Pages

Saturday, September 22, 2012

ရုရှားမှောင်ခိုဈေးကွက်တွင် iPhone 5 ဈေးနှုန်း မြန်မာကျပ်ငွေ ၃၁ သိန်းကျော်ရှိဟုဆို


ရုရှားနိုင်ငံတွင် မော်စကိုမြို့တွင် မှောင်ခိုသွင်းလာသည့် Apple iPhone 5 (16GB) တစ်လုံးအား အမေရိကန်
ဒေါ်လာ ၃၇,၀၀၀ အထိ (ယနေ့ငွေလဲလှယ်နှုန်းထားအရ မြန်မာငွေ ကျပ် ၃၁ သိန်းကျော်ခန့်)  ဈေးမြှင့်တင်
ရောင်းချမှုရှိကြောင်း ABC News က ပြောကြားသည်။
မှာင်ခိုရောင်းချသူများက iPhone 5 (16GB) တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၂,၂၀၀ မှ ၃,၇၀၀ အထိ ဈေး
တင်ရောင်းချခြင်း ဖြစ်သည်။ 
Apple iPhone 5 ကို အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ သြစတြေးလျ၊ ဂျပန်၊ ဟောင်ကောင်နှင့် စင်ကာပူတို့တွင် ယနေ့ (စက်တင်ဘာ ၂၁ ရက်) စတင်ရောင်းချမည် ဖြစ်သည်။


ရုရှားနိုင်ငံတွင် Apple စတိုးမရှိဘဲ ရုရှားနိုင်ငံအတွက် ရောင်းချပေးမည့် နေ့ရက်ကိုလည်း Apple က ကြေ

ညာထားခြင်း မရှိသေးချေ။ သို့သော်လည်း ရုရှား iPhone ပရိသတ်များက ရသည့်နည်းဖြင့် ဝယ်ယူအားပေး
လျက်ရှိသည်။

ABC News ၏အဆိုအရ မှောင်ခိုသွင်းလာသည့် iPhone 5 ရောင်းချသူများက စနေနေ့ (စက်တင်ဘာ ၂၂ ရက်)တွင်ဝယ်သူများထံ iPhone 5 ကို ပေးအပ်သွားမည်ဖြစ်ပြီး ငွေသားဖြင့် ပေးချေမှုကိုသာ လက်ခံကြောင်း

 သိရသည်။

Planet Myanmar Media:

0 comments:

Post a Comment