Pages

Tuesday, August 28, 2012

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂ လက်ထောက် အတွင်းရေး မှူးချုပ်နှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့မှ အမှုဆောင် ဒါရိုက်တာနှင့် အဖွဲ့အား လက်ခံ တွေ့ဆုံ


(နိုင်ငံတော် သမ္မတ ဦးသိန်းစိန်  ကုလသမဂ္ဂ လက်ထောက် အတွင်း ရေးမှူးချုပ်နှင့်  ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့မှ  အမှုဆောင် ဒါရိုက်တာ Dr. Babatunde Osotimehin  ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား သံတမန် ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံစဉ်)
 
 
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ လက်ထောက် အတွင်းရေး မှူးချုပ်နှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ Dr. Babatunde Osotimehin  ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီ မိနစ် ၅ဝ တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတ နှင့်အတူ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာ့ စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း၊ 
 
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ၊ ကျန်းမာရေး ဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေသက်ခင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင် မြင့်နှင့် ဌာနဆိုင်ရာ အကြီး အကဲများ တက်ရောက် ကြပြီး ဧည့်သည်တော် ကုလသမဂ္ဂ လက်ထောက် အတွင်းရေး မှူးချုပ်နှင့်   
 
ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့မှအမှုဆောင်ဒါရိုက်တာဦးဆောင်သာအဖွဲ့နှင့်အတူ UNFPA မြန်မာနိုင်ငံ
ဌာနေ ကိုယ်စားလှယ် Mr. Mo-hamed Abdel-Ahad တက်ရောက် သည်။
 
တွေ့ဆုံပွဲ၌ ၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင် စာရင်း ကောက်ယူရေး တွင် မြန်မာနိုင်ငံနှင့် UNFPA တို့ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ သားဆက်ခြားနှင့် အမျိုးသမီးထု ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များ၊ မျိုးဆက်ပွားနှင့် သားဆက်ခြား ပညာပေး လုပ်ငန်းများ အောင်မြင်ရေး အတွက် မြန်မာ နိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ ချုပ်နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့က INGO/NGO တို့နှင့်ပူးပေါင်း၍ ပြည်သူ လူထုအတွင်း လက်တွေ့ကျကျ ဆောင်ရွက်နေမှုများ၊
 
 မျိုးဆက်ပွား သားဆက်ခြား လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကျွမ်းကျင် ဆရာဝန်နှင့် သူနာပြုများအား လေ့ကျင့် ပေးရေး ဆိုင် ရာ ကိစ္စရပ် များ၊ မြန်မာနိုင်ငံ တွင် လက်ရှိ ဆောင်ရွက် Youth Policy  ESifh Comprehensive Health  လုပ်ငန်း စဉ်များ အတွက်  ပူးပေါင်း ဆောင်ရွက် နေမှုများ၊
 
 ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက်များ အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက် နေမှုများနှင့်  စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ 
 
 
နေပြည်တော်

0 comments:

Post a Comment