Pages

Tuesday, August 28, 2012

အာဆီယံလမ်းမကြီးဖြတ်သန်းမည့် နောင်ချိုအိမ်ခြံမြေဈေး ကျပ်သိန်းထောင်ချီရောက်ရှိ


ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြိုနယ်ကိုဖြတ်၍ အာဆီယံလမ်းမကြီး ဖောက်လုပ်မည်ဆိုသော သတင်း
များကြောင့်  နောင်ချို အိမ်ခြံမြေဈေးကွက်မှာ ပေ(၆ဝ-၈ဝ)တစ်ကွက်လျှင် ကျပ်သိန်းထောင်ချီ၍ မြင့်တက်
လာခဲ့သည်။

လားရှိုးလမ်းဘေး အချက်ချာကျတဲ့  ဈေးရပ်ကွက်မှာကမ္ဘောဇဘဏ်ခွဲဖွင့်ဖို့  ဝယ်သွားတာ ၆ဝ- ၈ဝ တစ်
ကွက်ကို သိန်း(၁၅ဝဝ)နဲ့ ဝယ်သွားတယ်၊  အရောင်းအဝယ်ကတော့ အာဆီယံလမ်းဖောက်မယ်ဆိုလို့လား မသိဘူး  သိသိသာသာမြင့်တက်လာတယ်ဟု အိမ်၊ခြံ၊မြေ အကျိုးဆောငလုပ်ငန်းလုပ်သူ ကိုစိုင်းညီထွန်းက
ပြောသည်။
 
နောင်ချိုမြို့ရှိ မန္တလေး-လားရှိုးလမ်းမဘေးတွင်  ပေ၆ဝ-၈ဝမြေကွက်ကို သိန်း(၁၅ဝဝ)အထိ  ပေါက်ဈေး ရှိ
နေပြီး၊  ဈေးရပ်ကွက်တွင် ကျပ်သိန်း(၆ဝဝ)မှ (၁ဝဝဝ)ဝန်းကျင်အထိဈေးရှိပြီး၊  အခြားလူသိများသည် တောင်
ရပ်ကွက်တွင်  ကျပ်သိန်း(၆ဝဝ)ဝန်းကျင်၊  ဘူတာရပ်ကွက်တွင် ပေ၈ဝ- ၆ဝ တစ်ကွက်လျှင် ကျပ်သိန်း(၅ဝဝ)
ဝန်းကျင်နှင့်  ကံကြီးလမ်းဘေးတွင်ကျပ်သိန်း(၃ဝဝ)မှ  (၅ဝဝ)အထိရှိပြီး ပါဟတ်ရပ်ကွက်တွင် ကျပ်သိန်း
(၃ဝဝ)အထက် ဈေှးိကြောင်း  အကျိုးဆောငများထံကသိရှိရသည်။
 
မန္တလေးနှင့်မိုင်(၈ဝ)ကျော်သာ ဝေးကွာခြင်း၊ တောင်ပေါ်ဒေသဖြစ်ခြင်း၊ ထင်ရှားသည့် ဂုတ်ထိပ် တံတားနှင့် ဂုတ်တွင်းတံတားများ၇ှိခြင်း၊ ကားလမ်းနှင့်ရထားလမ်း ဆက်သွယ်မလွယ်ကူခြင်းကြောင့် ဝယ်သူစိတ်ကြိုက်
နေရာဖြစ်ပေါ်လျှက်ရှိပြီး အိမ်၊ခြံ၊မြေဈေးကွက်ပိုမိုလှုပ်ရှားလာခဲ့သည်ဟ နယ်ခံကိုမျိုးက ပြောသည်။
 
ယခုနစ်သြဂုတ်လ(၁၂)ရက်နေ့မှ စတင်ကာ အိမ်၊ခြံ။မြေဈေးကွက် အခွန်နှုန်း(၃ဝ)ရာခိုင်နှုန်း ကျော်အထိ တိုးမြင့်ခဲ့သော်လည်း နောင်ချို အိမ်ခြံမြေအရောင်အဝယ်ဈေးကွက်မှာ ဆက်က်မြင့်တက်လျှက်ရှိကြောင်း
ကိုလည်း သိရှိရသည်။
 
အိမ်မြေဈေးကွက်မြင့်တက်လာမှုနှင့်အတူ  ဒေသခံတောင်သူများမှာလည်း  မိမိတို့ပိုင်ဆိုင်သည့် လယ်ယာ
မြေများအား အကွက်ရိုက်ရောင်းချမှုများရှိလာသည်။
 
ပေ၆ဝ-၈ဝမြေကွက်တစ်ကွက်ကို အနည်းဆုံးသိန်း (၅ဝ)ရှိတယ်၊  နောက်ပိုင်းရောင်းလာရတော့ တောင်သူ
တွေတောငမြေကို  အကွက်ရိုက်ပြီးရောင်းလာကြတယ်ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ မနန်းက
ပြောသည်။
 
အာဆီယံလမ်းမကြီးဖောက်လုပ်ရန်အတွက်  နောင်ချိုမြို့နယ်တွငယခုနှစ်လယ်ပိုင်းက  စတင်တိုင်းထွာ ခဲ
့ခြင်းဖြစ်ပြီး  မြို့တွင်းမှဖြတ်သန်းရန်အတွက် တိုင်းထွာတာရာတွငဖျက်ရမည့်  အဆောက်အဦး များပြားလွန်း
သည့်အတွက  မြို့ပြင်မှ ပတ်သွားရန်အတွက် စီစဉ်နေပြီး မဆုံးဖြတ်ကျသေးကြောင်း ကိုလည်း မြို့ခံများထံ
က သိရှိရသည်။


မြစ်မခသတင်းမီဒီယာ

0 comments:

Post a Comment