Pages

Saturday, September 22, 2012

တတိယ အကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေအထိမ်းအမှတ် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

Photo: တတိယ အကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ၀ါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ဒီကနေ့ မနက်(၉)နာရီ ကနေ ၁၂နာရီအထိ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ စောရန်ပိုင်အနောက် ရပ်ကွက်၊ နွယ်နီလမ်းမှာ ကျင်းပခဲ့ပါတယ်။ 

ဒီကနေ့ အခမ်းအနားမှာ စစ်ဘေးသင့် ကချင်ဒေသမှာ ရှိတဲ့ ကလေးငယ်များရဲ့ ပညာရေးရံပုံငွေအတွက် ရန်ကုန်အခြေစိုက်ပရဟိတ လူငယ်များကွန်ယက် အဖွဲ့ဝင် (၃၀)နီးပါးလောက်က ငြိမ်းချမ်းရေးတေး သီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

ဒီအခမ်းအနားကို ဦးဆောင်သူ အန်အယ်ဒီ လူငယ်တာဝန်ခံ ကိုလူမော်လတ်က တိုင်းပြည်မှာ စစ်ပွဲတွေ ရပ်ပြီး တိုင်းပြည်ငြိမ်းချမ်းဖို့ ဆိုရင် တရားဥပဒေစိုးမိုးရေးကလည်း အရေးပါတယ်လို့  RFA ကို အခုလို ပြောပြပါတယ်။

"ဒီကနေ့ ကျင်းပတာ အမျိုးသားနိုင်ငံရေး အသွင်သဏ္ဍာန်နဲ့ ကျင်းပတာ၊  အဓိက ရည်ရွယ်တာက တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြားမှာပဲ ဖြစ်ဖြစ်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြားမှာပဲ ဖြစ်ဖြစ်၊ တစ်ယောက်ကြောင့် တစ်ယောက်ကြောင့်ပဲ ဖြစ်ဖြစ် မျက်ရည်ပေါက် ကြီးငယ်ကျနေရတဲ့ နိုင်ငံတွေ၊ ကမ္ဘာပေါ်မှာ  ရှိနေတဲ့နိုင်ငံတွေ ငြိမ်းချမ်းတဲ့ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး၊ ငြိမ်းချမ်းတဲ့ ကမ္ဘာမြေလို့ ကျွန်တော် တို့ သတ်မှတ်လို့မရဘူး၊ တိုင်းပြည်မှာ အရေး အကြီးဆုံးသည် တရားဥပဒေစိုးမိုးရေး ၊တရားဥပဒေ စိုးမိုးဖို့အတွက်ကို ဒီနိုင်ငံမှာ မတရားဥပဒေတွေ ရှိနေသေးတယ်။ ၁၉၅၀ အရေးပေါ်စီမံချက် ဥပဒေ အပိုဒ်(က) လိုမျိုး နိုင်ငံတော်က နှောက်ယှက်ဖျက်ဆီး လိုသူများ  ဘေးအန္တရာယ်များ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေဆိုတာက ဘယ်သူ့ကိုမဆို အချိန်မရွေး နိုင်ငံတော် နှောက်ယှက်တယ်ဆိုပြီး ဖမ်းလို့ရပါတယ်။ ဒီလို ကျွန်တော်တို့ လုပ်တဲ့ အခမ်းအနားကိုတောင် အချိန်မရွေး ဖမ်းပိုင်ခွင့် ရှိပါတယ်။ ဒီဥပဒေဟာ ပြည်သူတွေအတွက် အများကြီးနစ်နာတယ်။ တိုင်းပြည်မငြိမ်းချမ်းတာဟာ အုပ်ချုပ်တဲ့ အစိုးရတွေနဲ့ ပြည်သူတွေကြားထဲမှာ တရားမျှတတဲ့ ဥပဒေတွေ မပေါ်ထွန်းနိုင်သေးလို့ တိုင်းပြည်မငြိမ်းချမ်းတာ။"

 ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် လူအခွင့်အရေးတွေအတွက် အသက်ပေးလှူခဲ့ကြသူတွေကို ရည်စူးပြီး ကျင်းပတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက် လောကမန်အောင်
 ကျောင်းမှာလည်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့
အထိမ်းအမှတ်နေ့အဖြစ်  ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေးဆုတောင်းပွဲ အခမ်းအနားကို ဒီကနေ့ နေ့လည်ပိုင်းက သံဃာတော်အပါး(၇၀)ကျော်
 ပါဝင်ဆုတောင်းခဲ့ကြပြီး အခမ်းအနားအပြီး ညနေ(၃)နာရီလောက်မှာ
 တောင်ကြီးမြို့တွင်းမှာ ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှေ့ကို အခမ်းအနားတက်ရောက်လာသူ(၃၀)ကျော်က ချီတက်အလေးပြု ခဲ့ကြတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း ပြည်မြို့မှာလည်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ဆုတောင်းပွဲ ကျင်းပမယ့် နေရာကို ပြည်မြို့ သာသနာရေး ဦးစီးဌာနက လာရောက်တားမြစ်တဲ့အတွက် အခြားနေရာ တစ်ခုမှာ
 ပြောင်းလဲ ကျင်းပခဲ့ရတယ်လို့ ပွဲကျင်းပရေးတာဝန်ခံတစ်ဦးက RFA ကို ပြောဆိုပါတယ်။

တတိယ အကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေအထိမ်းအမှတ် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
ပွဲကို ဒီကနေ့ မနက်(၉)နာရီ ကနေ ၁၂နာရီအထိ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ စောရန်ပိုင်အနောက် ရပ်ကွက်
၊ နွယ်နီလမ်းမှာ ကျင်းပခဲ့ပါတယ်။ ဒီကနေ့ အခမ်းအနားမှာ စစ်ဘေးသင့် ကချင်ဒေသမှာ ရှိတဲ့ ကလေးငယ်များရဲ့ ပညာရေးရံပုံငွေအတွက် ရန်
ကုန်အခြေစိုက်ပရဟိတ လူငယ်များကွန်ယက် အဖွဲ့ဝင် (၃၀)နီးပါးလောက်က ငြိမ်းချမ်းရေးတေး သီချင်းတွေ
နဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

ဒီအခမ်းအနားကို ဦးဆောင်သူ အန်အယ်ဒီ လူငယ်တာဝန်ခံ ကိုလူမော်လတ်က တိုင်းပြည်မှာ စစ်ပွဲတွေ ရပ်
ပြီး တိုင်းပြည်ငြိမ်းချမ်းဖို့ ဆိုရင် တရားဥပဒေစိုးမိုးရေးကလည်း အရေးပါတယ်လို့ RFA ကို အခုလို ပြောပြပါ
တယ်။

"ဒီကနေ့ ကျင်းပတာ အမျိုးသားနိုင်ငံရေး အသွင်သဏ္ဍာန်နဲ့ ကျင်းပတာ၊ အဓိက ရည်ရွယ်တာက တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြားမှာပဲ ဖြစ်ဖြစ်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြားမှာပဲ ဖြစ်ဖြစ်၊ တစ်ယောက်ကြောင့် တစ်ယောက်ကြောင့်ပဲ
ဖြစ်ဖြစ် မျက်ရည်ပေါက် ကြီးငယ်ကျနေရတဲ့ နိုင်ငံတွေ၊ ကမ္ဘာပေါ်မှာ ရှိနေတဲ့နိုင်ငံတွေ ငြိမ်းချမ်းတဲ့ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး၊ ငြိမ်းချမ်းတဲ့ ကမ္ဘာမြေလို့ ကျွန်တော် တို့ သတ်မှတ်လို့မရဘူး၊တိုင်းပြည်မှာ အရေးအကြီး
ဆုံးသည်တရားဥပဒေစိုးမိုးရေး၊တရားဥပဒေစိုးမိုးဖို့အတွက်ကို ဒီနိုင်ငံမှာမတရားဥပဒေတွေရှိနေသေးတယ်။ 
 
၁၉၅၀ အရေးပေါ်စီမံချက် ဥပဒေ အပိုဒ်(က) လိုမျိုး နိုင်ငံတော်က နှောက်ယှက်ဖျက်ဆီး လိုသူများ ဘေးအန္တ
ရာယ်များ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေဆိုတာက ဘယ်သူ့ကိုမဆို အချိန်မရွေး နိုင်ငံတော် နှောက်ယှက်
တယ်ဆိုပြီး ဖမ်းလို့ရပါတယ်။ 
 
ဒီလို ကျွန်တော်တို့ လုပ်တဲ့ အခမ်းအနားကိုတောင် အချိန်မရွေး ဖမ်းပိုင်ခွင့် ရှိပါတယ်။ ဒီဥပဒေဟာ ပြည်သူ
aတွအတွက် အများကြီးနစ်နာတယ်။ တိုင်းပြည်မငြိမ်းချမ်းတာဟာအုပ်ချုပ်တဲ့အစိုးရတွေနဲ့ ပြည်သူတွေကြား
ထဲမှာ တရားမျှတတဲ့ ဥပဒေတွေ မပေါ်ထွန်းနိုင်သေးလို့ တိုင်းပြည်မငြိမ်းချမ်းတာ။"

ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် လူအခွင့်အရေးတွေအတွက် အသက်ပေးလှူခဲ့ကြသူတွေကို ရည်စူးပြီးကျင်း
ပတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက် လောကမန်အောင် ကျောင်းမှာလည်း အပြည်ပြည်ဆိုင်
ရာ ငြိမ်းချမ်းရေးနေအထိမ်းအမှတ်နေ့အဖြစ် ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေးဆုတောင်းပွဲ အခမ်းအနား
ကို ဒီကနေ့ နေ့လည်ပိုင်းက သံဃာတော်အပါး(၇၀)ကျော် ပါဝင်ဆုတောင်းခဲ့ကြပြီး အခမ်းအနားအပြီးညနေ
(၃)နာရီလောက်မှာ တောင်ကြီးမြို့တွင်းမှာ ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှေ့ကို အခမ်းအနားတက်
aရာက်လာသူ(၃၀)ကျော်က ချီတက်အလေးပြု ခဲ့ကြတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း ပြည်မြို့မှာလည်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ဆုတောင်းပွဲ ကျင်းပ
မယ့် နေရာကို ပြည်မြို့ သာသနာရေး ဦးစီးဌာနက လာရောက်တားမြစ်တဲ့အတွက် အခြားနေရာ တစ်ခုမှာ
ပြောင်းလဲ ကျင်းပခဲ့ရတယ်လို့ ပွဲကျင်းပရေးတာဝန်ခံတစ်ဦးက RFA ကို ပြောဆိုပါတယ်။
 
RFA (Burmese)

0 comments:

Post a Comment