Pages

Tuesday, August 28, 2012

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခဲ့၍ ထောင်ဒဏ်ကျခံနေရသော ကုလသ မဂ္ဂနှင့် INGO များမှ ၀န်ထမ်းသုံးဦးကို နိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြု

Photo: ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခဲ့၍ ထောင်ဒဏ်ကျခံနေရသော ကုလသမဂ္ဂနှင့် INGO များမှ ၀န်ထမ်းသုံးဦးကို နိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။ ဆူပူမှုများတွင် ပါဝင်ပတ်သက်မှု၊ နိုင်ငံတော်အကြည်ညိုပျက်အောင် ပြောဆိုမှုဖြင့် ထောင်ဒဏ်၂နှစ်ချမှတ်ခံထားရသော WFP ၀န်ထမ်း ဦးခင်ရွှေ(ခေါ်)ဦးကာယက်စ်၊ မောင်တောမြို့နယ်တွင် ဆူပူမှုဖြစ်ပွားရာတွင် ပါဝင်ပတ်သက်ပြီး၊ နိုင်ငံတော်အကြည်ညိုပျက်အောင် ပြောဆိုမှု၊ တရားမ၀င်နိုင်ငံခြားငွေကိုင်ဆောင်မှုဖြင့် စုစုပေါင်းထောင်ဒဏ်၃နှစ်ချခံထားရသော UNHCR၀န်ထမ်း ဦးအဏာဝါဆာဒဏ်(ခ)ဦးခင်မောင်နှင့် ဆူပူလှုံ့ဆော်ရာတွင် ပါဝင်ပတ်သက်မှု၊အိမ်တစ်လုံးကို မီးရှို့ရန်လောင်စာထားရှိမှု၊ တရားမ၀င် နိုင်ငံခြားငွေ လက်ဝယ်တွေ့ရှိမှုတို့ဖြင့် စုစုပေါင်း ထောင်ဒဏ်၆နှစ်ချမှတ်ခံထားရသော CSSEP ၀န်ထမ်း မချိုလေးမာ(ခ)ချိုမာတို့ကို မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုး၊ အများပြည်သူနှင့်အတူ တာဝန်ထမ်းဆောင်နိုင်စေရန် သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခဲ့၍ ထောင်ဒဏ်ကျခံနေရသော ကုလသ
မဂ္ဂနှင့် INGO များမှ ၀န်ထမ်းသုံးဦးကို နိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်
ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။


ဆူပူမှုများတွင် ပါဝင်ပတ်သက်မှု၊ နိုင်ငံတော်အကြည်ညိုပျက်အောင် ပြောဆိုမှုဖြင့် ထောင်ဒဏ်၂နှစ်ချမှတ်
ခံထားရသော WFP ၀န်ထမ်း ဦးခင်ရွှေ(ခေါ်)ဦးကာယက်စ်၊ 
 
မောင်တောမြို့နယ်တွင် ဆူပူမှုဖြစ်ပွားရာတွင် ပါဝင်ပတ်သက်ပြီး၊ နိုင်ငံတော်အကြည်ညိုပျက်အောင် ပြော
ဆိုမှု၊ တရားမ၀င်နိုင်ငံခြားငွေကိုင်ဆောင်မှုဖြင့် စုစုပေါင်းထောင်ဒဏ်၃နှစ်ချခံထားရသော UNHCR၀န်ထမ်း ဦးအဏာဝါဆာဒဏ်(ခ)ဦးခင်မောင်၊
 
ဆူပူလှုံ့ဆော်ရာတွင် ပါဝင်ပတ်သက်မှု၊အိမ်တစ်လုံးကို မီးရှို့ရန်လောင်စာထားရှိမှု၊ တရားမ၀င် နိုင်ငံခြားငွေ လက်ဝယ်တွေ့ရှိမှုတို့ဖြင့် စုစုပေါင်း ထောင်ဒဏ်၆နှစ်ချမှတ်ခံထားရသော CSSEP ၀န်ထမ်း မချိုလေးမာ(ခ)
ချိုမာ
 
တို့ကို မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုး၊ အများပြည်သူနှင့်အတူ တာဝန်ထမ်းဆောင်နိုင်စေရန် သမ္မတ
က ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ခြင်းဖြစ်သည်။
 
 
7days News Media:

0 comments:

Post a Comment