Pages

Saturday, September 22, 2012

စက်သုံးဆီ သယ်ဆောင်တဲ့ ဆိုင်ကယ် ကယ်ရီသမားတွေကို ကိတ်မုန့်ကုန်ချောက်များ တင်ဆောင်ရောင်းချခိုင်း


ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၉)ရက်နေ့က လိုင်ဇာမှ ဒေါ့ဖုန်းယန်- မိုးမောက် - ဗန်မော် မြို့များသို့ စက်သုံးဆီ
နှင့် ကုန်ပစ္စည်းတွေ သယ်ဆောင်ရောင်ချလျက်ရှိတဲ့ ဆိုင်ကယ် ကယ်ရီသမားတွေကို ခလားတောင်နဲ့ လိုင်
ဇာအနီး မှာ တပ်စွဲထားတဲ့ KIA တပ်ဖွဲ့ဝင်များမှ တားဆီးစစ်ဆေးမှုတွေပြုလုပ်ပြီး မှာကြားခဲ့တယ်လို့ သိရပါ
တယ်။

ဆိုင်ကယ်ကယ်ရီသမားတွေကိုKIAတပ်ဖွဲ့ဝင်များမှလိုင်ဇာကနေဗန်မော်ကိုစက်သုံးဆီ တင်ဆောင် ရောင်း
ဝယ်ခြင်းအားခွင့်မပြုကြောင်းနဲ့ဒဏ်ငွေအဖြစ်ဆိုင်ကယ်တစ်စီးလျှင်ကျပ်တစ်သောင်းခွဲစီတာင်းခံခဲ့ တယ်
လို့ သိရပါတယ်။
 
ဒါ့အပြင်၎င်းတို့စားသုံးနိုင်ရန်အတွက်ဗန်မော်မှမိုးမောက်မြို့သစ်ဘက်ကို ကုန်ချောက်၊ ကိတ်မုန့်၊ ကော်ဖီမစ် စတဲ့ စားသောက်စရာပစ္စည်းတွေ တင်ဆောင်ရောင်းချပေးဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ 
 
ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment