Pages

Saturday, September 22, 2012

ပြည်သူပိုင် လယ်ကွင်းများအတွင်း KIA မှမိုင်းထောင်

 
မိုးကောင်းမြို့နယ်၊နန့်ဟိုင်ကျေးရွာအနီးတစ်ဝိုက်ရှိလယ်ကွင်းများနှင့်လယ်တဲများတွင်ကအိုင်အေအဖွဲ့မှမိုင်းများ ထောင်ထားကြာင်း
သိရှိရပါတယ်။KIAအဖွဲ့မှနန့်ဟိုင်းကျေးရွာအနီးရှိလယ်ကွင်းများနဲ့လယ်တဲများတွင်မိုင်းထောင်ထားပြီး လယ်ကွင်းများဘက်သို့ မည်
သူမျှမလာရန် အမိန့်ထုတ်ထားကြောင်း သိရပါတယ်။
လယ်တဲများတွင်နထိုင်သည့်ရွာသားများအားမာင်းထုတ်လိုက်ကြောင်းနှင့်၎င်းတို့ထောင်ထားသောမိုင်းများအားလူ၊ ကျွဲ၊ နွားများ
နင်းမိပါက မိုင်းတန်ဖိုးပြန်လည် ပေးလျော်ရ မည်ဖြစ်ကြောင်းကိုလည်း ပြော ဆို ထားပါတယ်။ယခင်ကလည်း ကချင်ပြည်နယ်တွင်
ကအိုင်အေမှထောင်ထားသည့်မိုင်နင်းပြီးဒဏ်ရာရသည်ဖြစ်စေ၊သဆုံးသည်ဖြစ်စေကျန်ခဲ့သောမိသားစုမှ မိုင်းတန်ဖိုးငွေကို ကေ
အိုင်အေ အဖွဲ့သို့ သွားရောက်ပေးဆောင်ရကြောင်း သိရပါတယ်။

“KIAအဖွဲ့ဟာရထားလမ်း၊ကားလမ်းတွေမှာမိုင်းထောင်ဖျက်ဆီးလို့ဝတော့အခုလယ်ကွင်းတွေ၊လယ်တဲတွေဘက်ကို ဦးတည်လာပြန်
ပြီ။ ကျွန်တော်တို့က မိဘ၊ ဘိုးဘွား အစဉ်အဆက် ဒီလယ်မြေတွေကိုပဲ စိုက်စားလာကြတာပါ။ လယ်လုပ်ငန်းဟာ ကျွန်တော်တို့ရဲ့ အသက်သွေးကြောပါ။ 
 
အခုလယ်ထဲမသွားရတော့ဘူး၊ လယ်စိုက်လို့မရတော့ဘူးဆိုတော့ ကျွန်တော်တို့ကို ဘယ်သူ ကထမင်းကျွေးမှာလဲ။ လယ်ဆိုတာက အချိန်နဲ့စိုက်အချိန်နဲ့သိမ်းရတာမို့နာက်ကျရင်ဘာတစ်ခုမှရမှာမဟုတ်တော့ပါဘူး။ခလေးတွေရဲ့ကျာင်းစရိတ်ကို ဘယ်လိုရှာရမလဲ
တာင် မသိတော့ပါဘူး”လို့ နန့်ဟိုင်ရွာမှ လယ်သမားတစ်ဦးက ပြောကြားသွားခဲ့ပါတယ်။  
 
ကချင်နေ့စဉ်သတင်း 

0 comments:

Post a Comment