Pages

Saturday, September 22, 2012

ချစ်သူတို့ချစ်ကြရာဝယ် . . (မြန်မာနိုင်ငံတွင် လက်မထပ်ဘဲ အတူနေထိုင်ခြင်းမှ ကာကွယ်ရေး ပညာပေးဆောင်းပါး)

ချစ်သူတို့ချစ်ကြရာဝယ် . .
ယနေ့ခေတ် ကမ္ဘာကြီး ကျဉ်းမြောင်း လာမှုနှင့် အတူ နိုင်ငံ ယဉ်ကျေးမှု၊ အတွေးအခေါ်နှင့် အယူအဆများသည်လည်း မြန်မာနိုင်ငံတွင်းသို့ နည်းလမ်းပေါင်းစုံဖြင့် စိမ့်ဝင်လာသည်။ ထိုစိမ့်ဝင် လာမှုများတွင် မြန်မာ့ ယဉ်ကျေးမှုနှင့် ကိုက်ညီမှု များရှိသကဲ့သို့ မကိုက်ညီ သည်များလည်း ရှိသည်။
အထူးသဖြင့် လက်မထပ်ဘဲ အတူနေထိုင်ခြင်း ကို အနောက်နိုင်ငံ အများအပြားတွင် မထူးဆန်းသော အဖြစ်အပျက် အဖြစ် ရှုမြင် ကြသော်လည်း မြန်မာ နိုင်ငံတွင်မူ လက်မထပ်ဘဲ အတူ နေထိုင်ခြင်းကို မြန်မာ့ ယဉ်ကျေးမှုနှင့် ချိန်ထိုးကြည့်ရာ၌ အများစု က လက်မခံ နိုင်ကြကြောင်း တွေ့ရှိရသည်။

“အဒေါ်တို့ကတော့ ဒီလို မဖြစ်စေချင်ဘူး။ အဒေါ့်မှာ သမီးတွေရော၊ တူမတွေရော အများကြီး ရှိတယ်။ သူတို့ကိုလည်း ဒီလို မဖြစ်စေ ချင်ဘူး။ တခြား ဘယ်သူ့ကိုမှလည်း အဲဒီလို မနေစေချင်ဘူး" ဟု သမီးနှစ်ယောက် မိခင် အသက် ၅၀ ကျော်အရွယ် ဒေါ်ထွန်းက ဆိုသည်။
လက်မထပ်ဘဲ အတူ နေထိုင်သည်ဟု ဆိုရာတွင် သမီးရည်းစားများ ဆိတ်ကွယ်ရာ အရပ်တွင် အတူ နေထိုင်ကြခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း မပြုလုပ် ဘဲ တစ်အိမ်တည်းတွင် အတူ နေထိုင်ကြခြင်း ဟူ၍ ရှိသည်။
မြန်မာနိုင်ငံတွင် လက်မထပ်ဘဲ အတူနေထိုင် ခြင်းသည် မဖြစ်သင့်ကြောင်း၊ ထိုသို့လက်မထပ်ဘဲ အတူနေထိုင်ခြင်းသည် မြန်မာ့ယဉ်ကျေးမှုအရ မလုပ်သင့် မလုပ်ထိုက်သော အရာတစ်ခု ဖြစ်ကြောင်း ဒေါ်ထွန်းက ဆက်လက်ပြောဆိုသည်။

ယခင်က စုံတွဲများသည် အားလပ်ရက်များ တွင် ဘုရားသွားခြင်း၊ ကန်တော်ကြီး၊ ဗိုလ်ချုပ် ပန်းခြံကဲ့သို့သော နေရာများတွင် သွားရောက် အပန်း ဖြေလေ့ ရှိကြသည်။
ယခုအခါတွင်မူ အချို့သော ငယ်ရွယ်သည့် စုံတွဲများပင်လျှင် ဆိတ်ကွယ်ရာ ဖြစ်သော တည်းခို ခန်းသွားရန် ဝန်မလေး ကြတော့သည်ကို ပိုမိုတွေ့ မြင်လာရသည်။
“ပိုပြီးရဲတင်းလာကြတာပေါ့။ အစကတော့ အဝတ်အစား၊ နောက်တော့ အနေအထိုင်တွေ ရဲတင်း လာကြတာပေါ့”ဟု အသက် ၂၁ နှစ် အရွယ် ကျောင်းသူ တစ်ဦးဖြစ်သူ မခိုင်လေးက ပြောဆိုသည်။
ရန်ကုန်တွင် တည်းခိုခန်းများ ပေါများနေခြင်း မှာလည်း ထိုအကြောင်းများကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက သူ၏အမြင်ကို ဆက်လက်ပြောဆိုသည်။ ထို့ပြင် ချစ်သူများနေ့ ကဲ့သို့သောနေ့များတွင် တည်းခိုခန်းများ၌ အခန်းပြည့်သည်အထိ လူများ ကြောင်း အငှားယာဥ်မောင်းနှင်သူ တစ်ဦးက ပြော ဆိုသည်။
“အဲဒီလို နေ့တွေမှာ ဆိုရင် ထိုင်စောင့်ရတာ တောင် ရှိတယ်။ အဲဒီလောက် လူများတာ” ဟု ၎င်းင်းက သူ၏ အတွေ့အကြုံကို ရှင်းပြသည်။ ထိုသို့ တည်းခိုခန်း သွားကြသူများ ထဲတွင် အများအားဖြင့် အသက် ၂၀ ဝန်းကျင်အရွယ် များပြား ကြောင်း ထိုအငှားကားမောင်းသူက ဆိုသည်။
“အများအားဖြင့်တော့ တက္ကသိုလ်စ တက်စ ပထမနှစ်၊ ဒုတိယနှစ် အရွယ်လေးတွေ ပိုများ ပါတယ်” ဟုဆိုသည်။
လက်မထပ်ဘဲ အတူ နေထိုင်ခြင်းသည် လူမှုရေး အရကြည့်လျှင် မသင့်တော်သော လုပ်ရပ်ဟု ယူဆ ထားကြသော်လည်း အချို့သူများသည် ထိုသို့နေထိုင် ခြင်းကိုပင် ကင်မရာဖြင့် ရိုက်ကူးကာ အွန်လိုင်းပေါ် သို့ ပေါ်ပေါ်ထင်ထင် တင်လာကြကြောင်း၊ ယဉ်ကျေး မှုအရ မသင့်တော်သော်လည်း အွန်လိုင်းပေါ်တွင် ဗီဒီယိုများ၊ ဓာတ်ပုံများမှာ တစ်နေ့ထက် တစ်နေ့ များပြားလာကြောင်း အသက် ၂၃ နှစ်အရွယ် ကိုဝေယံက ပြောဆိုသည်။
“မြန်မာ့ယဉ်ကျေးမှု အရတော့ ဒီကိစ္စတွေက လုံးဝ မသင့်တော်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့တွေ အမြဲတမ်းကြားနေ၊ မြင်နေ ရတာပဲ” ဟု ၎င်းက ဆက် လက် ပြောဆိုသည်။
လက်မထပ်ဘဲ အတူနေထိုင်ခြင်းကို အများအား ဖြင့် လက်မခံကြသော်လည်း လက်ခံသူများလည်း ရှိပြီး အများစုမှာ အမျိုးသားများ ဖြစ်ကြကြောင်း အသက် ၂၄ နှစ်အရွယ် အမျိုးသား တစ်ဦးကပြော သည်။
“ဘာလို့လဲဆိုတော့ အဓိကတော့ ပိုင်ဆိုင်ချင် လို့ပါ။ တချို့မိန်းကလေးတွေက ကိုယ်နဲ့လက်ထပ် မယ်လို့ ရည်ရွယ်ထားပေမယ့် ကိုယ့်ထက်သာတဲ့သူ တွေ့ရင်လည်း ပါသွားတတ်ကြတယ်” ဟု အသက် ၂၆ နှစ်ရွယ် အိမ်ထောင်ရှင် အမျိုးသား တစ်ဦးက ရှင်းပြသည်။
“ကိုယ်ပိုင်ဆိုင်ချင်တယ်။ ဆုံးရှုံးရမှာ ကြောက် တယ်။ ဒါပေမဲ့ လက်ထပ်ဖို့ ကျတော့ အဆင်သင့် မဖြစ်သေးဘူး။ ဒါနဲ့ပဲ အတူနေဖြစ်သွားတာပေါ့” ဟု အသက် ၂၅ နှစ်အရွယ် ကိုဝင်းနိုင် (အမည်လွှဲ) က သူ၏အမြင်ကို ရှင်းပြသည်။
တစ်ချိန် လက်ထပ်ကြမည်ပဲဟု ယူဆကြ သောကြောင့် လက်မထပ်ဘဲ အတူ နေထိုင်ကြသူ အချို့ အကြောင်း အမျိုးမျိုးကြောင့် လက်မထပ် ဖြစ်ခဲ့ပါက အမျိုးသမီးများသာ နစ်နာကြရကြောင်း အသက် ၂၆ နှစ်အရွယ် မပပက ၎င်း၏ အမြင်ကို ရှင်းပြသည်။
“ကံကို ယုံပြီး ဆူးပုံနင်းတာပဲ။ အနာဂတ်ကို ကိုယ်မှ မပိုင်တာ။ တစ်ခုခုဆို မိန်းကလေးက အရင် နစ်နာတာ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ ထိုသို့ နေထိုင်ပြီး လက်မထပ်ဖြစ်ခဲ့လျှင် အမျိုး သမီးများ သာမက အမျိုးသားများတွင်လည်းနစ်နာမှုများရှိကြောင်း၊အမျိုးသမီးများကိုဥပဒေအရလည်း အကာအကွယ် ပေးထား
သးကြောင်း ကိုဝေယံက ပြောသည်။
“တကယ်လို့ မယူဖြစ်ခဲ့ရင် အပေါင်းအသင်း တွေကြားထဲမှာ မိန်းမတစ်ယောက်ကို အတည်မယူ နိုင်ဘဲ အပျော်ကြံတယ်ဆိုပြီး နာမည်ဖျက်တယ်။ ပတ်ဝန်းကျင်မှာ လူကြီးလူကောင်း လိုနေတတ်တဲ့ သူဆို ပိုဆိုးတယ်” ဟု အသက် ၂၄ နှစ်အရွယ် ကိုကျော်စွာ (အမည်လွှဲ)က ၎င်း၏ အမြင်ကို ပြောဆို သည်။
လက်မထပ်ဘဲ အတူ နေထိုင်ကြခြင်းဖြင့် အရွယ် မတိုင်ခင် ကိုယ်ဝန်ဆောင်ခြင်း၊ အရွယ်မတိုင်ခင် ကလေးမွေးဖွားခြင်း၊ ကာလသားရောဂါ ကူးစက် ခံရခြင်းတို့ ဖြစ်ပွားနိုင်သည်။ ထိုသို့ ကိုယ်ဝန်ရှိလာမှ လက်ထပ်ရန် ပြင်ဆင်ကြသဖြင့် လိုအပ်ချက်တွေ များပြားကာ အိမ်ထောင်ဦး ကာလမှာပင် အဆင် မပြေမှုများနှင့် တွေ့ကြုံကြရတော့ကြောင်း မပပက ဆိုသည်။
“ကိုယ်ဝန်ရှိလာတော့မှာပဲ ကတိုက်ကရိုက် လက်ထပ်ဖို့ လုပ်ကြတယ်။ ပြည့်စုံတဲ့ သူတွေက ကိစ္စ မရှိဘူး။ မပြည့်စုံရင်တော့ စုဆောင်းထားတာ မရှိရင် တော်တော်ဒုက္ခ ရောက်တယ်" ဟု မပပက ပြောဆို သည်။
ထိုကဲ့သို့လက်မထပ်နိုင်သူများသည်ရရှိလာသောကိုယ်ဝန်ကိုဖျက်ချကြခြင်းကြောင့် အခြားသော ရောဂါများ
ဝင်လာနိုင်သည့်အပြင် အခန့် မသင့်ပါက မိခင်ပါ အသက် ဆုံးရှုံးနိုင်သည်။
အခြေခံကျောင်းသင် ဘဝတွက်တာ ကျွမ်းကျင် စရာ ဘာသာရပ်တွင် မိန်းကလေးများ တရားဝင် အိမ်ထောင်မပြုမီ မိမိ၏ အပျိုစင်ဘဝကို ထိန်းသိမ်း ကြရန် ဆရာ၊ ဆရာမများက သွန်သင်ဆုံးမ သင်ကြား လေ့ရှိကြောင်း အငြိမ်းစားကျောင်းဆရာတစ်ဦးက ပြောပြသည်။
“အမေရိကမှာတောင်မိန်းကလေးတွေကအရင် ကထက်ပိုပြီး သူတို့ရဲ့ အပျိုစင် ဘဝကို ထိန်း သိမ်းလာတယ်လို့ ဖတ်လိုက်ရတယ်။ ဒီမှာဆိုရင် တော့ ပိုပြီးထိန်းသိမ်းသင့်ပါတယ်” ဟု မခိုင်လေး ကပြောဆိုသည်။
လက်မထပ်ဘဲ အတူနေထိုင်ခြင်းသည် ဗုဒ္ဓ ဘာသာအရ ကံငါးပါးထဲမှ တစ်ခုဖြစ်သော ကာမေသု မိစ္ဆာစာရ ကံကိုလည်းချိုးဖောက်ခြင်းဖြစ်ပြီးကိုယ်ဝန်ဖျက်ချခြင်းသည်လည်းပါဏာတိပါတကံကို ကျူးလွန်ရာရောက်
ကြောင်း အငြိမ်းစား ကျောင်း ဆရာတစ်ဦးက ဆိုသည်။
“ဓလေ့ထုံးစံအရ မိန်းကလေးတွေက အိမ်ထောင် မကျမခြင်း မိဘ၊ ဆွေမျိုးတွေရဲ့ အုပ်ထိန်းမှုအောက် က မလွတ်ဘူး။ဒါကိုအဲဒီလိုနေမယ်ဆိုရင်ကာမေသုမိစ္ဆာစာရကိုကျူးလွန်တာပဲ”ဟု၎င်းက ဆက်လက် ပြောကြား
သည်။
လက်ထပ်ထိမ်းမြားမှုမရှိဘဲတစ်အိမ်တည်းတွင်အတူနေထိုင်ခြင်းကိုမူ အချို့လက်ခံပေးကြ ကြောင်း၊ငွေကြေး
အဆင်မပြေ၍သို့မဟုတ်အကြောင်းတစ်ခုခုရှိ၍ဟုတွေးကာကရုဏာသက်ကြပြီးလင်မယားအဖြစ် သတ်မှတ်
ကြကြောင်း အသက် ၅၀ ကျော်အရွယ် ဒေါ်ထွန်းကပြောသည်။
ဘာကြောင့်ပဲဖြစ်ဖြစ်လူသိရှင်ကြားလက်ထပ်ရင်တော့ပိုပြီးကောင်းတာပေါ့။ဒါပေမဲ့ခုနကလိုခိုးကြောင်ခိုးဝှက်
နေတာထက်စာရင် အဲလိုနေတာ က နည်းနည်း ပိုကောင်းတာပေါ့” ဟု ၎င်းက ဆက် လက်ပြောသည်။
လက်မထပ်ဘဲ အတူ နေထိုင်ပါက အမျိုးသမီး များဘက်မှ နစ်နာ ဆုံးရှုံးမှု ရှိသကဲ့သို့ အမျိုးသားများ ဘက်တွင်လည်း ပြဿနာ တစ်စုံတစ်ရာဖြစ်လာပါ က တရားဥပဒေပိုင်း ဆိုင်ရာ အရ တရားစွဲဆိုခံရခြင်း များ ဖြစ်လာနိုင်သည်။
ထိုသို့ အတူနေပြီး လက်မထပ်ဖြစ်ကြပါက အမျိုးသမီးများသည် အမျိုးသားများကို တရားစွဲဆို ခွင့်ရှိကြောင်း၊ အရွယ်မရောက်သေးသူဖြစ်ပါက ပုဒ်မ ၃၆၆ အရ မိဘ သို့မဟုတ် အုပ်ထိန်းသူက တရားလိုပြုလုပ်၍ တရားစွဲဆိုနိုင်ကြောင်း၊အရွယ်ရောက်ပြီးဖြစ်ပါပုဒ်မ၄၁၇လိမ်လည်ပြီးကာမရယူမှုဖြင့်တရားစွဲဆို နိုင်ကြောင်း
ဥပဒေအကျိုး ဆောင်တစ်ဦးက ရှင်းပြသည်။
ယခုကဲသို့ ခေတ်မီ မြန်ဆန်နေသော ခေတ်ကြီး တွင် စားဝတ်နေရေးကြောင့် သော်လည်းကောင်း၊ မိသားစုအရေးကိစ္စများကြောင့်သော်လည်းကောင်းလက်မထပ်ဘဲအတူနေထိုင်လျက်ရှိကြသည်။သို့သော်မြန်
မာ့ဓလေ့ထုံးတမ်းအရတွင်မူထိုသို့နေထိုင်ခြင်းကိုအားမပေးပေ။ထို့ကြောင့်လူငယ်များအနေဖြင့်လည်းအတတ်
နိုင်ဆုံး လက်ထပ်ပြီးမှသာ အတူ နေကြသင့် ပေသည်။
The Voice Weekly

0 comments:

Post a Comment