Pages

Saturday, September 22, 2012

ယနေ့နေ့လည်ပိုင်းက မန္တလေး မြို့တော်ဝန် ဆန္ဒပြနေသူများကြားပိတ်မိ

စက်တင်ဘာလ၂၂ရက်နေ့နေ့လည်ပိုင်းတွင်မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ် ကျူးကျော်အိမ်ယာတွင်နေ
ထိုင်ကြသူများကလာရောက်တွေ့ဆုံဆွေးနွေးသောမြို့တော်ဝန်အားဝိုင်းဝန်းပိတ်ဆို့ကာ ဆန္ဒပြလျက်ရှိ
ကြောင်း သိရှိရသည်။
မန္တလေးမြို့တော်ဝန်ကပုသိမ်ကြီးမြို့နယ်မကွေးကျောင်းတိုက်တွင်ဒေသခံများအားသွားရောက်ေ တွ့ဆုံခဲ့
ခြင်းဖြစ်သည်။“မြို့တော်ဝန်ကိုမြေနေရာပေးဖို့ဝိုင်းတောင်းဆိုကြတာပါ`“ဟု အဆိုပါဒေသခံတဦးက ပြော
သည်။

အဆိုပါ  တွေ့ဆုံမှု အပြီးတွင်မြို့တော်ဝန်နှင့်အဖွဲ့အားဒေသခံတစ်ထောင်ခန့်က ၀ိုန်းရံဆန္ဒပြကြပြီးမြို့တော်
ဝန်ကား မထွက်နိုင်ရန် လမ်းပိတ်ထားခဲ့ကြောင်း  သိရှိရသည်။

အဆိုပါမြို့တော်ဝန်အားဝန်းရံပိတ်ဆို့ထားသောဒေသခံများအားလုံခြုံရေးယူထားသောလုံထိန်းများမှအတင်း
ဖယ်ရှားခဲ့သော်လည်းယခုအချိန်ထိနေ့လည်၂နာရီခွဲအချိန်ထိဒေသခံများက ဆက်လျက်ပိတ်ဆို့ထားခဲ
ကြောင်းဒေသခံများထံမှ သိရှိရသည်။

ပုသိမ်ကြီးမြို့နယ်တွင်းရှိကျူးကျော်မြေများအားဖယ်ရှားခိုင်းခဲ့သောကြောင့်အဆိုပါပြဿနာဖြစ်ပွား ရခြင်း
ဖြစ်ကြောင်း သိရှိရသည်။
 
မစ်မခ

0 comments:

Post a Comment