Pages

Tuesday, August 28, 2012

EXAM PARTY များတွင် SEXY DANCE ထည့်သွင်းလာ၍ မိဘများ စိုးရိမ်ပူပန်မှုမြင့်တက်


ကျောင်းသားလူငယ်များအနေဖြင့် စာမေးပွဲဖြေခါနီး စိတ်အပန်းဖြေရန် ရည်ရွယ်ချက်ဖြင့် တက်ရောက်လေ့
ရှိသော EXAM PARTY များတွင် စီးပွားရေးလုပ်ငန်းရှင်များက SEXY DANCE COMPETITION များပါ
ထည့်သွင်းလာသည့်အတွက် မိဘများအနေဖြင့် စိုးရိမ်ပူပန်ျှကရှိ ကြောင်း သိရှိရသည်။

အဆိုပါ ကြော်ငြာများအား  စီးပွားရေးလုပ်ငန်းရှင်များက  လူသုံးများသော FACEBOOK  TWITTER ကဲ့
သို့သော လူမှုရေး ကွန်ယက်များတွင် ထည့်သွင်းလာသလို RELAX ပြုလုပ်နိုင်ရန် နေ့လည် ၂ နာရီမှ ည ၉ နာရီအထိဟု ဆိုကာ ENTERTAINMENT တစ်ခုက လက်ကမ်း စာစောင် ဖြန့်ဝေနေခြင်းဖြစ်ပြီး အချို
့ကြော်ငြာများတွင်GSM ကဒ်ပါ ကံစမ်းမဲ ဖောက်ပေးဦးမည်ဟု ပါရှိသည်။
" အဲဒီလိုမျိုးဆိုင်တွေ  ခေတ်သဘောအရ  ပေါ်ပေါက်လာတာကို  နားလည်ပါတယ်။ သူတို့က စီးပွားရှာ
တာတော့ရှာပေါ့နော်။ ဒါပေမဲ့ကျောင်းသားတွေကို  အခုလိုမျိုးဖျက်ဆီးတာမျိုးတော့  မလုပ်သင့်ဘူးလို ထင်
တယ်။ သူတို့လည်း ကျောင်းသားဘဝကနေ ကြီးလာကြတာပဲလေ။ သူတို နားလည်ရမှာပေါ့။ သားသမီး
ချင်းလည်း စာနာသင့်တယ်ဟု ဒဂုံ တက္ကသိုလ်မှ ပါမောက္ခတစ်ဦးက  ပြောသည်။
ယမန်နှစ်က EXAM PARTY  မှအပြန် ကျောင်းသားများ ရန်ဖြစ်ကြရာ သုံးဦးဒဏ်ရာရကာ နှစ်ဦးမှာ ပြင်း
ထန်ကြောင်းသိရသလို လက်ရှိ ရန်ကုန်မြို့တွင် EXAM PARTY (၅)ခုဝန်းကျင် ရှိကြောင်း  လူငယ်အသိုင်း
အဝိုင်းက သိရှိရသည်။
နှစ်တိုင်းလိုလိုပင် အမည်မဖော်လိုသော ကလပ်များသည် ကျောင်းသားများ စာမေးပွဲဖြေဆိုရန် နီးကပ်လာ
သည်နှင့်အမျှ နှစ်ယောက်ဝင်လျှင် တစ်ယောက်ဝင်ကြေးအခမဲ့ ရသောဆိုင်များ၊ ဘီယာလေးခွက်သောက်
လျှင် တစ်ခွက်အလကားပေးသော ဆိုင်အမျိုးမျိုးရှိနေကြောင်း တွေ့ရ သော်လည်း ယခုနှစ်ကဲ့သို့ ပေါ်ပေါ်
ထင်ထင် ကြော်ငြာမှုမျိုး မဟုတ်ပေ။
' အန်တီတိုတုန်းကဆိုရင်  စာမေးပွဲနီးလာရင်  စိတ်တည်ငြိမ်အောင်ဆိုပြီး တရားစခန်းဝင်ကြတယ်။ စာမေး
ပွဲနီးလေလေ အပျော်အပါးကို လျှော့လေပဲ။ အခုခေတ်ကလေးတွေက အဲလိုလုပ်ရတာကို ရှက်ဖိုကောင်း
တယ် ထင်နေကြတယ်။ မဟုတ်တာလုပ်တာကြတော့ ရှက်ရကောင်း မှန်းမသိဘူး။ တစ်ချို့ဆိုရင်တစ်
ယောက် နဲ့ တစ်ယောက် ဘီယာ ဘယ်လောက် သောက်နိုင်တာတို၊ ရည်းစား ဘယ်နှစ်ယောက်ထားတာ
တို၊ မဟုတ်တာကိုပဲ ပြိုင်ဆိုင်နေကြတယ်။ 

အခု ဒီကိစ္စဆိုရင် ဗုဒ္ဓ ဘာသာအရကြည့်ရင်လည်း မသင့်လျော်ဘူး။ အန်တီတောင် အန်တီ့သမီးကို သေ
သေချာချာ ဂရုစိုက်ရမယ်' ဟု PARTY များတွင် SEXY DANCE ထည့်သွင်းလာသည့် ကိစ္စနှင့်ပတ်သက်၍
ကျောင်းသားမိဘတစ်ဦးက ပြောကြားခဲ့သည်။
SEXY DANCE  ဆိုလျှင်လည်း မည်သို့ကသည်မှာ လူတိုင်းသိပါသည်။  ထိုအကအား ပြိုင်ပွဲလုပ် ဦးမည်
ဆိုသည့်အခြေအနေမှာ ကမ္ဘာပေါ်တွင် အရှက်အကြောက်ကြီးမားသည့်   မြန်မာမိန်းကလေး များအတွက်
ဖြစ်သင့်သည့် အခြေအနေမဟုတ်ကြောင်းကိုလည်း မိဘအသိုင်းအဝိုင်းက သုံးသပ် ထားသည်။
ထိုကဲ့သိုPARTY များတွင် စားသောက်ကြသည့်အခါ လူငယ်များဖြစ်သည့်အလျောက် ထိန်းထိန်းသိမ်းသိမ်း
သောက်ကြမည် မဟုတ်သည့်အတွက် ဖြစ်လာနိုင်မည့် နောက်ဆက်တွဲ ဆိုးကျိုးများမှာ မိဘများအတွက်ရင်
လေးဖွယ်ပင်ဖြစ်သည်။
' ညီမကတော့ အဲဒီလိုမျိုးတွေကို စိတ်လည်း မဝင်စားပါဘူး၊ ဒါပေမဲ့ တစ်ချိုဆိုရင် သွားမယ်တကဲကဲနဲ့ အခု
ကတည်းက ဟန်ပြင်နေကြတာ၊ အိမ်ကအဆင်ပြေတဲ့လူတွေအတွက် တစ်သောင်း၊ နှစ်သောင်းက ပြဿနာ မဟုတ်ပေမဲ့ ညီမတို့ကျတော့ တစ်ထောင်၊နှစ်ထောင်တောင် တန်ဖိုးထားရတယ် ' ဟု နည်းပညာတက္က
သိုလ်၊ တတိယနှစ်တွင် တက်ရောက်နေသော မအေးချမ်းမွန်က  လူငယ်များအတွက်ပြောကြားပေးခဲ့သည်။


မြစ်မခသတင်းမီဒီယာ

0 comments:

Post a Comment