစ်ဦးက ပြောသည်။
                                           
ဟောပြောပွဲများအား အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့်ပြုလုပ်မည်ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်လေ့ လာနိုင်မည်ဖြစ်ပြီး ဟောပြောပွဲအား (၃)ကြိမ် ကျင်းပသွားမည် ဖြစ်သည်။
 
ဟောပြောပွဲများအား အောက်တိုဘာ(၁)ရက်နေ့ ညနေ ၅း၃ဝ တွင်  အမေရိကန် စင်တာ ၌ လည်းကောင်း  ၊ (၄)ရက်နေ့တွ   ဝိုင်အမ်စီအေရုံးရှိ ပဉ္စသိင်္ခခန်းမတွင် လည်းကောင်း၊ (၉)ရက်နေ့တွင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရှိ သီရိအဏ္ဏဝါခန်းမတွင် လည်းကောင်း အသီးသီး ကျင်းပသွားမည်ဖြစ်သည်။
 
DV ကံစမ်းမဲအတွက် လျှောက်လွှာတင်သူများသည် အနည်းဆုံးအခြေခံပညာ အထက်တန်း အောင်ပြီးသူ
ဖြစ်ကာ (၅)နှစ်အတွင်း လုပ်ငန်းခွင် အတွေ့အကြုံ(၂)နှစ်ရှိရ မည်ဖြစ်ကြောင်း ကံစမ်းမဲပေါက်ပါက အမေရိ
ကန်တွင်နေထိုင်ခွင့်ဗီဇာရရှိနိုင်ခြင်းမဟုတ်ပဲ သတ်မှတ်အရည်အချင်းများဖြင့် အင်တာဗျူးအောင်မှသာဗီဇာ
ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
 
ကမ္ဘာပေါ်တွင် နှစ်စဉ်ကံစမ်းပေးလျက်ရှိပြီး တစ်နှစ်လျှင်DV ကံထူးရှင် (၅၅ဝဝဝ)ဦးရေခန့် ရှိကြောင်းနှင့်
လျှာက်လွှာအတွက် အခကြေးငွေကောက်ခံခြင်း မရှိဘဲ (www.dvlottery.state.gov)အွန်လိုင်းပေါ်တွင် အခ
မဲ့လျှောက်ထားနိုင်ကြောင်း သိရသည်။

0 comments:

Post a Comment