Pages

Saturday, September 22, 2012

AFF Suzuki ဖလားဘောလုံးပွဲ လက်မှတ်များအား မှတ်ပုံတင်ပြ၍ ၀ယ်ရမည်


မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်  AFF Suzuki ဖလားဘောလုံးပြိုင်ပွဲခြေစစ်ပွဲ လက်မှတ်
အား အတုအပရန်မှ ကာကွယ်ရန် နိုင်ငံသားစီစစ်ဆေးရေးကဒ်ပြ၍ ၀ယ်ယူရမည် ဖြစ်ကြောင်း သိရှိရသည်။

"မှတ်ပုံတင်တစ်ခုကို လက်မှတ်လေးစောင်အထိ ကျွန်တော်တို ဝယ်ယူနိုင်အောင် ပြုလုပ်ထားပါတယ်" မြန်
မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
ဘားကုတ် တပ်ဆင်ထားသော လက်မှတ်များကို ဘောလုံးကွင်းအဝင်ဝတွင် Digital စက်များဖြင့် စစ်ဆေး
သွားမည် ဖြစ်သည်။
 
SUZUKIဖလားခြေစစ်ပွဲလက်မှတ်များကို အထူးတန်း ကျပ်သုံးထောင်နှင့် ရိုးရိုးတန်း ကျပ်တစ်ထောင် သတ်
မှတ်ထားပြီး လက်မှတ် များတွင် ဝယ်ယူသူများ၏ မှတ်ပုံတင်များကို ထည့်သွင်း ဖေါ်ပြထားကာကလေးများ
အနေဖြင့် လက်မှတ်ဝယ်ယူသူနှင့်အတူ တစ်ခုံတည်းထိုင်ရမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
 
အာရှဘောလုံးအဖွဲ့ချုပ်Suzuki ဖလား ခြေစစ်ပွဲ ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည်ဖြစ်ပြီး ရန်ကုန်
သုဝဏ္ဏကွင်းတွင် အောက်တိုဘာလ (၅)ရက်မှ (၁၃)ရက်နေ့အထိ လက်ခံကျင်းပမည်ဖြစ်သည်။
 
ယခုကဲ့သို ဝယ်ယူရခြင်းမှာအာရှယူ (၂၂)ခြေစစ်ပွဲစဉ်များကစားခဲ့စဉ်ကပရိတ်သတ်များကို မထိန်းနိုင်သည့်
အတွက် အာရှဘောလုံးအဖွဲ့ချုပ်က ဒဏ်ငွေအမြောက်အများ ချမှတ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်းကိုလည်း သိ
ရှိရသည်။

မြစ်မခသတင်း
 

0 comments:

Post a Comment