Pages

Tuesday, August 28, 2012

အလွာအသီးသီးမှ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာသမားများထဲမှ (Black List) သတ်မှတ်ထားခြင်းခံရသူဦးရေ ၂,၀၀၀ ကျော်ကို (Black List) စာရင်းမှပယ်ဖျက်လိုက်

ယခင်ကနိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ကုမ္ပဏီများ၊ နယ်
ပယ်အသီးသီးမှလူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာသမားများအပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် အမည်မည်း
စာရင်း (Black List) သတ်မှတ်ထားခြင်းခံရသူဦးရေ ၂,၀၀၀ ကျော်ကို အမည်မည်းစာရင်းမှပယ်ဖျက်ပေးခဲ့
ကြောင်းသတင်းရရှိပါသည်။

 အမည်မည်းစာရင်းမှ ပယ်ဖျက်ခြင်းခံရသည့် ပြည်ပရောက်မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လာနိုင်
ရေးအတွက် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ယနေ့ထုတ်နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက်အရ
သိရသည်။

ယခင်သတ်မှတ်ထားသည့်အမည်မည်းစာရင်းဝင် စုစုပေါင်း ၆,၁၆၅ ဦးရှိသည့်အနက် ၂,၀၈၂ ဦးကို အမည်

မည်းစာရင်းပယ်ဖျက်ဖြေလျှော့ပေးခဲ့သည်။


7days News Media:

0 comments:

Post a Comment