မြန်မာနိုင်ငံရဲ့
ပထမဆုံး စားသုံးသူများကာကွယ်ရေးအသင်းကို ရန်ကုန်မြို့၊ရွှေဂုံတိုင်က
တော်ဝင်နှင်းဆီ ခန်းမမှာ မနေ့က ဖွဲ့စည်းခဲ့ပါတယ်။မြန်မာနိုင်ငံက ပြည်သူတွေ အစားအသောက်နဲ့ လူသုံးကုန် ပစ္စည်းတွေမှာ ဓာတုအဆိပ်သင့်ခြင်း အန္တာရယ်
ကင်းဝေးစေရန်နဲ့နိုင်ငံသားများ ကျန်းမာစွာ သက်တမ်း စေ့နေနိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းခဲ့တာ ဖြစ်ပါ
တယ်။
လက်တလောအနေနဲ့ ရန်ကုန်မြို့တွင်းမှာရှိတဲ့ အခြေခံပညာ ကျောင်းတွေ မှာ ရောင်းချနေတဲ့ စားသောက်
လက်တလောအနေနဲ့ ရန်ကုန်မြို့တွင်းမှာရှိတဲ့ အခြေခံပညာ ကျောင်းတွေ မှာ ရောင်းချနေတဲ့ စားသောက်
ကုန်တွေကို စစ်ဆေးခြင်း၊
ရောင်းချသူတွေကို ပညာပေးခြင်း လုပ်ငန်းစတဲ့ လုပ်ငန်းတွေကို
ကျန်းမာရေး
ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန စတဲ့
ဝန်ကြီးဌာနတွေနဲ့ ပူပေါင်းလုပ်ဆောင်
သွားဖို့ရှိတဲ့အပြင် မကြာခင် ကာလမှာ
တရားဝင် မှတ်ပုံတင်ရရှိဖို့ ကြိုးစားနေပါတယ်။
မနေ့ကကျင်းပခဲ့တဲ့ စားသုံးသူများကာကွယ်ရေးအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို NLD ပါတီဝင်တွေ၊
မနေ့ကကျင်းပခဲ့တဲ့ စားသုံးသူများကာကွယ်ရေးအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို NLD ပါတီဝင်တွေ၊
အနုပညာရှင်တွေဖြစ်တဲ့ ဆောင်းဦးလှိုင်၊ သျှီ၊
စာရေးဆရာနွယ်ဂျာသိုင်း၊ ကျောင်းသားခေါင်းဆောင်က ကို
စည်သူမောင်၊
လူမှုရေးအသင်းအဖွဲ့တွေက ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
လက်ရှိအချိန်အထိ အသင်းဝင် ၂၀၀ ကျော် ရှိနေပြီး၊ နောင်လာမယ့်အစည်းအဝေးမှာ ဗဟိုအလုပ်မှု ဆောင်
ကော်မတီ ကိုရွေးချယ်ဖွဲ့စည်းဖို့ရှိတယ်လို့လည်း သိရပါတယ်။
RFA (Burmese)
0 comments:
Post a Comment