Pages

Tuesday, August 28, 2012

Japan International Co-operation Agency (JICA)အဖွဲ့က ချင်းပြည်နယ်ရဲ့ စိုက်ပျိုးရေး နဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ မြန်မာကျပ်ငွေ သန်းပေါင်း ၉၉၀၀ ခန့် ထုတ်ချေးမည်

ချင်းပြည်နယ်ရဲ့  စိုက်ပျိုးရေး နဲ့ မွေးမြူရေးလုပ်ငန်း တွေမှာ အသုံးပြုဖို့ အတွက် Japan InternationalCo-operation Agency (JICA) လို့ခေါ်တဲ့ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ က မြန်မာကျပ်ငွေ သန်းပေါင်း ၉၉၀၀ ခန့် ထုတ်ချေးမှာဖြစ်ကြောင်း ချင်းပြည်နယ် စိုက်ပျိုးရေး နဲ့ မွေးမြူရေးဝန်ကြီးဦးဗန်
ထောင်းက ပြောပါတယ်။
“ ဂျပန်အစိုးရရဲ့ ODA ကနေပြီးတော့ ထုတ်ချေးမယ့် အစီစဉ်ဖြစ် ပါတယ်၊ ပြည်ထောင်စုအစိုးရကနေ MOU ထိုးပြီးမှ လုပ်ပေးတဲ့ အစီစဉ်ဖြစ်ပါတယ်၊ ပြည်ထောင်စုအစိုးရက တဆင့်ဖြစ်ပါတယ်၊ စုစုပေါင်း သန်းပေါင်း ၉၉၀၀ ဖြစ်ပါတယ် အဓိကကတော့ စိုက်ပျိုးရေး မွေးမြူရေးအတွက်ပါ’’


ဂျပန်နိုင်ငံ အစိုးရက ထောက်ပံ့ထားတဲ့ ဒီ JICA အဖွဲ့က အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းနဲ့ ချင်းပြည်နယ်အ
စိုးရကို ထုတ် ချေးပေးမှာဖြစ်ပြီး ချင်းပြည်နယ်အတွက် စိုက်ပျိုးရေး နဲ့ မွေးမြူရေး ကဏ္ဍမှာ အလွန်အကျိုး
 ဖြစ်စေလိမ့်မယ်လို့လည်း ၀န်ကြီး ဦးဗန်ထောင်းကပြောပါတယ်။

“ ကျနော်တို့ ၀ဥ စိုက်ပျိုးရေးလုပ်ငန်း၊ စပါးစိုက်ပျိုးရေးလုပ်ငန်း၊ နွားနောက်မွေးမြူရေး လုပ်ငန်းတွေမှာအ
များကြီး ဖွံ့ဖြိုးတိုးတက်လာမှာပေါ့၊ အခုက ကျနော်တို့ လုပ်ငန်းလုပ်ချင်ပေမယ့်လည်း ငွေကြေးရင်းနှီးမှုက
ခက်ခဲ နေကြတာကိုး။ ပြည်သူလူထုက ခုလို ချေးငွေတွေ လာရင်တော့ ကျနော်တို့အတွက် များစွာအ
ထောက်အကူပြုမှာပေါ့’’

ဒီချေးငွေတွေကို ဘယ်ချိန်မှာ စတင်ထုတ်ချေးပေးမလဲဆိုတာတော့ အတိအကျ မပြောနိုင်သေးကြောင်း၊
တစ်နှစ် နှစ်နှစ်ခန့်တော့ စောင့်ရဦးမယ်လို့ ယူဆကြောင်း ၀န်ကြီးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်မြို့မှာရှိတဲ့ JICA အေဂျင်စီက တာဝန်ရှိသူတွေဟာ သြဂုတ်လ ၃၀ ရက်နေ့မှာ ချင်းပြည်နယ် မြို့တော်ဟားခါးကို သွားရောက်မှာဖြစ်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးကြမယ်
လို့ သိရပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီစဉ်(UNDP) 2011 ခုနှစ် စစ်တမ်း ကောက်ယူချက်အရ ချင်းပြည်နယ်ဟာ
 မြန်မာနိုင်ငံ ပြည်နယ် နဲ့ တိုင်း ၁၄ ခုထဲမှာ ဖွံ့ဖြိုးမှု အနည်းဆုံး အဆင်းရဲဆုံးပြည်နယ်ဖြစ်ပါတယ်။

ဂျပန်နိုင်ငံအခြေစိုက် JICA အေဂျင်စီဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ အခြေစိုက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်းထိမ်းသိန်းရေး ကဏ္ဍတွေမှာ ကူညီထောက်ပံ့ပေး
နေ တဲ့ အဖွဲ့တခုဖြစ်ပါတယ်။
 
 
RFA (Burmese)

1 comments:

Anonymous said...

I really like your blog.. very nice colors & theme. Did you create this
website yourself or did you hire someone to do it for you?
Plz reply as I'm looking to design my own blog and would like to find out where u got this from. cheers
Also see my page: cheap unlock iphone 4

Post a Comment