Pages

Saturday, September 22, 2012

ပုသိမ် NLD ပါတီမှပါတီဝင်အများစု ယုံကြည်ချက်ကြောင့် နှုတ်ထွက်ရန် ပြင်ဆင်

ပုသိမ်မြို့၊ စကားဝါလမ်းရှိ NLD နာယက ဦးတင်ဦးကိုယ်တိုင် လာရောက်ဖွင့်လှစ်ပေးခဲ့သော မြို့နယ်၊ ခရိုင်၊ NLD ရုံးအား တရားမ၀င်ကြောင်းနှင့် ပုသိမ်NLD ပါတီဝင်များထောက် ခံသော ခေါင်းဆောင်(၃)ဦးအား ပါတီ
ဝင်အဖြစ်မှ ရပ်ဆိုင်းခဲ့သောဗဟိုမှထုတ်ပြန်ကြေညာမှုကြောင့်ပုသိမ်NLD ပါတီဝင်အများစုမှာပါတီဝင်အဖြစ် 
မှ နှုတ်ထွက်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။
“ကျွန်တော်တို့ ဒီစာတွေကို မယုံပါဘူး၊ ဒီလှိုင်းဂျာနယ်မှာပါပေမဲ့လည်း ဘယ်သူ ထုတ်ပြန်ကြောင်းကို အမည် မတပ်ထားတဲ့အတွက်ပါတီကို ဖြိုခွဲဖို့ ကြံစည်နေတဲ့သူတွေကလုပ်ကြံဖန်တီးထားတဲ့ စာတွေလို့ပဲ မြင်ပါတယ်
” ဟု ကြားဖြတ်ရွေးကောက်ပွဲတွင်ပုသိမ်လူငယ်ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သောဦးမြင့်စိုးက ပြောသည်။

ပုသိမ်NLDရုံးအားတရားမ၀င်ကြောင်းနှင့်ပါတီခေါင်းဆောင်(ပုသိမ်)မှ သုံးဦးအား ထုတ်ပယ်သော ကြေညာ
 ချက်ကို မြို့နယ်ပါတီဝင်အများစုက မယုံကြည်မှုကြောင့် ပါတီရုံးရှေ့တွင် ထုတ်ပြန်ကြေညာချက်များကို ပြန်
လည် ထုတ်ပြန်ထားကြောင်းကိုလည်း သိရှိရသည်။

“ဒေါ်စု ဒီလ ၁ရက်နေ့က လာပြီးတော့ ဖြေရှင်းပေးပေမဲ့ သူ့အနီးအနားကလူတွေရဲ့ စကားကို နားယောင်ခဲ့
တော့ မြို့နယ်ပါတီဝင်အများစုက အခုလိုခံခဲ့ရတာပါ၊ ကျနော်တို့လည်း မကြာခင် ပါတီဝင်ကဒ်ပြားတွေကို ပြန်
အပ်ပြီးပါတီဝင်အဖြစ်ကနှုတ်ထွက်မှာပါ”ဟုပုသိမ်မြို့ရှိတပ်နယ်မြေဟု လူသိများသော (၁၁)ရပ်ကွက်အောင်
နိုင်ရေး လူငယ်ခေါင်းဆောင်ကိုရဲလေးက ပြောပြသည်။

ဧရာဝတီတိုင်းရှိ ဖြစ်ပေါ်နေသော အကြောင်းအရာများနှင့် ပတ်သက်ပြီး NLD ပါတီ၏ ပြည်သူ့ လွှတ်တော်
ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်ဖြူဖြူသင်းက ယခုကဲ့သို့ဆိုသည်။

“ဒါတွေကအသစ်တွေကို နေရာပေးတဲ့အပေါ်မှာအဟောင်းတွေကအမြင်မရှင်းတာရယ်၊ လူငယ်တွေကို နေ
ရာပေးမှုတွေကို လူကြီးတွေက လက်မခံတာရယ်ကြောင့်ပါ” ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။

NLD တွင်လက်ရှိအဖြစ်အပျက်များမှာလူငယ်လူကြီးပြသာာမဟုတ်ကြောင်း ယုံကြည်မှုနှင့်သာဆိုင်ကြောင်း
ပါတီဝင်တစ်ဦးက ပြောသည်။

‘’ဒါတွေက လူငယ်လူကြီးပြဿနာမဟုတ်ပါဘူး၊အသစ်အဟောင်းပြဿနာလည်းမဟုတ်ပါဘူး၊ ၉၀ ပြည့်နှစ်
 ကတည်းက NLD ကို အနစ်နာခံပြီးလုပ်ခဲ့တဲ့လူတွေကိုပါတီကယုံကြည်မှုမရှိကြောင်း ပြတာကြောင့် မြို့နယ်
 ပါတီဝင်တွေက လုံးဝလက်မခံနိုင် တာကြောင့် နှုတ်ထွက်ကြမှာပါ”ဟု ပုသိမ် NLD ပါတီဝင်တစ်ဦးဖြစ်သူ ကို
ဝင်းနိုင်က ပြောသည်။

မြောင်းမြမြို့ NLDပါတီဝင်များသည် တိုင်းညီလာခံကျင်းပရေးကောင်မတီဖွဲ့စည်းမှုကို ကန့် ကွက်ဆန္ဒပြပြီး
 နောက် ပုသိမ် NLDမှလည်းတိုင်းအတွင်းမှ ပါတီခေါင်းဆောင်များသည်ဗဟိုကို အသုံးချကာ ဆရာမွေး၊ တ
ပည့်မွေးအထိ ပြုလုပ်နေကြောင်းနှင့် ယခု ဖွဲ့စည်းလိုက်သောတိုင်းအတွင်းရှိ ညီလာခံကော်မရှင်ကိုလက်မခံ
ကြောင်း သတင်းစာရှင်းလင်းပွဲကို သြဂုတ်လအတွင်း က ပြုလုပ်ခဲ့ကြသည်။

“ကျွန်တော်တို့ ခေတ်အဆက်ဆက် ထောက်ခံလာတဲ့ ပါတီက အခုလို ဗဟိုဦးစီးစနစ်နဲ့သွားနေတာတော့စိတ်
မကောင်းစရာပဲ၊ အခု ပုသိမ် NLD က ကလေးလိုဖြစ်နေပြီး အဖေက မိထွေးစကားကို နားထောင်ပြီး သားအ
ရင်းရဲ့ စကားကို အသိအမှတ်မပြုပေး သလို ဖြစ်နေတာလို့ မြင်ပါတယ်”ဟု NLD ပါတီကို ထောက်ခံမှုအမြဲရှိ
ခဲ့သော ပုသိမ်မြို့ခံတစ်ဦးကတော့ မှတ်ချက်ပြုခဲ့သည်။

မြစ်မခသတင်းမီဒီယာ

0 comments:

Post a Comment