Pages

Saturday, September 22, 2012

အသစ်ထွက်ရှိလာသော iPhone 5 ၏ မြေပုံဆိုင်ရာ Application တွင် အမှားအချို့ရှိနေ

iPhone 5 ၏ မြေပုံဆိုင်ရာ App တွင် အမှားအချို့ရှိနေ

Appleက နောက်ဆုံး ထုတ်လုပ်ရောင်းချသည့် iPhone 5တွင် မြေပုံဆိုင်ရာ Appသစ်၏ အမှားအချို့ကြောင့်
ဝေဖန်ချင်စရာများ ဖြစ်လာရကြောင်း သိရှိရသည်။ အစောပိုင်းက Google၏ မြေပုံစနစ်များကို Appleက အ
သာစီး ယူလာနိုင်မည်ဟု ခန့်မှန်းမှုများ ရှိခဲ့သော်လည်း လက်တွေ့တွင်မူ ဖြစ်နိုင်ခြေ မရှိသေးဘဲ ပိုမိုကောင်း
မွန်အောင် အဆင့်မြှင့်တင်မှုများ လိုအပ်လျှက် ရှိနေသည်။
အထူးသဖြင့်ဝဟင်မှရိုက်ကူးထားသော3Dဓာတ်ပုံစနစ်များသည် လက်တွေ့နှင့်အံချော်ကာ ကွေးကောက်ပုံ
ပျက်မှုများ ဖြစ်နေသလို Google Mapလောက်လည်း နေရာပြ စနစ်တွင် တိကျ သေသပ်မှု မရှိချေ။

Appleသည် ကိုယ်ပိုင် Map Appတစ်ခု ထုတ်လုပ်ရန် စီစဉ်ပြီးကတည်းက Google Mapကို iOS၏ Built-inApp
စာရင်းမှ ဖယ်ထုတ်ခဲ့သည်။
(Albert တံတားအား Apple ၏ 3D Map တွင် မြင်တွေ့ရပုံနှင့် Google Map တွင် မြင်တွေ့ရပုံ ကွားခြားမှု)
လက်ရှိတွင်မူApple၏ မြေပုံစနစ်မှာလမ်းများနှင့်တံတားများ၏တည်နေပုံများမှားယွင်းနေသလို အချို့သော
ဂြိုဟ်တု နေရာပြ စနစ်များတွင် မြင်ကွင်းမရှင်းဘဲ မိုးတိမ်များကာနေသည်ကိုပါ တွေ့နေရသည်။Appleသည်
အဆိုပါချွတ်ယွင်းချက်များကိုလျင်လျင်မြန်မြန် ပြင်ဆင်သွားရန်ကြိုးပမ်းနေကြောင်း သတင်းများလည်း ထွက်
ပ်ါနေသည်။

Appleသည် Google Mapနေရာတွင် အစားထိုးရန်အတွက် ၎င်းတို့၏ Map Appကို ထုတ်ပေးခဲ့သော်လည်း ချက်ချင်းလိုလို ဝေဖန်မှုများနှင့် ရင်ဆိုင်လာရခြင်း ဖြစ်သည်။

(Manchester United Football Club ဟု ရှာဖွေသော်လည်း Apple Map တွင် Sale United ကို မှားယွင်းဖော်ပြ)
Appleသည် iPhone 5နှင့်အတူ iOS 6ကိုပါ မိတ်ဆက် ပြသခဲ့ရာ နောက်ထပ်လည်း အမှားအယွင်းအချို့ ထွက်
ပေါ်လာဖွယ် ရှိနေဆဲဟု လေ့လာသူများက သုံးသပ်ထားသည်။

ယခုAppတွင်မူ နေရာညွှန်စနစ်များလွဲချော်နေသလို အချို့သော တည်နေရာများကို အမည်စာရိုက်ပြီးရှာဖွ
ရာတွင်လည်း အမှားအချို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Media:

0 comments:

Post a Comment